[Zawgyi]

Samsung Galaxy Note 10 ထြက္လာဖို႔ဆိုတာက အေဝးႀကီးလိုပါေသးတယ္။ ဒါေပမယ့္ နာမည္ႀကီး စမတ္ဖုန္းကုမၸဏီႀကီးရဲ႕ အစဥ္အလာရွိ Series ထဲက ျဖစ္တဲ့အေလ်ာက္ ေကာလာဟလသတင္းေတြကေတာ့ အၿမဲတမ္းလိုလို ထြက္ေပၚေနတာပဲ ျဖစ္ပါတယ္။

Samsung Galaxy Note 10 နဲ႔ ပတ္သက္ၿပီး အသစ္ထြက္ေပၚလာတဲ့ ေကာလာဟလေတြကေတာ့ မ်ားပါတယ္။ ဒါေပမယ့္ ဒီေကာလာဟလေတြထဲမွာမွ ခိုင္မာၿပီး ယုံၾကည္ရတဲ့ ရင္းျမစ္ေတြဆီကေန ထြက္ေပၚလာတာကေတာ့ Note 10 ေတြမွာ 25W အားသြင္းစနစ္ထက္ ျမန္တဲ့ စနစ္ပါဝင္လာမယ္ ဆိုတာပဲ ျဖစ္ပါတယ္။

Galaxy S10 5G နဲ႔ Galaxy A70 တို႔ဟာ 25W အျမန္အားသြင္းစနစ္နဲ႔အတူ ေပၚေပါက္လာတာျဖစ္ၿပီး Samsung ရဲ႕ ေဈးကြက္ၿပိဳင္ပြဲမွာ အေတာ္ေလးလည္း အေထာက္အကူျဖစ္ေပးခဲ့ပါတယ္။ နာမည္ေက်ာ္ Leakster ျဖစ္တဲ့ Ice universe @UniverseIce ရဲ႕ေဖာ္ျပခ်က္အရ Note 10 ရဲ႕ အားသြင္းစနစ္ဟာ 25W မဟုတ္ဘူးလို႔ သိရပါတယ္။

25W အားသြင္းစနစ္ မဟုတ္ဘူးဆိုတာဟာ 25W ထက္နည္းတယ္ဆိုတဲ့ အဓိပၸါယ္လည္း မဟုတ္တာေၾကာင့္ ဒီပမာဏထက္ ပိုမ်ားတယ္လို႔ ယူဆရပါတယ္။ ဒါ့အျပင္ Note 10 ကစၿပီး ဘက္ထရီပမာဏနဲ႔ အားသြင္းအျမန္ႏႈန္းေတြဟာ Samsung ရဲ႕ အားနည္းခ်က္မဟုတ္ေတာ့တာလည္း ျဖစ္ႏိုင္တယ္လို႔ မွတ္ခ်က္ေပးထားပါေသးတယ္။

လက္ရွိသတင္းေတြအားလုံးက တရားဝင္ထြက္ေပၚလာတာလည္းမဟုတ္သလို တိက်ခိုင္မာလြန္းတဲ့ အေထာက္အထားလည္း မရွိေသးတာေၾကာင့္ ေကာလာဟလ အဆင့္မွာပဲ ထားရွိရဦးမွာပါ။ ဒါေပမယ့္ သိပ္မၾကာခင္တုန္းကပဲ Note 10 Pro မွာ 4,500mAh ဘက္ထရီ နဲ႔အတူ 50W အားသြင္းစနစ္ပါဝင္လာမယ္လို႔ သတင္းထြက္ခဲ့ဖူးေသးတာေၾကာင့္ Samsung ရဲ႕ ဘက္ထရီပိုင္းနဲ႔ အားသြင္းစနစ္ပိုင္း အေျပာင္းအလဲကို ေစာင့္ၾကည့္သြားရဦးမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Samsung Galaxy Note 10 ဟာ 25W ထက်မြန်တဲ့ အားသွင်းစနစ်ဖြစ်လာမယ်လို့ ကောလာဟလထွက်ပေါ်

Samsung Galaxy Note 10 ထွက်လာဖို့ဆိုတာက အဝေးကြီးလိုပါသေးတယ်။ ဒါပေမယ့် နာမည်ကြီး စမတ်ဖုန်းကုမ္ပဏီကြီးရဲ့ အစဉ်အလာရှိ Series ထဲက ဖြစ်တဲ့အလျောက် ကောလာဟလသတင်းတွေကတော့ အမြဲတမ်းလိုလို ထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။

Samsung Galaxy Note 10 နဲ့ ပတ်သက်ပြီး အသစ်ထွက်ပေါ်လာတဲ့ ကောလာဟလတွေကတော့ များပါတယ်။ ဒါပေမယ့် ဒီကောလာဟလတွေထဲမှာမှ ခိုင်မာပြီး ယုံကြည်ရတဲ့ ရင်းမြစ်တွေဆီကနေ ထွက်ပေါ်လာတာကတော့ Note 10 တွေမှာ 25W အားသွင်းစနစ်ထက် မြန်တဲ့ စနစ်ပါဝင်လာမယ် ဆိုတာပဲ ဖြစ်ပါတယ်။

Galaxy S10 5G နဲ့ Galaxy A70 တို့ဟာ 25W အမြန်အားသွင်းစနစ်နဲ့အတူ ပေါ်ပေါက်လာတာဖြစ်ပြီး Samsung ရဲ့ ဈေးကွက်ပြိုင်ပွဲမှာ အတော်လေးလည်း အထောက်အကူဖြစ်ပေးခဲ့ပါတယ်။ နာမည်ကျော် Leakster ဖြစ်တဲ့ Ice universe @UniverseIce ရဲ့ဖော်ပြချက်အရ Note 10 ရဲ့ အားသွင်းစနစ်ဟာ 25W မဟုတ်ဘူးလို့ သိရပါတယ်။

25W အားသွင်းစနစ် မဟုတ်ဘူးဆိုတာဟာ 25W ထက်နည်းတယ်ဆိုတဲ့ အဓိပ္ပါယ်လည်း မဟုတ်တာကြောင့် ဒီပမာဏထက် ပိုများတယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် Note 10 ကစပြီး ဘက်ထရီပမာဏနဲ့ အားသွင်းအမြန်နှုန်းတွေဟာ Samsung ရဲ့ အားနည်းချက်မဟုတ်တော့တာလည်း ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးထားပါသေးတယ်။

လက်ရှိသတင်းတွေအားလုံးက တရားဝင်ထွက်ပေါ်လာတာလည်းမဟုတ်သလို တိကျခိုင်မာလွန်းတဲ့ အထောက်အထားလည်း မရှိသေးတာကြောင့် ကောလာဟလ အဆင့်မှာပဲ ထားရှိရဦးမှာပါ။ ဒါပေမယ့် သိပ်မကြာခင်တုန်းကပဲ Note 10 Pro မှာ 4,500mAh ဘက်ထရီ နဲ့အတူ 50W အားသွင်းစနစ်ပါဝင်လာမယ်လို့ သတင်းထွက်ခဲ့ဖူးသေးတာကြောင့် Samsung ရဲ့ ဘက်ထရီပိုင်းနဲ့ အားသွင်းစနစ်ပိုင်း အပြောင်းအလဲကို စောင့်ကြည့်သွားရဦးမှာ ဖြစ်ပါတယ်။

Ref: GSMArena