Samsung Galaxy A53 ရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ပေါက်ကြားနေတဲ့အတွက် တရားဝင် ကြေညာဖို့ တော်တော်နီးကပ်နေပါပြီ။ ပိုသေချာသွားစေတာက Samsung ရဲ့ ဆားဗီးယား ဝက်ဘ်ဆိုက်မှာ အဲဒီ ဖုန်းကို ရောင်းချပေးနေပြီ ဖြစ်ပြီး ဖုန်း ဒီဇိုင်းက Galaxy A52 Series နဲ့ တော်တော် တူပါတယ်။

ယူရို ၃၅၀ သတ်မှတ်ထားတာက အရင်မျိုးဆက် Galaxy A5x Series တွေနဲ့ တူညီပါတယ်။ ဒါပေမယ့် တရားဝင် မကြေညာရသေးတဲ့အတွက် အဲဒီ ဈေးဟာ လုံးဝ မှန်ကန်မှု မရှိနိုင်သေးပါဘူး။

ဖုန်းရဲ့ တရားဝင် Protective Case ဓါတ်ပုံတွေလည်း အွန်လိုင်းမှာ ပေါက်ကြားလာပြီး အနောက်ကင်မရာ ၄ လုံးနဲ့ LED ၁ လုံးကို အနောက်ဘက်မှာ ထည့်သွင်းထားမှာပါ။ Samsung က အဲဒီဖုန်းအတွက် Case များစွာကို ရောင်းချဖို့ ပြင်ဆင်နေပြီး အရင်မျိုးဆက် A50 လိုပဲ ၂၀၂၂ ခုနှစ်မှာ ရောင်းအား အကောင်းဆုံး ဖြစ်လာနိုင်ပါတယ်။ ဖောက်ထွင်းမြင်ရတဲ့ အပျော့စား Case ၂ ခုနဲ့ နက်မှောင်တဲ့ Case ၁ ခုရဲ့ ဓါတ်ပုံတွေ ထွက်လာပါတယ်။ ဆီလီကွန် Case ၃ ခုကိုလည်း လေ့လာနိုင်ပြီး ဖုန်း အရောင်နဲ့ တူညီတဲ့ အနက်၊ အပြာနဲ့ မက်မွန်သီး အရောင်တွေ ဖြစ်ပါတယ်။ ဒီဇိုင်း ထူးခြားတာကို ကြိုက်သူတွေအတွက် ကြိုး တပ်ဆင်ထားတဲ့ ဆီလီကွန် Case တွေ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။

Samsung Galaxy A53 unit goes on sale, official cases leak - GSMArena.com  news

Samsung က အဖြူနဲ့ အပြာရောင် Kickstand Case ၂ ခု၊ အဖြူနဲ့ အနက်ရောင် Flip Case ၂ ခုကို ဖန်တီးထားမှာ ဖြစ်ပါတယ်။

Exclusive] Samsung Galaxy A53 5G Official Case Renders Leaked - Appuals.com

Galaxy A53 မှာ မကြေညာရသေးတဲ့ Exynos 1200 Chipset မောင်းနှင်ထားနိုင်ပြီး ၆.၅ လက်မ FullHD+ AMOLED မျက်နှာပြင်၊ 120Hz Refresh Rate ၊ 5,000mAh ဘက်ထရီနဲ့ 25W Fast Charging တွေ ပါလာနိုင်ပါတယ်။

Ref : gsmarena