Samsung က ဒီလ ၁၇ ရက်မှာ Galaxy S24 Series ကို ကြေညာတော့မှာ ဖြစ်ပြီး ပွဲ နီးလာတာနဲ့အမျှ သတင်းအချက်အလက်တွေ ပိုမို ပေါက်ကြားလာပါတယ်။ အခုလည်း ဓါတ်ပုံ ၂ ပုံ ပေါက်ကြားလာပြီး Galaxy S24 Ultra လို့ ထင်ရပါတယ်။

Samsung Galaxy S24 Ultra

Galaxy S24 Ultra ရဲ့ ဓါတ်ပုံတွေ အရင်ကလည်း ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပြီး အခုတစ်ခါမှာတော့ ရွှေရောင် ဖရိမ်ပါတဲ့ ရွှေရောင် မော်ဒယ် ဖြစ်ပါတယ်။ ပြားချပ်တဲ့ မျက်နှာပြင်နဲ့ ဒီဇိုင်း အသေးစိတ်ကို လေ့လာလို့ရလာပါတယ်။

အရင် သတင်းတွေအရ တောင်ကိုရီးယား မီဒီယာ The Elec က Samsung ဟာ Galaxy S24 Ultra မှာ တိုက်တေနီယမ် ဖရိမ်ကို အသုံးပြုထားမယ်လို့ ပြောပါတယ်။

Apple က ဒီနှစ်ထုတ် iPhone 15 Pro မော်ဒယ်တွေမှာ တိုက်တေနီယမ် ဖရိမ်ကို အရင်ဆုံး ထည့်သွင်းပေးခဲ့ပါတယ်။ အဲဒီနောက်မှာ Xiaomi က Xiaomi 14 Pro Titanium Special Edition ကို ကြေညာခဲ့ပါတယ်။

Samsung Galaxy S24 Ultra

Galaxy S24 Ultra ဟာ တိုက်တေနီယမ် ဖရိမ် ပါတဲ့ Samsung ရဲ့ ပထမဆုံးဖုန်း ဖြစ်လာမှာပါ။ Galaxy S24 Series အားလုံးမှာ တိုက်တေနီယမ် ဖရိမ် ပါလာမလားဆိုတာ မသေချာသေးပါဘူး။

Samsung က Galaxy S23 Ultra ရဲ့ ရောင်းအားအတိုင်း တိုက်တေနီယမ် ဖရိမ် ၁၅ သန်းကို ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ အဲဒီအတွက် ကုမ္ပဏီဟာ S24 Ultra မှာပဲ တိုက်တေနီယမ် ဖရိမ် ထည့်သွင်းထားနိုင်ပါတယ်။

Samsung ဟာ စမတ်ဖုန်းတွေမှာ တိုက်တေနီယမ်ကို အစားထိုးဖို့ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက စီစဉ်ခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့် မကြာခင်ကမှ စတင် အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ တိုက်တေနီယမ် ဖရိမ်ဟာ ဒေါ်လာ ၈၀ ကနေ ၁၀၀ ဝန်းကျင် ကျသင့်မယ်လို့ ခန့်မှန်းရပါတယ်။

Ref: gsmarena