Samsung ရဲ့ Android 12 ကို အခြေခံထားတဲ့ One UI 4 ဟာဆိုရင် အခုအချိန်မှာ Galaxy S21 Series ဖုန်းတွေအတွက် Stable Update ထွက်ရှိနေပြီဖြစ်ပါတယ်။ Samsung ကနေ စီစဥ်ထားတဲ့အတိုင်းဆိုရင် ကျန်တဲ့ Galaxy Flagship ဖုန်းတွေဖြစ်တဲ့ Galaxy S20 နဲ့ Note 20 ဖုန်းတွေဟာလည်း လာမယ့်လပိုင်းအတွင်းမှာ One UI 4 Stable Update ရရှိလာမှာဖြစ်ပါတယ်။

အခုအချိန်မှာလည်း Samsung ကနေ အဆိုပါ Galaxy S20 နဲ့ Note 20 ဖုန်းတွေအတွက် One UI 4 Beta Program တွေကို ပိုပြီး ဖွင့်လှစ်ပေးနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက UK နိုင်ငံအတွက် One UI 4 Beta Program ကို စတင်ခဲ့ပြီး အခုလည်း Galaxy Note 20 Series ဖုန်းတွေဖြစ်တဲ့ Note 20 ၊ Note 20 Ultra နဲ့ S20 Series အတွက် One UI 4 Beta ကို US Region ဖုန်းတွေအတွက်ပါ ထုတ်ပေးလိုက်ပါပြီ။

ဒါကြောင့် US Region Galaxy S20 နဲ့ Note 20 ဖုန်းတွေအနေနဲ့ Samsung Members App ကနေတစ်ဆင့် One UI 4 Beta ကို ဝင်ရောက်နိုင်ပြီလို့ သိရပါတယ်။ ဒါပေမယ့်လည်း တစ်ခုရှိတာကတော့ ကိုယ့်ဖုန်းက Carrier Locked မဟုတ်တဲ့ Unlocked ဖုန်းဖြစ်နေဖို့ လိုအပ်ပါတယ်။

တကယ်လို့ Samsung Members App ထဲကနေ Beta Program ကို ဝင်ရောက်ပြီးပြီဆိုရင်တော့ Settings – Software Update ကနေတစ်ဆင့် One UI 4.0 Beta Update ကို Download ဆွဲပြီး အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ တကယ်လို့ Stable Update ကို စောင့်ဆိုင်းချင်တယ်ဆိုရင်လည်း လာမယ့် လအတွင်းမှာ Update ပြုလုပ်နိုင်မယ်လို့ ယူဆရပါတယ်။

Ref – GSM Arena