Samsung Galaxy Note20+ မှာ 4,500mAh ဘက်ထရီ ပါမယ်လို့ သတင်းထွက်လာပါတယ်။ Galaxy Note10+ ရဲ့  4,300mAh ဘက်ထရီထက် ပိုကောင်းလာပေမယ့် Galaxy S20 Ultra 5G ရဲ့ 5,000mAh ဘက်ထရီထက် အားနည်းသွားပါတယ်။

Galaxy Note20+ ရဲ့ မော်ဒယ်နံပါတ် ဖြစ်တဲ့ SM-N985 ရဲ့ ဘက်ထရီ ပမာဏကို 4,370mAh လို့ ဖော်ပြထားတဲ့အတွက် 4,500mAh ဖြစ်ပါတယ်။ အဲဒီ ပမာဏဟာ Samsung Galaxy S20+ နဲ့ တူသွားမှာ ဖြစ်ပါတယ်။ အဲဒီ ဘက်ထရီဟာ 120Hz Refresh Rate မှာ ၈၇ နာရီနဲ့ 60Hz မှာ ၉၇ နာရီ အသုံးခံကြောင်း Gsmarena ရဲ့ စမ်းသပ်ချက်များအရ သိရပါတယ်။

Galaxy Note20+ မှာ 108MP Main ကင်မရာ ပါလာမှာ ဖြစ်ပြီး Galaxy S20 Ultra ရဲ့ ကင်မရာနဲ့ တူညီသလား ဆိုတာ မသိရသေးပါဘူး။   Galaxy Note20+ မှာ Galaxy S20 Ultra ရဲ့ Periscope Zoom ကင်မရာ မပါလာပါဘူး။ ဒါပေမယ့် Galaxy S20/S20+ က 68MP Hybrid Zoom ကင်မရာ ပါလာမှာပါ။

Galaxy Club က Galaxy Note20 မှာ Galaxy S20 လို 4,000mAh ဘက်ထရီ ပါလာမယ်လို့ ပြီးခဲ့တဲ့ လက သတင်းပေးထားတဲ့အတွက် ဘက်ထရီ ပမာဏက သတင်းအမျိုးမျိုး ထွက်နေတာပါ။

Ref : gsmarena