[Zawgyi]

Galaxy Note 10 နဲ႔ ပတ္သက္တဲ့ သတင္းေတြကေတာ့ ၿပီးခဲ့တဲ့ ၂၀၁၈ ႏွစ္ဝက္ေလာက္ကတည္းက ဟိုနည္းနည္း၊ ဒီနည္းနည္းနဲ႔ ထြက္ေပၚေနတာပါ။ သတင္းတိုင္းက ခန႔္မွန္းထားၾကတာေတြျဖစ္ၿပီး ဒီထဲကမွ ယုတၱိေဗဒက်က်နဲ႔ အျဖစ္ႏိုင္ဆုံးေတြကို ေ႐ြးခ်ယ္မွတ္သားၾကရတာပါပဲ။

ၿပီးခဲ့တဲ့ ရက္ကေတာ့ Galaxy Note 10 ရဲ႕ 3D Renders ေတြ ထပ္မံထြက္ေပၚလာခဲ့ပါတယ္။ ဒီ Renders ေတြဟာ လက္ရွိထြက္ေပၚေနတဲ့ ေကာလာဟလေတြေပၚမွာအေျခခံၿပီး အနီးစပ္ဆုံး႐ုပ္လုံးေဖာ္ေပးထားတာျဖစ္ပါတယ္။ ထြက္ေပၚလာတဲ့ Renders ေတြကိုၾကည့္ၿပီး အတည္ယူလို႔မရဘူးဆိုေပမယ့္ လက္ရွိထြက္လာသမွ် ေကာလာဟလနဲ႔ ႐ုပ္ပုံေတြၾကားမွာေတာ့ အနီးစပ္ဆုံးနဲ႔ ျဖစ္ႏိုင္ေျခအရွိဆုံးလို႔ ေျပာႏိုင္ပါတယ္။

ေကာလာဟလေတြထဲမွာ စိတ္ဝင္စားမႈအရဆုံးက ကင္မရာပိုင္းလို႔ ဆိုရမွာပါ။ Galaxy Note 10 ရဲ႕ ေက်ာဘက္မွာ ကင္မရာ ၄ လုံးကို အလ်ားလိုက္ တန္းစီၿပီး တပ္ဆင္ေပးထားတာကိုျမင္ေတြ႕ရပါတယ္။ အခ်က္အလက္အားျဖင့္ ေျပာရမယ္ဆိုရင္ေတာ့ 16MP အဓိက ကင္မရာ၊ 12MP Telephoto (for 2X Optical Zoom) ကင္မရာနဲ႔ 16MP Wide-Angle ကင္မရာေတြအျပင္၊ စတုတၳေျမာက္ကင္မရာက 3D Depth ကင္မရာအျဖစ္ ပါဝင္လာဖြယ္ ရွိတာပါ။

အေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ Punch-hole ထဲမွာ ကင္မရာႏွစ္လုံး တပ္ဆင္ေပးထားပါတယ္။ မ်က္ႏွာျပင္က်ယ္ရဲ႕ ေအာက္ဘက္မွာေတာ့ Fingerprint Scanner တပ္ဆင္ေပးထားမွာမို႔ ေက်ာဘက္မွာ Fingerprint Scanner အတြက္ ေနရာမရွိေတာ့ပါဘူး။ ၂၀၁၉ ေနာက္ပိုင္းထြက္ Flagships ျဖစ္တဲ့အေလ်ာက္ 5G ကြန္ရက္နဲ႔ခ်ိတ္ဆက္ႏိုင္မယ္ဆိုတာက ေသခ်ာသေလာက္ျဖစ္ပါတယ္။

မ်က္ႏွာျပင္ဟာ 4K 6.66-inch ျဖစ္လာမယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ ဒီ Renders မွာေတာ့ သိႏိုင္မွာမဟုတ္ပါဘူး။ အလားတူပဲ Exynos 9825 SoC ကို အသုံးျပဳမယ္လို႔ ဆိုၾကေပမယ့္ ဒီသတင္းကိုလည္း ဆက္ၿပီး ေစာင့္ၾကည့္ရဦးမွာပါ။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီ၂၀၁၉ ရဲ႕ ဒုတိယႏွစ္ဝက္မွာ အသစ္ထြက္လာမယ့္ Flagship ဟာ Samsung Galaxy Note 10 အျဖစ္ပဲ ျမင္ေတြ႕ရဖို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: Phonearena

[Unicode]

Samsung Galaxy Note 10 ရဲ့ 3D Renders သစ်အချို့ ထပ်မံထွက်ပေါ်လာ

Galaxy Note 10 နဲ့ ပတ်သက်တဲ့ သတင်းတွေကတော့ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ဝက်လောက်ကတည်းက ဟိုနည်းနည်း၊ ဒီနည်းနည်းနဲ့ ထွက်ပေါ်နေတာပါ။ သတင်းတိုင်းက ခန့်မှန်းထားကြတာတွေဖြစ်ပြီး ဒီထဲကမှ ယုတ္တိဗေဒကျကျနဲ့ အဖြစ်နိုင်ဆုံးတွေကို ရွေးချယ်မှတ်သားကြရတာပါပဲ။

ပြီးခဲ့တဲ့ ရက်ကတော့ Galaxy Note 10 ရဲ့ 3D renders တွေ ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ ဒီ Renders တွေဟာ လက်ရှိထွက်ပေါ်နေတဲ့ ကောလာဟလတွေပေါ်မှာအခြေခံပြီး အနီးစပ်ဆုံးရုပ်လုံးဖော်ပေးထားတာဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ Renders တွေကိုကြည့်ပြီး အတည်ယူလို့မရဘူးဆိုပေမယ့် လက်ရှိထွက်လာသမျှ ကောလာဟလနဲ့ ရုပ်ပုံတွေကြားမှာတော့ အနီးစပ်ဆုံးနဲ့ ဖြစ်နိုင်ခြေအရှိဆုံးလို့ ပြောနိုင်ပါတယ်။

ကောလာဟလတွေထဲမှာ စိတ်ဝင်စားမှုအရဆုံးက ကင်မရာပိုင်းလို့ ဆိုရမှာပါ။ Galaxy Note 10 ရဲ့ ကျောဘက်မှာ ကင်မရာ ၄ လုံးကို အလျားလိုက် တန်းစီပြီး တပ်ဆင်ပေးထားတာကိုမြင်တွေ့ရပါတယ်။ အချက်အလက်အားဖြင့် ပြောရမယ်ဆိုရင်တော့ 16MP အဓိက ကင်မရာ၊ 12MP telephoto (for 2X optical zoom) ကင်မရာနဲ့ 16MP wide-angle ကင်မရာတွေအပြင်၊ စတုတ္ထမြောက်ကင်မရာက 3D Depth ကင်မရာအဖြစ် ပါဝင်လာဖွယ် ရှိတာပါ။

အရှေ့ဘက်မျက်နှာပြင်မှာတော့ Punch-hole ထဲမှာ ကင်မရာနှစ်လုံး တပ်ဆင်ပေးထားပါတယ်။ မျက်နှာပြင်ကျယ်ရဲ့ အောက်ဘက်မှာတော့ Fingerprint Scanner တပ်ဆင်ပေးထားမှာမို့ ကျောဘက်မှာ Fingerprint Scanner အတွက် နေရာမရှိတော့ပါဘူး။ ၂၀၁၉ နောက်ပိုင်းထွက် Flagships ဖြစ်တဲ့အလျောက် 5G ကွန်ရက်နဲ့ချိတ်ဆက်နိုင်မယ်ဆိုတာက သေချာသလောက်ဖြစ်ပါတယ်။

မျက်နှာပြင်ဟာ 4K 6.66-inch ဖြစ်လာမယ်လို့ သတင်းထွက်ခဲ့ပေမယ့် ဒီ Renders မှာတော့ သိနိုင်မှာမဟုတ်ပါဘူး။ အလားတူပဲ Exynos 9825 SoC ကို အသုံးပြုမယ်လို့ ဆိုကြပေမယ့် ဒီသတင်းကိုလည်း ဆက်ပြီး စောင့်ကြည့်ရဦးမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ၂၀၁၉ ရဲ့ ဒုတိယနှစ်ဝက်မှာ အသစ်ထွက်လာမယ့် Flagship ဟာ Samsung Galaxy Note 10 အဖြစ်ပဲ မြင်တွေ့ရဖို့ မျှော်လင့်ရပါတယ်။

Ref: Phonearena