ပြီးခဲ့တဲ့နှစ် မေလတုန်းက ပြုလုပ်ခဲ့တဲ့ Google I/O 2019 Event မှာ Android 10 နဲ့အတူ Live Caption Feature ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Live Caption Feature ကို ယခုအချိန်အထိ Pixel ဖုန်းတွေမှာပဲ အသုံးပြုနိုင်ခဲ့ပေမယ့် အခုအချိန်မှာ Galaxy S20 Series ဖုန်းတွေမှာပါ ရရှိလာတော့မှာပါ။

Live Caption Feature ဟာဆိုရင် ဖုန်းမှာ Media Playback ပြုလုပ်နေတဲ့ Video ၊ Podcast နဲ့ တခြားသော Audio ပါဝင်တဲ့ဘယ်လို File မျိုးကိုမဆို ဖွင့်ထားတာနဲ့ Online မလိုအပ်ဘဲ Caption ထိုးပေးတဲ့ Feature တစ်ခုဖြစ်ပါတယ်။ Google အနေနဲ့ အဆိုပါ Live Caption Feature ကို Pixel ဖုန်းတွေအတွက် သီးသန့်ထက် Android 10 Feature တစ်ခုအနေနဲ့ မိတ်ဆက်ခဲ့ပေမယ့် တခြားဖုန်းတွေမှာ အခုအချိန်အထိ အသုံးပြုခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung Galaxy S20 Series စမတ်ဖုန်းတွေမှာ ဒီလိုမျိုးအသုံးဝင်တဲ့ Feature ကို ရရှိလာတာက ဝမ်းသာစရာသတင်းလို့ ပြောရမှာပါ။ အဆိုပါ S20 Series ဖုန်းတွေအကုန်လုံးဟာာ Android 10 ကို အခြေခံထားတဲ့ OneUI 2.0 ကို အသုံးပြုလာမှာလည်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung ရဲ့ ယခုထွက်ရှိလာတဲ့ Galaxy S20 Series စမတ်ဖုန်းတွေဟာ Display ၊ Camera ပိုင်းအပြင် Software ပိုင်းမှာပါ သေချာအာရုံစိုက်လာတဲ့ပုံစံပါပဲ။

Ref – XDA-Developers