Zawgyi

ၿပီးခဲ့တဲ့လတုန္းက Samsung ရဲ႕ ဒုတိယေျမာက္ Foldable ဟန္းဆက္လုိ႔ ေမွ်ာ္လင့္ခဲ့ၾကတဲ့ Galaxy W20 5G ကုိ တရုတ္ႏုိင္ငံမွာ မိတ္ဆက္ခဲ့ေပမယ့္ သတင္းထြက္ထားသလို Clamshell ပုံစံဒီဇိုင္းအစား ပုိသစ္လြင္တဲ့ Snapdragon 855+ ခ်စ္ပ္ဆက္အသုံးျပဳလာတဲ့ Galaxy Fold ရဲ႕ 5G ဗားရွင္းသာျဖစ္ေနခဲ့ပါတယ္။

ဒါေပမယ့္ ယေန႔မွာ Galaxy Fold အတြက္ တုိက္ရုိက္ဆက္ခံသူအစစ္ကို ကိုရီးယားႏုိင္ငံမွ မီဒီယာတစ္ခုဆီကေန စတင္ျမင္ေတြ႕လာခဲ့ရပါၿပီ။ Galaxy Fold 2 ဟန္းဆက္ဟာ ပထမမ်ဳိးဆက္လုိပဲ ဘကၳရီႏွစ္ခုပါဝင္မွာျဖစ္ၿပီး ဒီတစ္ခါေတာ့ ပမာဏကြဲျပားေနမွာပါ။

ပိုေသးတဲ့ဘကၳရီဟာ 900mAh ပမာဏလို႔ ယူဆရၿပီး ေမာ္ဒယ္နံပါတ္ EB-BF701ABY ျဖစ္ကာ ေနာက္တစ္ခုက EB-BF700ABY လို႔ အမည္တပ္ထားပါတယ္။ EB-BF700ABY ေမာ္ဒယ္မွာေတာ့ ဘက္ထရီပမာဏ ဘယ္ေလာက္ပါတယ္ဆိုတာ အတိအက် မသိရပါေသးဘူး။ Galaxy Fold မွာ ဘကၳရီ Cell ႏွစ္ခုပါခဲ့ၿပီး တစ္ခုက 2,135 mAh နဲ႔ ဒုတိယ တစ္ခုက 2,245 mAh တုိ႔ပါ။

Galaxy Fold မ်ဳိးဆက္သစ္ကို လွ်ဳိ႕ဝွက္အမည္ “Bloom” လို႔ေပးထားၿပီး ေမာ္ဒယ္နံပါတ္ SM-F700F ျဖစ္တယ္လို႔ မၾကာေသးခင္က ထြက္ခဲ့တဲ့ Leak ေတြေၾကာင့္ သိရွိထားရပါတယ္။ လက္ရွိမွာ Spec သို႔မဟုတ္ ဒီဇုိင္းတုိ႔နဲ႔ ပတ္သက္ၿပီး ဘာမွမၾကားရေသးပါဘူး။

Ref – GSM Arena

Unicode

ပြီးခဲ့တဲ့လတုန်းက Samsung ရဲ့ ဒုတိယမြောက် Foldable ဟန်းဆက်လို့ မျှော်လင့်ခဲ့ကြတဲ့ Galaxy W20 5G ကို တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့ပေမယ့် သတင်းထွက်ထားသလို Clamshell ပုံစံဒီဇိုင်းအစား ပိုသစ်လွင်တဲ့ Snapdragon 855+ ချစ်ပ်ဆက်အသုံးပြုလာတဲ့ Galaxy Fold ရဲ့ 5G ဗားရှင်းသာဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် ယနေ့မှာ Galaxy Fold အတွက် တိုက်ရိုက်ဆက်ခံသူအစစ်ကို ကိုရီးယားနိုင်ငံမှ မီဒီယာတစ်ခုဆီကနေ စတင်မြင်တွေ့လာခဲ့ရပါပြီ။ Galaxy Fold 2 ဟန်းဆက်ဟာ ပထမမျိုးဆက်လိုပဲ ဘက္ထရီနှစ်ခုပါဝင်မှာဖြစ်ပြီး ဒီတစ်ခါတော့ ပမာဏကွဲပြားနေမှာပါ။

ပိုသေးတဲ့ဘက္ထရီဟာ 900mAh ပမာဏလို့ ယူဆရပြီး မော်ဒယ်နံပါတ် EB-BF701ABY ဖြစ်ကာ နောက်တစ်ခုက EB-BF700ABY လို့ အမည်တပ်ထားပါတယ်။ EB-BF700ABY မော်ဒယ်မှာတော့ ဘက်ထရီပမာဏ ဘယ်လောက်ပါတယ်ဆိုတာ အတိအကျ မသိရပါသေးဘူး။ Galaxy Fold မှာ ဘက္ထရီ Cell နှစ်ခုပါခဲ့ပြီး တစ်ခုက 2,135 mAh နဲ့ ဒုတိယ တစ်ခုက 2,245 mAh တို့ပါ။

Galaxy Fold မျိုးဆက်သစ်ကို လျှို့ဝှက်အမည် “Bloom” လို့ပေးထားပြီး မော်ဒယ်နံပါတ် SM-F700F ဖြစ်တယ်လို့ မကြာသေးခင်က ထွက်ခဲ့တဲ့ Leak တွေကြောင့် သိရှိထားရပါတယ်။ လက်ရှိမှာ Spec သို့မဟုတ် ဒီဇိုင်းတို့နဲ့ ပတ်သက်ပြီး ဘာမှမကြားရသေးပါဘူး။

Ref – GSM Arena