[Zawgyi]

လြန္ခဲ့တဲ့ႏွစ္ရက္ေလာက္က Samsung မိုလ္ဘိုင္းလုပ္ငန္းရဲ႕ ဒါ႐ိုက္တာ DJ Koh က ကုမၸဏီအေနနဲ႔ Galaxy Fold ျဖန႔္ခ်ိဖို႔ ေႏွာင့္ေႏွးသြားတဲ့ကိစၥနဲ႔ပတ္သက္ၿပီး အေတာ္ေလးကို ကေမာက္ကမျဖစ္ခဲ့ရတယ္လို႔ ဝန္ခံစကား ေျပာခဲ့ပါတယ္။ အခုေတာ့ Bloomberg က ကိုရီးယားကုမၸဏီဟာ Galaxy Fold ကို ျပင္ဆင္တည္ေဆာက္ၿပီး ျဖန႔္ခ်ိဖို႔ အသင့္ျဖစ္ေနၿပီလို႔ ေဖာ္ျပလာပါတယ္။

Galaxy Fold ျဖန႔္ခ်ိဖို႔ ေႏွာင့္ေႏွးရတဲ့အေၾကာင္းရင္းဟာ Protective Layer ကိုဖယ္ထုတ္လိုက္တာေၾကာင့္ မ်က္ႏွာျပင္ေခါက္ေၾကာင္းမွာ ပ်က္စီးမႈေတြ ျဖစ္ေပၚခဲ့တာပါ။ ဒီျပႆနာက မီဒီယာေတြ စမ္းသပ္သုံးစြဲဖို႔ ေပးပို႔ခဲ့တာေတြမွာ ျဖစ္ေပၚခဲ့တာေၾကာင့္ ေဈးကြက္ထဲ တရားဝင္မိတ္ဆက္မယ့္အခ်ိန္ကို ေနာက္ဆုတ္ခဲ့ရတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လ တတိယပတ္ကုန္ဆုံးကာနီးမွာ Samsung ဟာ Galaxy Fold ရဲ႕ Protective Layer ျပႆနာကို ေျဖရွင္းႏိုင္ခဲ့ၿပီလို႔ သတင္းထုတ္ျပန္ခဲ့ပါေသးတယ္။ ဒုတိယမ်ိဳးဆက္ Galaxy Fold ေတြမွာေတာ့ Protective Layer ကို မ်က္ႏွာျပင္နဲ႔ ေဘာင္ၾကားမွာ ညႇပ္လိုက္တဲ့အတြက္ အလြယ္တကူဆြဲထုတ္လို႔ရေတာ့မွာ မဟုတ္ပါဘူး။

Samsung ဟာ Galaxy Fold အတြက္ ဘက္ထရီပိုင္းကိုလည္း အာ႐ုံစိုက္ၿပီး ျပင္ဆင္မႈအခ်ိဳ႕ျပဳလုပ္မယ္လို႔ သတင္းထြက္ေပၚလာပါေသးတယ္။ ဒါ့အျပင္ ပတၱာကိုလည္း မ်က္ႏွာျပင္ထိခိုက္မႈမရွိေစဖို႔ ျပင္ဆင္မႈအခ်ိဳ႕ ျပဳလုပ္ခဲ့ရတယ္လို႔လည္း သိရပါတယ္။ ကုမၸဏီဟာ Galaxy Fold ေတြကို ေဈးကြက္ထဲျဖန႔္ခ်ိန္မွာ ေနာက္ထပ္ မွားယြင္းမႈကို ထပ္ၿပီးမႀကဳံေတြ႕ရဖို႔ ျပင္ဆင္ခဲ့တယ္လို႔ ဆိုပါတယ္။

ေကာလာဟလနဲ႔ ခန႔္မွန္းခ်က္ေတြကေတာ့ Galaxy Fold ကို လာမယ့္ ၾသဂုတ္လ ၇ ရက္ေန႔မွာ မိတ္ဆက္ေပး ျဖန႔္ခ်ိမယ္လို႔ ေဖာ္ျပၾကပါတယ္။ ဒါေပမယ့္ အဲဒီရက္ဟာ Galaxy Note 10 Series ျဖန႔္ခ်ိမယ့္ရက္ျဖစ္တာေၾကာင့္ Galaxy Fold ကို အျခားတစ္ရက္မွာပဲ မိတ္ဆက္ျဖန႔္ခ်ိသြားဖြယ္ ရွိတယ္လို႔ ယူဆရပါတယ္။

Ref: GSMArena

[Unicode]

Samsung Galaxy Fold ရဲ့ Protective Layer ပြဿနာကို ပြင်ဆင်ပြီးဖြစ်၍ ဖြန့်ချိရန်အဆင်သင့် ဖြစ်နေကြောင်း Bloomberg ဖော်ပြ

လွန်ခဲ့တဲ့နှစ်ရက်လောက်က Samsung မိုလ်ဘိုင်းလုပ်ငန်းရဲ့ ဒါရိုက်တာ DJ Koh က ကုမ္ပဏီအနေနဲ့ Galaxy Fold ဖြန့်ချိဖို့ နှောင့်နှေးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး အတော်လေးကို ကမောက်ကမဖြစ်ခဲ့ရတယ်လို့ ဝန်ခံစကား ပြောခဲ့ပါတယ်။ အခုတော့ Bloomberg က ကိုရီးယားကုမ္ပဏီဟာ Galaxy Fold ကို ပြင်ဆင်တည်ဆောက်ပြီး ဖြန့်ချိဖို့ အသင့်ဖြစ်နေပြီလို့ ဖော်ပြလာပါတယ်။

Galaxy Fold ဖြန့်ချိဖို့ နှောင့်နှေးရတဲ့အကြောင်းရင်းဟာ Protective Layer ကိုဖယ်ထုတ်လိုက်တာကြောင့် မျက်နှာပြင်ခေါက်ကြောင်းမှာ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ ဒီပြဿနာက မီဒီယာတွေ စမ်းသပ်သုံးစွဲဖို့ ပေးပို့ခဲ့တာတွေမှာ ဖြစ်ပေါ်ခဲ့တာကြောင့် ဈေးကွက်ထဲ တရားဝင်မိတ်ဆက်မယ့်အချိန်ကို နောက်ဆုတ်ခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်ကုန်ဆုံးကာနီးမှာ Samsung ဟာ Galaxy Fold ရဲ့ Protective Layer ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီလို့ သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။ ဒုတိယမျိုးဆက် Galaxy Fold တွေမှာတော့ Protective Layer ကို မျက်နှာပြင်နဲ့ ဘောင်ကြားမှာ ညှပ်လိုက်တဲ့အတွက် အလွယ်တကူဆွဲထုတ်လို့ရတော့မှာ မဟုတ်ပါဘူး။

Samsung ဟာ Galaxy Fold အတွက် ဘက်ထရီပိုင်းကိုလည်း အာရုံစိုက်ပြီး ပြင်ဆင်မှုအချို့ပြုလုပ်မယ်လို့ သတင်းထွက်ပေါ်လာပါသေးတယ်။ ဒါ့အပြင် ပတ္တာကိုလည်း မျက်နှာပြင်ထိခိုက်မှုမရှိစေဖို့ ပြင်ဆင်မှုအချို့ ပြုလုပ်ခဲ့ရတယ်လို့လည်း သိရပါတယ်။ ကုမ္ပဏီဟာ Galaxy Fold တွေကို ဈေးကွက်ထဲဖြန့်ချိန်မှာ နောက်ထပ် မှားယွင်းမှုကို ထပ်ပြီးမကြုံတွေ့ရဖို့ ပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

ကောလာဟလနဲ့ ခန့်မှန်းချက်တွေကတော့ Galaxy Fold ကို လာမယ့် သြဂုတ်လ ၇ ရက်နေ့မှာ မိတ်ဆက်ပေး ဖြန့်ချိမယ်လို့ ဖော်ပြကြပါတယ်။ ဒါပေမယ့် အဲဒီရက်ဟာ Galaxy Note 10 Series ဖြန့်ချိမယ့်ရက်ဖြစ်တာကြောင့် Galaxy Fold ကို အခြားတစ်ရက်မှာပဲ မိတ်ဆက်ဖြန့်ချိသွားဖွယ် ရှိတယ်လို့ ယူဆရပါတယ်။

Ref: GSMArena