[Zawgyi]

ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ Samsung Galaxy Note 10 မွာ 3,400mAh ဘက္ထရီ တပ္ဆင္ေပးထားမယ္ဆိုတဲ့ သတင္းထြက္ေပၚလာခဲ့ပါေသးတယ္။ ဒါ့အျပင္ Galaxy Note 10 ဟာ အ႐ြယ္အစား ႏွစ္မ်ိဳးနဲ႔ ထြက္လာဦးမယ္လို႔လည္း သတင္းေတြၾကားသိေနရတာပါ။

အခု ထပ္ၿပီးထြက္လာတဲ့ သတင္းမွာေတာ့ ကိုရီးယားကုမၸဏီႀကီးက သူတို႔ရဲ႕ Galaxy Note သစ္ေတြမွာ Headphone ေပါက္ေတြကို ဖယ္ရွားလိုက္ေတာ့မယ္လို႔ ေတြ႕ရွိရပါတယ္။ Galaxy Note ေတြရဲ႕ ၁၀ ႏွစ္ျပည့္အထိမ္းအမွတ္မွာ အခုလိုမ်ိဳးဆုံးျဖတ္လိုက္တာက အံ့အားသင့္စရာ ဆုံးျဖတ္ခ်က္လို႔ပဲ ဆိုရေတာ့မွာပါ။

Samsung ရဲ႕ Galaxy Note 10 မွာ Headphone ေပါက္ကို ဖယ္ရွား႐ုံတင္မကဘဲ အျခား Physical buttons ေတြျဖစ္တဲ့ အသံအတိုးအခ်ဲ႕ခလုတ္၊ အဖြင့္အပိတ္ခလုတ္၊ Bixby ခလုတ္ စတာေတြကိုလည္း ဖယ္ရွားပစ္မယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ဒီသတင္းကို နာမည္ေက်ာ္ နည္းပညာမီဒီယာေတြျဖစ္တဲ့ The Verge, Android Police, GSM Arena စတာေတြမွာလည္း ေဖာ္ျပထားတာေၾကာင့္ စိတ္ဝင္စားစြာနဲ႔ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

Samsung ဟာ အဆိုပါ Physical buttons ေတြေနရာမွာ Pressure-sensitive (ဖိအားတုံ႔ျပန္မႈ) ဧရိယာေတြကို ထည့္သြင္းသြားမယ္လို႔လည္း သိရပါတယ္။ ဒီေနရာေတြမွာေတာ့ အမွတ္အသားသေကၤတတစ္ခုခုကို ထည့္သြင္းေပးသြားမယ္လို႔လည္း သိရပါတယ္။ ဘာပဲျဖစ္ျဖစ္ Samsung Galaxy Note 10 မွာ Physical buttons ေတြမပါေတာ့ဘူးလို႔ ထြက္ထားခဲ့ဖူးတဲ့ ေကာလာဟလက ပိုၿပီးေတာ့ နီးစပ္လာၿပီလို႔ပဲ ဆိုရေတာ့မွာပါ။

Ref: GSMArena

[Unicode]

Samsung Galaxy Note 10 မှာ Headphone ပေါက်၊ ဒါမှမဟုတ် Physical Buttons တွေပါဝင်ဖွယ်မရှိဘူးလို့ သတင်းထွက်ပေါ်

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ Samsung Galaxy Note 10 မှာ 3,400mAh ဘက်ထရီ တပ်ဆင်ပေးထားမယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့ပါသေးတယ်။ ဒါ့အပြင် Galaxy Note 10 ဟာ အရွယ်အစား နှစ်မျိုးနဲ့ ထွက်လာဦးမယ်လို့လည်း သတင်းတွေကြားသိနေရတာပါ။

အခု ထပ်ပြီးထွက်လာတဲ့ သတင်းမှာတော့ ကိုရီးယားကုမ္ပဏီကြီးက သူတို့ရဲ့ Galaxy Note သစ်တွေမှာ Headphone ပေါက်တွေကို ဖယ်ရှားလိုက်တော့မယ်လို့ တွေ့ရှိရပါတယ်။ Galaxy Note တွေရဲ့ ၁၀ နှစ်ပြည့်အထိမ်းအမှတ်မှာ အခုလိုမျိုးဆုံးဖြတ်လိုက်တာက အံ့အားသင့်စရာ ဆုံးဖြတ်ချက်လို့ပဲ ဆိုရတော့မှာပါ။

Samsung ရဲ့ Galaxy Note 10 မှာ Headphone ပေါက်ကို ဖယ်ရှားရုံတင်မကဘဲ အခြား Physical buttons တွေဖြစ်တဲ့ အသံအတိုးအချဲ့ခလုတ်၊ အဖွင့်အပိတ်ခလုတ်၊ Bixby ခလုတ် စတာတွေကိုလည်း ဖယ်ရှားပစ်မယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဒီသတင်းကို နာမည်ကျော် နည်းပညာမီဒီယာတွေဖြစ်တဲ့ The Verge, Android Police, GSM Arena စတာတွေမှာလည်း ဖော်ပြထားတာကြောင့် စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Samsung ဟာ အဆိုပါ Physical buttons တွေနေရာမှာ Pressure-sensitive (ဖိအားတုံ့ပြန်မှု) ဧရိယာတွေကို ထည့်သွင်းသွားမယ်လို့လည်း သိရပါတယ်။ ဒီနေရာတွေမှာတော့ အမှတ်အသားသင်္ကေတတစ်ခုခုကို ထည့်သွင်းပေးသွားမယ်လို့လည်း သိရပါတယ်။ ဘာပဲဖြစ်ဖြစ် Samsung Galaxy Note 10 မှာ Physical buttons တွေမပါတော့ဘူးလို့ ထွက်ထားခဲ့ဖူးတဲ့ ကောလာဟလက ပိုပြီးတော့ နီးစပ်လာပြီလို့ပဲ ဆိုရတော့မှာပါ။

Ref: GSMArena