[Zawgyi]

Samsung ကေတာ့ သူတို႔ရဲ႕ Galaxy Fold ကို စက္တင္ဘာလထဲမွာ ေသခ်ာေပါက္ ေဈးကြက္ထဲကို ပို႔ေပးေတာ့မယ္လို႔ အတည္ျပဳသြားခဲ့ပါၿပီ။ ဒီလိုအတည္ျပဳလိုက္တဲ့ေနာက္မွာ IFA 2019 trade fair ရဲ႕ အစဦးဆုံးရက္ျဖစ္တဲ့ စက္တင္ဘာလ ၆ ရက္ေန႔မွာ ကိုရီးယားေဈးကြက္ကို ျဖန႔္ဖြယ္ရွိတယ္လို႔ သတင္းထြက္လာခဲ့ပါေသးတယ္။

Twitter ရဲ႕ နာမည္ေက်ာ္ Leakster ျဖစ္တဲ့ Evan Blass ကေတာ့ Samsung Galaxy Fold ကို လာမယ့္ စက္တင္ဘာလ ၂၇ ရက္ေန႔မွာ ျဖန႔္ခ်ိမယ္လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။ Evan Blass ရဲ႕ ေပါက္ၾကားသတင္းေတြက ရာခိုင္ႏႈန္းအေတာ္မ်ားမ်ား မွန္ကန္ေလ့ရွိေပမယ့္လည္း အခုဒီသတင္းနဲ႔ပတ္သက္လို႔ေတာ့ ဘာေၾကာင့္ ၂၇ ရက္ေန႔ျဖန႔္ခ်ိမယ္ဆိုတာကို တိက်ခိုင္လုံတဲ့ အေထာက္အထားကို ေဖာ္ျပခဲ့ျခင္း မရွိပါဘူး။

တ႐ုတ္ျပည္ေဈးကြက္အတြက္လည္း Pre-registrations လုပ္ခြင့္ေပးထားတဲ့အတြက္ Galaxy Fold ရဲ႕ ေဈးကြက္ထဲေရာက္ရွိခ်ိန္ဟာ စက္တင္ဘာလ အေစာပိုင္းမွာပဲ ျဖစ္မယ္ဆိုတဲ့ယူဆခ်က္က ပိုၿပီးခိုင္မာေနၾကတာ ျဖစ္ပါတယ္။ အကယ္၍သာ ကနဦးသတင္းထြက္ထားတဲ့အတိုင္း စက္တင္ဘဘာ ၆ ရက္ေန႔မွာ ေတာင္ကိုရီးယားေဈးကြက္ကိုေရာက္မယ္ဆိုရင္ေတာ့ စက္တင္ဘာ ၂၇ ရက္ဟာ ဥေရာပနဲ႔ အေမရိကန္ေဈးကြက္ထဲေရာက္မယ့္အခ်ိန္လည္း ျဖစ္ႏိုင္ပါတယ္။

မီဒီယာေတြေပၚမွာသာ ဟိုေန႔ထြက္မယ္၊ ဒီေန႔ထြက္မယ္ဆိုၿပီး လႈပ္လႈပ္ရွားရွားျဖစ္ေနေပမယ့္ Samsung ကေတာ့ “ျဖန႔္ခ်ိမယ့္အခ်ိန္ဇယားကို အတည္မျပဳရေသးဘူးလို႔ပဲ” တုံ႔ျပန္ထားတာ ျဖစ္ပါတယ္။ ၿပိဳင္ဘက္ျဖစ္တဲ့ Huawei ရဲ႕ Mate X ကလည္း အဖြင့္အပိတ္ခလုတ္နဲ႔ ပတၱာကို အေျပာင္းအလဲလုပ္ၿပီး အျခားအေသးစားျပဳျပင္မႈေတြ ျပဳလုပ္ေနတာေၾကာင့္ ေဈးကြက္ထဲပို႔မယ့္ရက္ကို ထပ္မံၿပီးေ႐ႊ႕ဆိုင္းထားခဲ့ျပန္ပါတယ္။ ဒါေၾကာင့္ Galaxy Fold ကပဲ ေစာၿပီးထြက္လာမယ္လို႔ ယူဆရပါတယ္။

Ref: GSM Arena

[Unicode]

Samsung Galaxy Fold ကို စက်တင်ဘာ ၂၇ ရက်နေ့မှာ ဖြန့်ချိမယ်လို့ သတင်းထွက်ပေါ်လာပြန်

Samsung ကတော့ သူတို့ရဲ့ Galaxy Fold ကို စက်တင်ဘာလထဲမှာ သေချာပေါက် ဈေးကွက်ထဲကို ပို့ပေးတော့မယ်လို့ အတည်ပြုသွားခဲ့ပါပြီ။ ဒီလိုအတည်ပြုလိုက်တဲ့နောက်မှာ IFA 2019 trade fair ရဲ့ အစဦးဆုံးရက်ဖြစ်တဲ့ စက်တင်ဘာလ ၆ ရက်နေ့မှာ ကိုရီးယားဈေးကွက်ကို ဖြန့်ဖွယ်ရှိတယ်လို့ သတင်းထွက်လာခဲ့ပါသေးတယ်။

Twitter ရဲ့ နာမည်ကျော် Leakster ဖြစ်တဲ့ Evan Blass ကတော့ Samsung Galaxy Fold ကို လာမယ့် စက်တင်ဘာလ ၂၇ ရက်နေ့မှာ ဖြန့်ချိမယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ Evan Blass ရဲ့ ပေါက်ကြားသတင်းတွေက ရာခိုင်နှုန်းအတော်များများ မှန်ကန်လေ့ရှိပေမယ့်လည်း အခုဒီသတင်းနဲ့ပတ်သက်လို့တော့ ဘာကြောင့် ၂၇ ရက်နေ့ဖြန့်ချိမယ်ဆိုတာကို တိကျခိုင်လုံတဲ့ အထောက်အထားကို ဖော်ပြခဲ့ခြင်း မရှိပါဘူး။

တရုတ်ပြည်ဈေးကွက်အတွက်လည်း Pre-registrations လုပ်ခွင့်ပေးထားတဲ့အတွက် Galaxy Fold ရဲ့ ဈေးကွက်ထဲရောက်ရှိချိန်ဟာ စက်တင်ဘာလ အစောပိုင်းမှာပဲ ဖြစ်မယ်ဆိုတဲ့ယူဆချက်က ပိုပြီးခိုင်မာနေကြတာ ဖြစ်ပါတယ်။ အကယ်၍သာ ကနဦးသတင်းထွက်ထားတဲ့အတိုင်း စက်တင်ဘဘာ ၆ ရက်နေ့မှာ တောင်ကိုရီးယားဈေးကွက်ကိုရောက်မယ်ဆိုရင်တော့ စက်တင်ဘာ ၂၇ ရက်ဟာ ဥရောပနဲ့ အမေရိကန်ဈေးကွက်ထဲရောက်မယ့်အချိန်လည်း ဖြစ်နိုင်ပါတယ်။

မီဒီယာတွေပေါ်မှာသာ ဟိုနေ့ထွက်မယ်၊ ဒီနေ့ထွက်မယ်ဆိုပြီး လှုပ်လှုပ်ရှားရှားဖြစ်နေပေမယ့် Samsung ကတော့ “ဖြန့်ချိမယ့်အချိန်ဇယားကို အတည်မပြုရသေးဘူးလို့ပဲ” တုံ့ပြန်ထားတာ ဖြစ်ပါတယ်။ ပြိုင်ဘက်ဖြစ်တဲ့ Huawei ရဲ့ Mate X ကလည်း အဖွင့်အပိတ်ခလုတ်နဲ့ ပတ္တာကို အပြောင်းအလဲလုပ်ပြီး အခြားအသေးစားပြုပြင်မှုတွေ ပြုလုပ်နေတာကြောင့် ဈေးကွက်ထဲပို့မယ့်ရက်ကို ထပ်မံပြီးရွှေ့ဆိုင်းထားခဲ့ပြန်ပါတယ်။ ဒါကြောင့် Galaxy Fold ကပဲ စောပြီးထွက်လာမယ်လို့ ယူဆရပါတယ်။

Ref: GSM Arena