[Unicode]

The Korea Herald ကနေ ထွက်လာတဲ့ သတင်းအရဆိုရင်တော့ Samsung ရဲ့ အသစ်ထွက်လာမယ့် Galaxy Fold 2 ဟာ လက်ရှိ Galaxy Fold ထက်အများကြီး (ထက်ဝက်နီးပါး) ဈေးသက်သာမယ်လို့ သိရပါတယ်။ ဒီလို ဈေးသက်သာရမယ့် အကြောင်းအရင်းက ဒီဇိုင်းပိုင်းဆိုင်ရာမှာလည်း သိသာတဲ့ပြောင်းလဲမှုအများအပြား ပြုလုပ်ထားတာကြောင့်လို့လည်း ဆိုပါတယ်။

ဒီသတင်းမတိုင်မီ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာလည်း Samsung ဟာ Galaxy Fold 2 ကို Motorola RAZR နဲ့ခပ်ဆင်ဆင် Clamshell ဒီဇိုင်းနဲ့ ထွက်လာမယ်လို့ ဖော်ပြခဲ့ကြဖူးပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းပေါက်ကြားလာခဲ့တဲ့ သတင်းအရ Galaxy Fold 2 ဟာ ဘက်ထရီနှစ်လုံးနဲ့ဖြစ်ပြီး မူလ Galaxy Fold နဲ့ သိပ်ပြီးကွာခြားလွန်းတဲ့ ပုံစံဖြစ်ဖွယ် မရှိဘူးလို့ ယူဆရပါတယ်။

Galaxy Fold 2 ရဲ့ ပုံစံနဲ့ပတ်သက်ပြီး တိကျသေချာတဲ့ အထောက်အထားတွေ မရနိုင်သေးပေမယ့် ဈေးနှုန်းကတော့ သိသိသာသာ လျော့ကျသွားမယ်ဆိုတာက သေချာသလောက်ကို ဖြစ်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ Foldable မျက်နှာပြင်က ပိုသေးသွားပြီး၊ အခြားအစိတ်အပိုင်းတွေမှာလည်း ပိုသက်သာအောင် ပြုလုပ်ထားတာကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့် Galaxy Fold 2 ရဲ့ဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၁ ထောင်ဝန်းကျင်မှာပဲ ရှိလိမ့်မယ်လို့ The Korea Herald က ရေးသားဖော်ပြထားပါတယ်။

အတွင်းသတင်းအရ Galaxy Fold 2 ဟာ တောင်ကိုရီးယားပြည်တွင်းဈေးကွက်မှာ အမေရိကန်ဒေါ်လာ ၈၄၀ ဝန်းကျင် (မြန်မာငွေ ၁၂ သိန်း ၆ သောင်းဝန်းကျင်) နဲ့ ရောင်းချဖွယ်ရှိတယ်လို့ The Korea Herald က ရေးသားဖော်ပြထားပါသေးတယ်။ ဒါပေမယ့် နိုင်ငံတကာဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာ ၁ ထောင်ဝန်းကျင် (မြန်မာငွေ ၁၅ သိန်းဝန်းကျင်) ဖြစ်သွားမှာပါ။ Galaxy Fold 2 ကို လာမယ့် ၂၀၂၀ MWC ဘာစီလိုနာမှာ Galaxy S11 စီးရီးနဲ့အတူ တွေ့မြင်ရဖွယ်ရှိတယ်လို့တော့ သိရပါတယ်။

Ref: GSM Arena

[Zawgyi]

Samsung Galaxy Fold 2 ဟာ ၁၅ သိန္းထက္ ေဈးမႀကီးႏိုင္ဘူးလို႔ သတင္းထြက္ေပၚလာ

The Korea Herald ကေန ထြက္လာတဲ့ သတင္းအရဆိုရင္ေတာ့ Samsung ရဲ႕ အသစ္ထြက္လာမယ့္ Galaxy Fold 2 ဟာ လက္ရွိ Galaxy Fold ထက္အမ်ားႀကီး (ထက္ဝက္နီးပါး) ေဈးသက္သာမယ္လို႔ သိရပါတယ္။ ဒီလို ေဈးသက္သာရမယ့္ အေၾကာင္းအရင္းက ဒီဇိုင္းပိုင္းဆိုင္ရာမွာလည္း သိသာတဲ့ေျပာင္းလဲမႈအမ်ားအျပား ျပဳလုပ္ထားတာေၾကာင့္လို႔လည္း ဆိုပါတယ္။

ဒီသတင္းမတိုင္မီ ထြက္ေပၚခဲ့တဲ့ သတင္းေတြမွာလည္း Samsung ဟာ Galaxy Fold 2 ကို Motorola RAZR နဲ႔ခပ္ဆင္ဆင္ Clamshell ဒီဇိုင္းနဲ႔ ထြက္လာမယ္လို႔ ေဖာ္ျပခဲ့ၾကဖူးပါတယ္။ ဒါေပမယ့္ ဒီရက္ပိုင္းေပါက္ၾကားလာခဲ့တဲ့ သတင္းအရ Galaxy Fold 2 ဟာ ဘက္ထရီႏွစ္လုံးနဲ႔ျဖစ္ၿပီး မူလ Galaxy Fold နဲ႔ သိပ္ၿပီးကြာျခားလြန္းတဲ့ ပုံစံျဖစ္ဖြယ္ မရွိဘူးလို႔ ယူဆရပါတယ္။

Galaxy Fold 2 ရဲ႕ ပုံစံနဲ႔ပတ္သက္ၿပီး တိက်ေသခ်ာတဲ့ အေထာက္အထားေတြ မရႏိုင္ေသးေပမယ့္ ေဈးႏႈန္းကေတာ့ သိသိသာသာ ေလ်ာ့က်သြားမယ္ဆိုတာက ေသခ်ာသေလာက္ကို ျဖစ္ေနပါၿပီ။ ဘာေၾကာင့္လဲဆိုေတာ့ Foldable မ်က္ႏွာျပင္က ပိုေသးသြားၿပီး၊ အျခားအစိတ္အပိုင္းေတြမွာလည္း ပိုသက္သာေအာင္ ျပဳလုပ္ထားတာေၾကာင့္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ Galaxy Fold 2 ရဲ႕ေဈးႏႈန္းဟာ အေမရိကန္ေဒၚလာ ၁ ေထာင္ဝန္းက်င္မွာပဲ ရွိလိမ့္မယ္လို႔ The Korea Herald က ေရးသားေဖာ္ျပထားပါတယ္။

အတြင္းသတင္းအရ Galaxy Fold 2 ဟာ ေတာင္ကိုရီးယားျပည္တြင္းေဈးကြက္မွာ အေမရိကန္ေဒၚလာ ၈၄၀ ဝန္းက်င္ (ျမန္မာေငြ ၁၂ သိန္း ၆ ေသာင္းဝန္းက်င္) နဲ႔ ေရာင္းခ်ဖြယ္ရွိတယ္လို႔ The Korea Herald က ေရးသားေဖာ္ျပထားပါေသးတယ္။ ဒါေပမယ့္ ႏိုင္ငံတကာေဈးကြက္မွာေတာ့ အေမရိကန္ေဒၚလာ ၁ ေထာင္ဝန္းက်င္ (ျမန္မာေငြ ၁၅ သိန္းဝန္းက်င္) ျဖစ္သြားမွာပါ။ Galaxy Fold 2 ကို လာမယ့္ ၂၀၂၀ MWC ဘာစီလိုနာမွာ Galaxy S11 စီးရီးနဲ႔အတူ ေတြ႕ျမင္ရဖြယ္ရွိတယ္လို႔ေတာ့ သိရပါတယ္။

Ref: GSM Arena