[Zawgyi]

Samsung ရဲ႕ ေနာက္မ်ိဳးဆက္ Galaxy Fold ဖုန္းဟာ ေဒါင္လိုက္ ေခါက္ခ်ိဳး ဒီဇိုင္း ျဖစ္မယ္လို႔ သတင္းထြက္ထားပါတယ္။ အခုေတာ့ အရြယ္ေသး Cover Display ပါလာမယ္လို႔ သတင္းထြက္လာၿပီး အဲဒီ Display မွာ Notifications နဲ႔ ဘက္ထရီ ပမာဏတို႔လို သတင္းအခ်က္အလက္ေတြကို ျပသေပးမယ္လို႔ သိရပါတယ္။ Galaxy Note 9 ရဲ႕ One UI 2.0 Beta မွာ Galaxy Fold 2 ရဲ႕ Cover Display မွာ ျပသမယ့္ Charging Animations ေတြကို ေတြ႕ရပါတယ္။

အရြယ္ေသး Cover Display ရဲ႕ Aspect Ratio က ေသးငယ္ၿပီး ေလးေထာင့္ပံုသ႑ာန္ ျဖစ္ႏုိင္ပါတယ္။ Animation ေတြကို စက္၀ိုင္းပံုသ႑ာန္ ျပသေပးႏုိင္ပါတယ္။ အရင္သတင္းေတြအရ Galaxy Fold 2 ဟာ ေဒါင္လိုက္ ေခါက္ခ်ိဳး သံုးရတဲ့ Motorola Razr Foldable ဖုန္းနဲ႔ ဒီဇိုင္း တူမယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း လက္ရွိ Galaxy Fold မွာလို ေခါက္ခ်ိဳး ဒီဇိုင္းလည္း ျဖစ္ႏုိင္ပါတယ္။

ၿပီးခဲ့တဲ့ လအနည္းငယ္က Galaxy Fold 2 မွာ 256GB Internal Storage ပဲပါလာမယ္လို႔ သတင္းထြက္ခဲ့တဲ့အတြက္ လက္ရွိ ေမာ္ဒယ္ရဲ႕ 512GB Storage ထက္ ထက္၀က္နည္းေနပါတယ္။ မ်ိဳးဆက္သစ္ ေမာ္ဒယ္ကို ၀ယ္လိုအားမ်ားေအာင္ ေစ်းႏႈန္းကို သိပ္မႀကီးေအာင္ ျပဳလုပ္ထားမယ္လို႔ သတင္းထြက္ေနပါတယ္။

Samsung CEO DJ Koh က “ လာမယ့္ႏွစ္မွာ Galaxy Fold ေရာင္းအား အရမ္းေကာင္းေအာင္ စီစဥ္ထားပါတယ္။ လာမယ့္ႏွစ္မွာ Foldable Phone အမ်ားအျပား ေတြ႕ရေတာ့မွာပါ။ “ လို႔ ဆိုးလ္မွာ မၾကာခင္က က်င္းပတဲ့ Samsung AI Forum မွာ ေျပာခဲ့ပါတယ္။

Ref : gizmochina

[Unicode]

Samsung Galaxy Fold 2 မှာ အရွယ်သေး Cover Display ပါလာနိုင်

Samsung ရဲ့ နောက်မျိုးဆက် Galaxy Fold ဖုန်းဟာ ဒေါင်လိုက် ခေါက်ချိုး ဒီဇိုင်း ဖြစ်မယ်လို့ သတင်းထွက်ထားပါတယ်။ အခုတော့ အရွယ်သေး Cover Display ပါလာမယ်လို့ သတင်းထွက်လာပြီး အဲဒီ Display မှာ Notifications နဲ့ ဘက်ထရီ ပမာဏတို့လို သတင်းအချက်အလက်တွေကို ပြသပေးမယ်လို့ သိရပါတယ်။ Galaxy Note 9 ရဲ့ One UI 2.0 Beta မှာ Galaxy Fold 2 ရဲ့ Cover Display မှာ ပြသမယ့် Charging Animations တွေကို တွေ့ရပါတယ်။

အရွယ်သေး Cover Display ရဲ့ Aspect Ratio က သေးငယ်ပြီး လေးထောင့်ပုံသဏ္ဍာန် ဖြစ်နိုင်ပါတယ်။ Animation တွေကို စက်ဝိုင်းပုံသဏ္ဍာန် ပြသပေးနိုင်ပါတယ်။ အရင်သတင်းတွေအရ Galaxy Fold 2 ဟာ ဒေါင်လိုက် ခေါက်ချိုး သုံးရတဲ့ Motorola Razr Foldable ဖုန်းနဲ့ ဒီဇိုင်း တူမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လက်ရှိ Galaxy Fold မှာလို ခေါက်ချိုး ဒီဇိုင်းလည်း ဖြစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ လအနည်းငယ်က Galaxy Fold 2 မှာ 256GB Internal Storage ပဲပါလာမယ်လို့ သတင်းထွက်ခဲ့တဲ့အတွက် လက်ရှိ မော်ဒယ်ရဲ့ 512GB Storage ထက် ထက်ဝက်နည်းနေပါတယ်။ မျိုးဆက်သစ် မော်ဒယ်ကို ဝယ်လိုအားများအောင် ဈေးနှုန်းကို သိပ်မကြီးအောင် ပြုလုပ်ထားမယ်လို့ သတင်းထွက်နေပါတယ်။

Samsung CEO DJ Koh က “ လာမယ့်နှစ်မှာ Galaxy Fold ရောင်းအား အရမ်းကောင်းအောင် စီစဉ်ထားပါတယ်။ လာမယ့်နှစ်မှာ Foldable Phone အများအပြား တွေ့ရတော့မှာပါ။ “ လို့ ဆိုးလ်မှာ မကြာခင်က ကျင်းပတဲ့ Samsung AI Forum မှာ ပြောခဲ့ပါတယ်။

Ref : gizmochina