Galaxy A53 ရဲ့ သတင်းတွေ ကြားနေရတာ လအနည်းငယ် ရှိနေပြီ ဖြစ်ပြီး ဒီလနှောင်းပိုင်းမှာ ကျင်းပမယ့် Galaxy Awesome Unpacked 2022 Event မှာ အဲဒီ ဖုန်းကို ကြေညာနိုင်ပါတယ်။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီ ဖုန်းရဲ့ ဥရောပ ရောင်းဈေးတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။

Samsung Galaxy A53 Render Leak A

SamMobile က Samsung Galaxy A53 6GB+128GB မော်ဒယ်ကို ဥရောပမှာ ၄၆၉ ယူရို(၉၁၀,၀၀၀ ကျပ် ဝန်းကျင်) နဲ့ ရောင်းချမယ်လို့ ပြောပါတယ်။ အဲဒီ ရောင်းဈေး သတင်းသာ မှန်ကန်မယ်ဆိုရင် Galaxy A52s 5G ထက် ဈေးပိုကြီးမှာ ဖြစ်ပြီး Galaxy A52 5G 6GB+128GB မော်ဒယ်ကို ၄၄၉ ယူရို (၈၇၀,၀၀၀ ကျပ် ဝန်းကျင်)နဲ့ ရောင်းပေးထားတာ ဖြစ်ပါတယ်။

Samsung Galaxy A53 leaks again, some specifications revealed

Galaxy A53 မှာ အရင်မျိုးဆက်ထက် တိုးတက်မှုတွေ ပါလာမှာ ဖြစ်ပြီး ဒီဇိုင်းပိုင်းကိုလည်း ပြင်ဆင်ထားမှာပါ။ လိမ္မော်၊ အနက်၊ အဖြူနဲ့ အပြာရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး Samsung ရဲ့ Exynos 1200 SoC မောင်းနှင်ထားမှာပါ။ 6GB/8GB RAM တွေ ရွေးချယ်နိုင်ပြီး 128GB Storage ထည့်သွင်းထားမှာပါ။

ပေါက်ကြားသတင်းအရ ၆.၅၂ လက်မ 120Hz AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး Punch Hole ကို မျက်နှာပြင်အထက် အလယ်မှာ တပ်ဆင်ထားမှာပါ။ အနောက်ကင်မရာတွေက 64MP Wide, 12MP Ultrawide, 5MP Macro နဲ့ 5MP Depth တွေ ဖြစ်ပါတယ်။ Android 12 မောင်းနှင်ထားမှာ ဖြစ်ပြီး 25W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာမှာပါ။

Ref : gizmochina