Samsung ဟာ Galaxy AI ထည့်သွင်းထားတဲ့ Galaxy S24 , Galaxy S24+ နဲ့ Galaxy S24 Ultra ကို မကြာခင်က ကြေညာခဲ့ပါတယ်။ အဲဒီဖုန်းတွေမှာ Android 14 အခြေပြု One UI 6.1 ထည့်သွင်းထားပြီး Galaxy AI က အဲဒီ OS မှာပဲ အလုပ်လုပ်ပါတယ်။ Samsung ရဲ့ တခြား Device တွေမှာတော့ One UI 6 ပဲ ထည့်သွင်းထားတာပါ။

Can Samsung's Galaxy S24, Powered by Google's AI, Beat an iPhone? - WSJ

သင်ဟာ Samsung ဖုန်းအဟောင်းကိုင်ထားပြီး သင့်ဖုန်းမှာ Galaxy AI ရမလားဆိုတာကို သိချင်ကြမှာပါ။ သတင်းကောင်းက Samsung ရဲ့ Device အဟောင်းများစွာမှာ Galaxy AI ရမယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Samsung Bets on Google AI With Latest Galaxy S24 Phone - Bloomberg

AI လုပ်ဆောင်ချက်တွေကို အစောပိုင်းမှာ ရရှိမယ့် မော်ဒယ်တွေက Galaxy S23, Galaxy S23+, Galaxy S23 Ultra, Galaxy S23 FE, Galaxy Z Fold5, Galaxy Z Flip5 နဲ့ Galaxy Tab S9 series တို့ ဖြစ်ကြပါတယ်။ ဒီနှစ် ပထမနှစ်ဝက်မှာ Galaxy AI ကို အဲဒီ Device တွေမှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

အဲဒီ Device တွေမှာ ဇွန်လအကုန်မှာ One UI 6.1 ကို အဆင့်မြှင့်ပေးမယ်လို့ ထင်ရပြီး S24 Series မှာ ပထမဆုံး ပါလာတဲ့ AI လုပ်ဆောင်ချက်များစွာ ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ AI လုပ်ဆောင်ချက်များစွာ ပါလာမှာ ဖြစ်ပေမယ့် အားလုံးကိုတော့ မရနိုင်ပါဘူး။ ဘယ် လုပ်ဆောင်ချက်တွေ ပါလာမလဲ ၊ ဘယ် လုပ်ဆောင်ချက်တွေ မပါလာဘူးလဲဆိုတာတော့ လက်ရှိမှာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Ref : gsmarena