Samsung ဟာ ယခုနှစ်အစောပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ Galaxy S22 Series ဖုန်းတွေနဲ့အတူ OneUI 4.1 Update ကိုပါ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ OneUI 4.1 Software Update ကို တခြားသော Samsung Flagship ဖုန်းတွေမှာ အသုံးပြုနိုင်အောင် ထုတ်ပေးလိုက်ပါပြီ။

အခု OneUI 4.1 Update ကို ရရှိလာတဲ့စမတ်ဖုန်းတွေကတော့ Samsung Galaxy Note 20 Series ဖြစ်ပြီး Firmware Version N98xFXXU3FVC5 အနေနဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။ ဒါကြောင့် အခု OneUI 4.1 Update ကို ရယူချင်တယ်ဆိုရင် Settings – Software Update ကနေတစ်ဆင့် Download ပြုလုပ်ရမှာဖြစ်ပါတယ်။

တစ်ခုရှိတာကတော့ လက်ရှိအချိန်မှာ Region အားလုံးအတွက် OneUI 4.1 Update ကို ထုတ်ပေးထားတာမဟုတ်သေးတဲ့အတွက် တချို့သော Region တွေအနေနဲ့ Update ပြုလုပ်ဖို့ အနည်းငယ်စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း မကြာခင်အချိန်အတွင်းမှာ Region အကုန်လုံးကနေ Update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

OneUI 4.1 ဟာ Software ပိုင်းတိုးတက်မှုတွေအများအပြားပါဝင်လာပြီးတော့ Messaging App တွေထဲမှာ Date တွေကို အလိုအလျောက်ဖတ်ရှုနိုင်တဲ့ Smart Calendar Feature လိုမျိုး အသုံးဝင်တဲ့ Feature တွေလည်းပါဝင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Bug Fix နဲ့ Security Update တွေလည်း ပါဝင်မှာဖြစ်တာကြောင့် အခုပဲ Update တင်ထားသင့်ပါတယ်။

နောက်ထပ်လည်း Galaxy Note 20 Series အတွက် OneUI 4.1 Update မှာ Driver License ၊ Boarding Pass ၊ Car Keys အပြင် Movie Ticket တွေကို သိမ်းဆည်းထားနိုင်မယ့် Samsung Pay ၊ အမြင့်ဆုံး RAM ကို နောက်ထပ် 8GB အထိ တိုးမြှင့်နိုင်မယ့် RAM Plus Feature တွေလည်းပါဝင်လာမယ်လို့ သိရပါတယ်။

Ref – GSM Arena