Zawgyi

ရန္ကုန္၊ ျမန္မာ – ၾသဂုတ္လ ၁၇ ရက္၊ ၂၀၁၈ – Samsung Electronics Co., Ltd ၏ အရည္အေသြးျမင့္ Note စီးရီးစမတ္ဖုန္းမ်ားမွ အသစ္ထပ္မံထြက္ရွိလာေသာ Galaxy Note9 အား ျမန္မာႏိုင္ငံတြင္ ယေန႔ စတင္မိတ္ဆက္လုိက္သည္။ Note စီးရီးစမတ္ဖုန္းမ်ားတြင္ Samsung ၏ တမူထူးျခားေသာ ေနာက္ဆံုးေပၚ တီထြင္ဆန္းသစ္မႈမ်ားကို အစဥ္အၿမဲ ထည့္သြင္းဖန္တီးေလ့ရွိေသာေၾကာင့္ သံုးစြဲသူမ်ားအၾကား လူႀကိဳက္မ်ား၍ အသိအမွတ္ျပဳခံရေသာ ဖုန္းစီးရီးျဖစ္သည္။ ယခုထပ္မံထြက္ရွိလာေသာ အရည္အေသြးျမင့္ စမတ္ဖုန္းသစ္ Galaxy Note9 တြင္လည္း အရည္အေသြးျမင့္မားေသာ စြမ္းေဆာင္ရည္၊ Samsung မွ ပထမဆံုးတီထြင္ဖန္တီးလိုက္သည့္ ခိ်တ္ဆက္အသံုးျပဳႏိုင္ေသာ S Pen ႏွင့္ အဆင့္ျမင့္ကင္မရာတို႔အား ထည့္သြင္းဖန္တီးထားသည္။

“ကၽြန္ေတာ္တို႔ Samsung ရဲ႕ Note စမတ္ဖုန္းေတြက စြမ္းေဆာင္ရည္ျမင့္ နည္းပညာ နဲ႔ စမတ္ဖုန္းဆိုင္ရာ တီထြင္ဆန္းသစ္မႈေတြကို အစဥ္အၿမဲ ေဖာ္ထုတ္ျပသခြင့္ရခဲ့တဲ့ ဖုန္းစီးရီးေတြျဖစ္တာေၾကာင့္ သံုးစြဲသူေတြအေနနဲ႔ Galaxy Note9 ကိုလည္း ျခြင္းခ်က္မရွိ သေဘာက်ႏွစ္ၿခိဳက္လိမ့္မယ္လို႔ ယံုၾကည္ပါတယ္။ ဒီေန႔ေခတ္ Note အသံုးျပဳသူေတြရဲ႕ လိုအပ္ခ်က္ေတြနဲ႔ အံဝင္ခြင္က် အသံုးခ်ႏိုင္ေစဖို႔ အဆင့္ျမွင့္တင္ထားတဲ့ စြမ္းေဆာင္ရည္၊ လုပ္ေဆာင္ခ်က္ေတြနဲ႔ Galaxy Note9 ကို ဒီဇိုင္းျပဳလုပ္ဖန္တီးထားပါတယ္။” ဟု Samsung Myanmar ၏ Head of IT & Mobile Group ကိုဇာနည္ဝင္းထက္မွ ေျပာၾကားသည္။ “Note သံုးစြဲသူေတြအေနနဲ႔ သူတို႔ရဲ႕မအားလပ္တဲ့ ေန႔စဥ္ဘဝမွာ အရာအားလံုးကို ပိုင္ဆိုင္ႏိုင္ၿပီး အလုပ္နဲ႔ ေဖ်ာ္ေျဖေရးဆိုင္ရာအေတြ႔အႀကံဳကို အေကာင္းဆံုး ရရွိခံစားႏိုင္ဖို႔အတြက္ Galaxy Note9 တစ္မ်ိဳးတည္းကသာ အျပည့္အဝပံ့ပိုးေပးႏိုင္မွာျဖစ္ပါတယ္။” ဟု ကိုဇာနည္ဝင္းထက္မွ ျဖည့္စြက္ေျပာၾကားခဲ့သည္။

ျမန္မာႏုိင္ငံရွိ Samsung သံုးစြဲသူမ်ားအေနျဖင့္ ၾသဂုတ္လ ၁၀ ရက္ေန႔မွ ၂၂ ရက္ေန႔အထိ ႀကိဳတင္မွာယူမႈမ်ားကို ပစၥည္းလက္က်န္ရွိသည္အထိ မွာယူႏိုင္မည္ျဖစ္သည္။ ႀကိဳတင္မွာယူလိုသူမ်ားအေနျဖင့္ နီးစပ္ရာ Samsung အေရာင္းဆိုင္ႀကီးမ်ား ႏွင့္ ရန္ကုန္ၿမိဳ႕ႏွင့္္မႏၱေလးၿမိဳ႕အပါဝင္ အျမိဳ႕ျမိဳ႕အနယ္နယ္ရွိ လက္လီအေရာင္းဆိုင္ႀကီးမ်ားတြင္ စရန္ေငြ ၅၀၀၀၀ က်ပ္ ေပးသြင္း၍ မွာယူႏိုင္မည္ျဖစ္သည္။ ႀကိဳတင္မွာယူသူမ်ားအေနျဖင့္ ၾသဂုတ္လ ၂၄ ရက္ေန႔မွ ၾသဂုတ္လ ၃၀ ရက္အတြင္း ႀကိဳတင္မွာယူခဲ့သည့္ ဆိုင္တြင္ သြားေရာက္ထုတ္ယူႏိုင္မည္ျဖစ္ကာ အထူးအခြင့္အေရးအေနျဖင့္ Galaxy Note9 (128 GB Version) ဝယ္ယူသူတိုင္းအတြက္ ၇ ေသာင္းက်ပ္တန္ဖိုးရွိ Samsung Original Wireless Charger Stand ကိုလည္းေကာင္း၊ Galaxy Note 9 (512 GB Version) ဝယ္ယူသူတိုင္းအတြက္ က်ပ္ ၁သိန္း၁ေသာင္းခန္႔ တန္ဖိုးရွိ ဖုန္းႏွစ္လံုးအား တစ္ၿပိဳင္နက္အားသြင္းႏိုင္သည့္ Samsung Original Wireless Charger Duo ကိုလည္းေကာင္း ရရွိမည္ျဖစ္သည္။

 

ထုိ႔ျပင္ Samsung Myanmar မွ ႀကိဳတင္မွာယူသူ Samsung ခ်စ္သူမ်ားအား ေက်းဇူးတံု႔ျပန္သည့္ အထူးအစီအစဥ္အေနျဖင့္ Galaxy Note9 ႀကိဳတင္မွာယူအားေပးသူမ်ားအတြက္ လက္ေဆာင္ပစၥည္းအျပင္ ဆုႀကီးမ်ားစြာ ပါဝင္ေသာ အထူးကံစမ္းမဲအစီအစဥ္အား စီစဥ္ေပးထားသည္။ အဆိုပါအစီအစဥ္တြင္ ကံထူးႏိုင္သည့္ ဆုလက္ေဆာင္ပစၥည္းမ်ားမွာ အထူးဆုၾကီးအျဖစ္ Star City သန္လ်င္မွ အိပ္ခန္းႏွစ္ခန္းပါဝင္ေသာ အဆင့္ျမင့္တိုက္ခန္းတစ္ခန္း၊ ပထမဆုအျဖစ္ ၂၀၁၇ ေမာ္ဒယ္ Mitsubishi Mirage ကားသစ္တစ္စီး၊ ဒုတိယဆုအျဖစ္ Samsung 48” TV အလံုး ၃၀ ႏွင့္ တတိယဆုအေနျဖင့္ ေရစိုခံ Clip 2 Speaker အလံုး ၄၀၀ အစရွိသည့္ ဆုမဲေပါင္း ၄၃၂ တို႔ပါဝင္သည္။

Galaxy Note9 စမတ္ဖုန္း စတင္မိတ္ဆက္ျခင္းႏွင့္အတူ Samsung Myanmar သည္ mytel Myanmar ႏွင့္ ပူးေပါင္း၍ Galaxy Note9 ဖုန္းဝယ္ယူသူမ်ားသည္ လစဥ္ ဖုန္းေငြျဖည့္ကဒ္ ၁၀,၀၀၀ က်ပ္ ျဖည့္သြင္းရုံျဖင့္ အင္တာနက္လက္ေဆာင္ 4GB ႏွင့္ mytel အခ်င္းခ်င္း ဖုန္းေခၚဆိုမႈ မိနစ္ ၂၀၀ အား ေျခာက္လဆက္တိုက္ရရွိမည္ျဖစ္သည္။

Samsung Galaxy Note9 ကိုအရစ္က်၀ယ္ယူအားေပးလိုသူမ်ားအတြက္လည္း ျမန္မာႏိုင္ငံသားမ်ားဘဏ္၊ ကေမာၻဇဘဏ္၊ ဧရာ၀တီဘဏ္တုိ႔ႏွင့္ လက္တြဲပူးေပါင္းထားသည္။ ထို႔ေၾကာင့္ အရစ္က်၀ယ္ယူလိုၾကသူမ်ားအေနျဖင့္ အဆိုပါဘဏ္မ်ား၏ အနီးစပ္ဆံုး ဘဏ္ခြဲမ်ားသို႔သြားေရာက္ျပီး ဆက္သြယ္စံုစမ္းေမးျမန္းကာ ေၾကညာထားေသာ သတ္မွတ္ခ်က္မ်ားအတိုင္း ၀ယ္ယူအားေပးႏိုင္မည္ျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ Galaxy Note9 အား ၾသဂုတ္လ ၂၈ ရက္၊ ၂၀၁၈ မွ စတင္ဝယ္ယူရရွိႏိုင္မည္ျဖစ္သည္။ Galaxy Note9 အား အမည္းေရာင္၊ အျပာေရာင္ႏွင့္ ေၾကးနီေရာင္အစရွိသျဖင့္ အေရာင္သံုးေရာင္ႏွင့္အတူ မတူညီသည့္ သိုေလွာင္သိမ္းဆည္းႏိုင္မႈပမာဏ ႏွစ္မ်ိဳးျဖစ္သည့္ 128 GB အား ေစ်းႏွဳန္း ၁,၃၉၉,၀၀၀ က်ပ္ျဖင့္လည္းေကာင္း၊ 512 GB (အေရအတြက္ကန္႔သတ္ထား) အား ေစ်းႏွဳန္း ၁,၇၅၀,၀၀၀ က်ပ္ျဖင့္လည္းေကာင္း ႀကိဳက္ႏွစ္သက္ရာ အရြယ္အစားအား ေရြးခ်ယ္ဝယ္ယူႏိုင္မည္ျဖစ္သည္။

Unicode

Samsung Galaxy Note9 အား မြန်မာနိုင်ငံတွင် တရားဝင်မိတ်ဆက်

ရန်ကုန်၊ မြန်မာ – သြဂုတ်လ ၁၇ ရက်၊ ၂၀၁၈ – Samsung Electronics Co., Ltd ၏ အရည်အသွေးမြင့် Note စီးရီးစမတ်ဖုန်းများမှ အသစ်ထပ်မံထွက်ရှိလာသော Galaxy Note9 အား မြန်မာနိုင်ငံတွင် ယနေ့ စတင်မိတ်ဆက်လိုက်သည်။ Note စီးရီးစမတ်ဖုန်းများတွင် Samsung ၏ တမူထူးခြားသော နောက်ဆုံးပေါ် တီထွင်ဆန်းသစ်မှုများကို အစဉ်အမြဲ ထည့်သွင်းဖန်တီးလေ့ရှိသောကြောင့် သုံးစွဲသူများအကြား လူကြိုက်များ၍ အသိအမှတ်ပြုခံရသော ဖုန်းစီးရီးဖြစ်သည်။ ယခုထပ်မံထွက်ရှိလာသော အရည်အသွေးမြင့် စမတ်ဖုန်းသစ် Galaxy Note9 တွင်လည်း အရည်အသွေးမြင့်မားသော စွမ်းဆောင်ရည်၊ Samsung မှ ပထမဆုံးတီထွင်ဖန်တီးလိုက်သည့် ချိတ်ဆက်အသုံးပြုနိုင်သော S Pen နှင့် အဆင့်မြင့်ကင်မရာတို့အား ထည့်သွင်းဖန်တီးထားသည်။

“ကျွန်တော်တို့ Samsung ရဲ့ Note စမတ်ဖုန်းတွေက စွမ်းဆောင်ရည်မြင့် နည်းပညာ နဲ့ စမတ်ဖုန်းဆိုင်ရာ တီထွင်ဆန်းသစ်မှုတွေကို အစဉ်အမြဲ ဖော်ထုတ်ပြသခွင့်ရခဲ့တဲ့ ဖုန်းစီးရီးတွေဖြစ်တာကြောင့် သုံးစွဲသူတွေအနေနဲ့ Galaxy Note9 ကိုလည်း ခြွင်းချက်မရှိ သဘောကျနှစ်ခြိုက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့ခေတ် Note အသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေနဲ့ အံဝင်ခွင်ကျ အသုံးချနိုင်စေဖို့ အဆင့်မြှင့်တင်ထားတဲ့ စွမ်းဆောင်ရည်၊ လုပ်ဆောင်ချက်တွေနဲ့ Galaxy Note9 ကို ဒီဇိုင်းပြုလုပ်ဖန်တီးထားပါတယ်။” ဟု Samsung Myanmar ၏ Head of IT & Mobile Group ကိုဇာနည်ဝင်းထက်မှ ပြောကြားသည်။ “Note သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့မအားလပ်တဲ့ နေ့စဉ်ဘဝမှာ အရာအားလုံးကို ပိုင်ဆိုင်နိုင်ပြီး အလုပ်နဲ့ ဖျော်ဖြေရေးဆိုင်ရာအတွေ့အကြုံကို အကောင်းဆုံး ရရှိခံစားနိုင်ဖို့အတွက် Galaxy Note9 တစ်မျိုးတည်းကသာ အပြည့်အဝပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။” ဟု ကိုဇာနည်ဝင်းထက်မှ ဖြည့်စွက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ Samsung သုံးစွဲသူများအနေဖြင့် သြဂုတ်လ ၁၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကြိုတင်မှာယူမှုများကို ပစ္စည်းလက်ကျန်ရှိသည်အထိ မှာယူနိုင်မည်ဖြစ်သည်။ ကြိုတင်မှာယူလိုသူများအနေဖြင့် နီးစပ်ရာ Samsung အရောင်းဆိုင်ကြီးများ နှင့် ရန်ကုန်မြို့နှင့်မန္တလေးမြို့အပါဝင် အမြို့မြို့အနယ်နယ်ရှိ လက်လီအရောင်းဆိုင်ကြီးများတွင် စရန်ငွေ ၅၀၀၀၀ ကျပ် ပေးသွင်း၍ မှာယူနိုင်မည်ဖြစ်သည်။ ကြိုတင်မှာယူသူများအနေဖြင့် သြဂုတ်လ ၂၄ ရက်နေ့မှ သြဂုတ်လ ၃၀ ရက်အတွင်း ကြိုတင်မှာယူခဲ့သည့် ဆိုင်တွင် သွားရောက်ထုတ်ယူနိုင်မည်ဖြစ်ကာ အထူးအခွင့်အရေးအနေဖြင့် Galaxy Note9 (128 GB Version) ဝယ်ယူသူတိုင်းအတွက် ၇ သောင်းကျပ်တန်ဖိုးရှိ Samsung Original Wireless Charger Stand ကိုလည်းကောင်း၊ Galaxy Note 9 (512 GB Version) ဝယ်ယူသူတိုင်းအတွက် ကျပ် ၁သိန်း၁သောင်းခန့် တန်ဖိုးရှိ ဖုန်းနှစ်လုံးအား တစ်ပြိုင်နက်အားသွင်းနိုင်သည့် Samsung Original Wireless Charger Duo ကိုလည်းကောင်း ရရှိမည်ဖြစ်သည်။

ထို့ပြင် Samsung Myanmar မှ ကြိုတင်မှာယူသူ Samsung ချစ်သူများအား ကျေးဇူးတုံ့ပြန်သည့် အထူးအစီအစဉ်အနေဖြင့် Galaxy Note9 ကြိုတင်မှာယူအားပေးသူများအတွက် လက်ဆောင်ပစ္စည်းအပြင် ဆုကြီးများစွာ ပါဝင်သော အထူးကံစမ်းမဲအစီအစဉ်အား စီစဉ်ပေးထားသည်။ အဆိုပါအစီအစဉ်တွင် ကံထူးနိုင်သည့် ဆုလက်ဆောင်ပစ္စည်းများမှာ အထူးဆုကြီးအဖြစ် Star City သန်လျင်မှ အိပ်ခန်းနှစ်ခန်းပါဝင်သော အဆင့်မြင့်တိုက်ခန်းတစ်ခန်း၊ ပထမဆုအဖြစ် ၂၀၁၇ မော်ဒယ် Mitsubishi Mirage ကားသစ်တစ်စီး၊ ဒုတိယဆုအဖြစ် Samsung 48” TV အလုံး ၃၀ နှင့် တတိယဆုအနေဖြင့် ရေစိုခံ Clip 2 Speaker အလုံး ၄၀၀ အစရှိသည့် ဆုမဲပေါင်း ၄၃၂ တို့ပါဝင်သည်။

Galaxy Note9 စမတ်ဖုန်း စတင်မိတ်ဆက်ခြင်းနှင့်အတူ Samsung Myanmar သည် mytel Myanmar နှင့် ပူးပေါင်း၍ Galaxy Note9 ဖုန်းဝယ်ယူသူများသည် လစဉ် ဖုန်းငွေဖြည့်ကဒ် ၁၀,၀၀၀ ကျပ် ဖြည့်သွင်းရုံဖြင့် အင်တာနက်လက်ဆောင် 4GB နှင့် mytel အချင်းချင်း ဖုန်းခေါ်ဆိုမှု မိနစ် ၂၀၀ အား ခြောက်လဆက်တိုက်ရရှိမည်ဖြစ်သည်။

Samsung Galaxy Note9 ကိုအရစ်ကျဝယ်ယူအားပေးလိုသူများအတွက်လည်း မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်တို့နှင့် လက်တွဲပူးပေါင်းထားသည်။ ထို့ကြောင့် အရစ်ကျဝယ်ယူလိုကြသူများအနေဖြင့် အဆိုပါဘဏ်များ၏ အနီးစပ်ဆုံး ဘဏ်ခွဲများသို့သွားရောက်ပြီး ဆက်သွယ်စုံစမ်းမေးမြန်းကာ ကြေညာထားသော သတ်မှတ်ချက်များအတိုင်း ဝယ်ယူအားပေးနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် Galaxy Note9 အား သြဂုတ်လ ၂၈ ရက်၊ ၂၀၁၈ မှ စတင်ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ Galaxy Note9 အား အမည်းရောင်၊ အပြာရောင်နှင့် ကြေးနီရောင်အစရှိသဖြင့် အရောင်သုံးရောင်နှင့်အတူ မတူညီသည့် သိုလှောင်သိမ်းဆည်းနိုင်မှုပမာဏ နှစ်မျိုးဖြစ်သည့် 128 GB အား ဈေးနှုန်း ၁,၃၉၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ 512 GB (အရေအတွက်ကန့်သတ်ထား) အား ဈေးနှုန်း ၁,၇၅၀,၀၀၀ ကျပ်ဖြင့်လည်းကောင်း ကြိုက်နှစ်သက်ရာ အရွယ်အစားအား ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။