[Zawgyi]

ဒီရက္ပိုင္းအတြင္းမွာ Samsung Galaxy Fold အေၾကာင္း၊ Galaxy S10 သုံးမ်ိဳးအေၾကာင္း၊ Galaxy A50 နဲ႔ A30 အေၾကာင္း စတာေတြက မီဒီယာေတြထက္မွာ ေဝဆာတဲ့ သတင္းေတြ ျဖစ္ခဲ့ရပါတယ္။ ဒီစမတ္ဖုန္းေတြအေၾကာင္းက တရားဝင္ ထုတ္ျပန္မႈေတြ ျဖစ္ခဲ့တာေၾကာင့္ အေတာ္ေလးကိုျပည့္စုံၿပီး ထပ္သိခ်င္ေသးတဲ့ စိတ္ဝင္စားစရာအပိုင္းက ေလ်ာ့နည္းသြားပါၿပီ။

အခုထြက္ေပၚလာတာကေတာ့ Galaxy Note 10 အေၾကာင္း ေကာလာဟလသတင္းတစ္ခုပါပဲ။ ဘယ္လိုျဖစ္လာမလဲဆိုတဲ့ မွန္းဆရမႈဟာ ေကာလာဟလသတင္းေတြအတြက္ အဓိကအခ်က္လိုျဖစ္ေနတာကေတာ့ ထုံးစံပါ။ SamMobile က ဒီေကာလာဟလကို အစျပဳခဲ့တာလည္း ျဖစ္ပါတယ္။

SamMobile က Samsung Galaxy Note 10 ဟာ အေနာက္ဘက္ ကင္မရာ ၄ လုံးတပ္ဆင္ထားဖြယ္ရွိတယ္လို႔ ဆိုလိုက္ပါတယ္။ ဒီသတင္း ထြက္ေပၚလာတဲ့ အဓိကရင္းျမစ္ကို မထုတ္ေဖာ္ထားေပမယ့္ ၿပီးခဲ့တဲ့ႏွစ္က ထြက္ထားတဲ့ Galaxy Note 9 ထက္ အေနာက္ကင္မရာ ႏွစ္လုံးပိုလာလိမ့္မယ္လို႔ အခိုင္အမာ ေျပာဆိုေနတာကေတာ့ စိတ္ဝင္စားစရာပါ။

ဒါ့အျပင္ ဒီ Flagship ဟန္းဆက္ဟာ လာမယ့္ ၾသဂုတ္လအတြင္းမွာ ေမာ္ဒယ္နံပါတ္ SM-N975F နဲ႔ ထြက္ေပၚလာမယ္လို႔လည္း ဆိုထားပါေသးတယ္။ အမွန္တကယ္သာ ဒီအတိုင္းျဖစ္ခဲ့မယ္ဆိုရင္ေတာ့ Galaxy Note ေတြထဲမွာ ပထမဆုံး ေက်ာဘက္ကင္မရာ ၄ လုံးဖုန္းလည္း ျဖစ္လာပါလိမ့္မယ္။

ဒါေပမယ့္ Samsung ဟာ Galaxy Note အသစ္ရဲ႕ S Pen ထဲမွာ ကင္မရာထည့္သြင္းေပးမယ္ဆိုတဲ့ သတင္းကလည္း ထြက္ေပၚထားတာေၾကာင့္ ဒီေကာလာဟလ ႏွစ္ခုစလုံးကို ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Galaxy S10 5G ကလည္း ေက်ာဘက္ ကင္မရာ ၄ လုံးနဲ႔ပဲ ျဖစ္တာေၾကာင့္ Note 10 မွာ ေက်ာဘက္ကင္မရာ ၄ လုံးပါဝင္လာမယ္ဆိုတာက ပိုၿပီးျဖစ္ႏိုင္တယ္လို႔ ဆိုရမွာပါ။

ဒီေကာလာဟလမွာ စိတ္ဝင္စားဖို႔ေကာင္းတဲ့ ေနာက္တစ္ခ်က္က Samsung အေနနဲ႔ ေက်ာဘက္ကင္မရာ ၄ လုံးနဲ႔ 5G Flagship ကို နာမည္အသစ္နဲ႔ ထုတ္လုပ္သြားမယ္ဆိုတာပါပဲ။ Samsung အေနနဲ႔ Note Series ကို အမည္သစ္ေပးသြားဖို႔ တကယ္ပဲစီစဥ္ေနတာလားဆိုတာကလည္း စိတ္ဝင္စားစရာအျဖစ္ ေစာင့္ၾကည့္ရဦးမွာပါ။

Ref: Android Authority

[Unicode]

Samsung Galaxy Note 10 ဟာ ကျောဘက်ကင်မရာ ၄ လုံး၊ 5G နဲ့ နာမည်အသစ်ဖြစ်မယ်လို့ သတင်းထွက်ပေါ်

ဒီရက်ပိုင်းအတွင်းမှာ Samsung Galaxy Fold အကြောင်း၊ Galaxy S10 သုံးမျိုးအကြောင်း၊ Galaxy A50 နဲ့ A30 အကြောင်း စတာတွေက မီဒီယာတွေထက်မှာ ဝေဆာတဲ့ သတင်းတွေ ဖြစ်ခဲ့ရပါတယ်။ ဒီစမတ်ဖုန်းတွေအကြောင်းက တရားဝင် ထုတ်ပြန်မှုတွေ ဖြစ်ခဲ့တာကြောင့် အတော်လေးကိုပြည့်စုံပြီး ထပ်သိချင်သေးတဲ့ စိတ်ဝင်စားစရာအပိုင်းက လျော့နည်းသွားပါပြီ။

အခုထွက်ပေါ်လာတာကတော့ Galaxy Note 10 အကြောင်း ကောလာဟလသတင်းတစ်ခုပါပဲ။ ဘယ်လိုဖြစ်လာမလဲဆိုတဲ့ မှန်းဆရမှုဟာ ကောလာဟလသတင်းတွေအတွက် အဓိကအချက်လိုဖြစ်နေတာကတော့ ထုံးစံပါ။ SamMobile က ဒီကောလာဟလကို အစပြုခဲ့တာလည်း ဖြစ်ပါတယ်။

SamMobile က Samsung Galaxy Note 10 ဟာ အနောက်ဘက် ကင်မရာ ၄ လုံးတပ်ဆင်ထားဖွယ်ရှိတယ်လို့ ဆိုလိုက်ပါတယ်။ ဒီသတင်း ထွက်ပေါ်လာတဲ့ အဓိကရင်းမြစ်ကို မထုတ်ဖော်ထားပေမယ့် ပြီးခဲ့တဲ့နှစ်က ထွက်ထားတဲ့ Galaxy Note 9 ထက် အနောက်ကင်မရာ နှစ်လုံးပိုလာလိမ့်မယ်လို့ အခိုင်အမာ ပြောဆိုနေတာကတော့ စိတ်ဝင်စားစရာပါ။

ဒါ့အပြင် ဒီ Flagship ဟန်းဆက်ဟာ လာမယ့် သြဂုတ်လအတွင်းမှာ မော်ဒယ်နံပါတ် SM-N975F နဲ့ ထွက်ပေါ်လာမယ်လို့လည်း ဆိုထားပါသေးတယ်။ အမှန်တကယ်သာ ဒီအတိုင်းဖြစ်ခဲ့မယ်ဆိုရင်တော့ Galaxy Note တွေထဲမှာ ပထမဆုံး ကျောဘက်ကင်မရာ ၄ လုံးဖုန်းလည်း ဖြစ်လာပါလိမ့်မယ်။

ဒါပေမယ့် Samsung ဟာ Galaxy Note အသစ်ရဲ့ S Pen ထဲမှာ ကင်မရာထည့်သွင်းပေးမယ်ဆိုတဲ့ သတင်းကလည်း ထွက်ပေါ်ထားတာကြောင့် ဒီကောလာဟလ နှစ်ခုစလုံးကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Galaxy S10 5G ကလည်း ကျောဘက် ကင်မရာ ၄ လုံးနဲ့ပဲ ဖြစ်တာကြောင့် Note 10 မှာ ကျောဘက်ကင်မရာ ၄ လုံးပါဝင်လာမယ်ဆိုတာက ပိုပြီးဖြစ်နိုင်တယ်လို့ ဆိုရမှာပါ။

ဒီကောလာဟလမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ နောက်တစ်ချက်က Samsung အနေနဲ့ ကျောဘက်ကင်မရာ ၄ လုံးနဲ့ 5G Flagship ကို နာမည်အသစ်နဲ့ ထုတ်လုပ်သွားမယ်ဆိုတာပါပဲ။ Samsung အနေနဲ့ Note Series ကို အမည်သစ်ပေးသွားဖို့ တကယ်ပဲစီစဉ်နေတာလားဆိုတာကလည်း စိတ်ဝင်စားစရာအဖြစ် စောင့်ကြည့်ရဦးမှာပါ။

Ref: Android Authority