Zawgyi

ယမန္ႏွစ္က ထြက္ရွိခဲ့တဲ့ Samsung Galaxy Note 9 စမတ္ဖုန္းဟာ 4,000 mAh ဘကၳရီၾကီးအတြက္ 15W Fast Charging ေထာက္ပံ့မႈပါဝင္ခဲ့ပါတယ္။ ဒါေပမယ့္ အခုႏွစ္ ၾသဂုတ္လမွာ ေစ်းကြက္ထဲ ဝင္ေရာက္လာေတာ့မယ့္ Galaxy Note 10 ဟန္းဆက္ကေတာ့ ပိုၿပီးေခတ္ေရွ႕ေျပး ျမန္ဆန္တဲ့ အားသြင္းစနစ္ ပါဝင္လာမယ္လို႔ သတင္းေတြ ထြက္ေနခဲ့ပါတယ္။

အခုလအေစာပုိင္းမွာ Galaxy Note 10 မွာ 25W အားသြင္းစနစ္ မဟုတ္တဲ့ Fast Charging စနစ္တစ္ခု ပါဝင္လာမယ္လို႔ ဆုိထားၿပီး 25W ထက္ ပိုျမန္မယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကပါတယ္။ ဒါေပမယ့္ 25W ထက္ ေႏွးတာလဲ ျဖစ္ႏုိင္ေသးတယ္လို႔ ယူဆခဲ့ရတာပါ။ အခုေတာ့ ဒီ Flagship အသစ္မွာ ေၾကာက္စရာ 45W အားအျမန္သြင္းစနစ္ အသစ္စက္စက္ ပါဝင္လာမယ္လို႔ သတင္းထြက္လာခဲ့ပါၿပီ။

ယုံၾကည္ရတဲ့ သတင္းရင္းျမစ္တစ္ခုျဖစ္တဲ့ Ice Universe ဟာ သူ႕ရဲ႕တြစ္တာအေကာင့္ကေန စြယ္စုံပညာရွင္ႀကီး လီယုိနာဒို ဒါဗင္ခ်ီရဲ႕ ဓါတ္ပုံတစ္ခုကို တင္ထားခဲ့ပါတယ္။ အဲ့ဒီ ဓါတ္ပုံမွာေတာ့ Binary ဂဏန္း “101101” လို႔ေရးသားထားၿပီး ဒႆမကိန္းဂဏန္းနဲ႔ ျပန္တြက္ရင္ “45” ရပါတယ္။

ေတာင္ကိုရီးယားအေျခစုိက္ Samsung ကုမၸဏီဟာ သူတုိ႔ရဲ႕ Galaxy Note 10 ကို အႏုပညာရွင္ႀကီးရဲ႕ အမည္ကုိ အမႊန္းျပဳၿပီး “Da Vinci” ဒါဗင္ခ်ီ လို႔ လွ်ဳိ႕ဝွက္ကုဒ္နာမည္ ေပးထားတာပါ။ ဒါေၾကာင့္ Ice Universe တင္ခဲ့တဲ့ ဒါဗင္ခ်ီရဲ႕ ဓါတ္ပုံေပၚက ‘45’ ဆုိတဲ့ ဂဏန္းဟာ လာမယ့္ Samsung Galaxy Note 10 နဲ႔ တုိက္ရုိက္ သက္ဆုိင္ေနတယ္လို႔ ေျပာရင္မွားမွာမဟုတ္ပါဘူး။ အခုခ်ိန္မွာ ေဟာ့ေနတဲ့ အားသြင္းစနစ္နဲ႔ ဒီဂဏန္းကို တုိက္ၾကည့္ရင္ Note 10 မွာ 45W Fast Charging အၾကမ္းစား ပါလာမယ္လို႔ ညႊန္းဆုိတာပဲ ျဖစ္ပါလိမ့္မယ္။

Ref – GSM Arena

Unicode

ယမန်နှစ်က ထွက်ရှိခဲ့တဲ့ Samsung Galaxy Note 9 စမတ်ဖုန်းဟာ 4,000 mAh ဘက္ထရီကြီးအတွက် 15W Fast Charging ထောက်ပံ့မှုပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အခုနှစ် သြဂုတ်လမှာ ဈေးကွက်ထဲ ဝင်ရောက်လာတော့မယ့် Galaxy Note 10 ဟန်းဆက်ကတော့ ပိုပြီးခေတ်ရှေ့ပြေး မြန်ဆန်တဲ့ အားသွင်းစနစ် ပါဝင်လာမယ်လို့ သတင်းတွေ ထွက်နေခဲ့ပါတယ်။

အခုလအစောပိုင်းမှာ Galaxy Note 10 မှာ 25W အားသွင်းစနစ် မဟုတ်တဲ့ Fast Charging စနစ်တစ်ခု ပါဝင်လာမယ်လို့ ဆိုထားပြီး 25W ထက် ပိုမြန်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် 25W ထက် နှေးတာလဲ ဖြစ်နိုင်သေးတယ်လို့ ယူဆခဲ့ရတာပါ။ အခုတော့ ဒီ Flagship အသစ်မှာ ကြောက်စရာ 45W အားအမြန်သွင်းစနစ် အသစ်စက်စက် ပါဝင်လာမယ်လို့ သတင်းထွက်လာခဲ့ပါပြီ။

ယုံကြည်ရတဲ့ သတင်းရင်းမြစ်တစ်ခုဖြစ်တဲ့ Ice Universe ဟာ သူ့ရဲ့တွစ်တာအကောင့်ကနေ စွယ်စုံပညာရှင်ကြီး လီယိုနာဒို ဒါဗင်ချီရဲ့ ဓါတ်ပုံတစ်ခုကို တင်ထားခဲ့ပါတယ်။ အဲ့ဒီ ဓါတ်ပုံမှာတော့ Binary ဂဏန်း “101101” လို့ရေးသားထားပြီး ဒဿမကိန်းဂဏန်းနဲ့ ပြန်တွက်ရင် “45” ရပါတယ်။

တောင်ကိုရီးယားအခြေစိုက် Samsung ကုမ္ပဏီဟာ သူတို့ရဲ့ Galaxy Note 10 ကို အနုပညာရှင်ကြီးရဲ့ အမည်ကို အမွှန်းပြုပြီး “Da Vinci” ဒါဗင်ချီ လို့ လျှို့ဝှက်ကုဒ်နာမည် ပေးထားတာပါ။ ဒါကြောင့် Ice Universe တင်ခဲ့တဲ့ ဒါဗင်ချီရဲ့ ဓါတ်ပုံပေါ်က ‘45’ ဆိုတဲ့ ဂဏန်းဟာ လာမယ့် Samsung Galaxy Note 10 နဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်လို့ ပြောရင်မှားမှာမဟုတ်ပါဘူး။ အခုချိန်မှာ ဟော့နေတဲ့ အားသွင်းစနစ်နဲ့ ဒီဂဏန်းကို တိုက်ကြည့်ရင် Note 10 မှာ 45W Fast Charging အကြမ်းစား ပါလာမယ်လို့ ညွှန်းဆိုတာပဲ ဖြစ်ပါလိမ့်မယ်။

Ref – GSM Arena