ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Samsung Galaxy A52 5G ရဲ့ တရားဝင်ရုပ်ပုံ ပေါက်ကြားထွက်ပေါ်လာခဲ့ပါတယ်။ ဒီတုန်းကတော့ Galaxy A52 5G ရဲ့ ဒီဇိုင်းပုံစံကို ရိုးရိုးပဲမြင်ခဲ့ရပါတယ်။ အခုပေါက်ကြားထွက်ပေါ်လာတာတော့ ၃၆၀ ဒီဂရီ လှည့်ပတ်ကြည့်ရှုနိုင်ပါတယ်။

Galaxy A52 5G ရဲ့ ၃၆၀ ဒီဂရီ Render ကို မျှဝေလာတာက Evan Blass ဖြစ်တာကြောင့် ရာနှုန်းပြည့်နီးပါး ယုံကြည်စိတ်ချရတယ်လို့ ဆိုနိုင်ပါတယ်။ Samsung ဟာ Galaxy A52 5G ကို Awesome Black, Awesome White, Awesome Violet နဲ့ Awesome Blue ဆိုပြီး အရောင်လေးမျိုးနဲ့ ဈေးကွက်ထဲကိုရောက်ရှိမယ်လို့လည်း Evan Blass က အခိုင်အမာဆိုပါတယ်။

လွန်ခဲ့တဲ့ ဒီဇင်ဘာလက Prism-like finish ဒီဇိုင်းအဖြစ် စတင်ပေါက်ကြားပြသခဲ့သလို၊ ကြားကာလမှာ ဒီဇိုင်းပုံစံအချို့လည်း ထွက်ပေါ်ခဲ့ပေမယ့်၊ အခုနောက်ဆုံးထွက်လာတဲ့ ၃၆၀ ဒီဂရီနဲ့ ဒီဇိုင်းက ဈေးကွက်ထဲရောက်ရှိလာမှာနဲ့ အနီးစပ်ဆုံးတူညီတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ Samsung က Galaxy A52 5G အကြောင်း တရားဝင်ပြောဆိုခြင်းမရှိသေးပေမယ့် အချက်အလက်အချို့ကိုတော့ Agency တွေကြောင့် သိရှိနေနိုင်ပြီ ဖြစ်ပါတယ်။

Geekbench နဲ့ TENAA စာရင်းအရ ဒီဟန်းဆက်ဟာ Snapdragon 750G SoC ကိုတပ်ဆင်ထားတာဖြစ်ပြီး 6GB/8GB of RAM တွဲဖက်ထားတာဖြစ်ပါတယ်။ Android 11 မောင်းနှင်ထားပြီး 6.5-inch AMOLED မျက်နှာပြင်နဲ့ဖြစ်ပါတယ်။ မျက်နှာပြင်အောက်မှာတော့ Fingerprint Scanner တစ်ခုပါရှိတယ်လို့ သိရပါတယ်။ ဘက်ထရီပမာဏကတော့ 4,5000mAh ဖြစ်ပြီး 15W charging ထောက်ပံ့ပေးထားပါတယ်။

Ref: GSM Arena