Samsung က Fan Edition Series တွေကို ကြေညာလိုက်ပြီး အဲဒီအထဲမှာ Galaxy S23 FE စမတ်ဖုန်း၊ Galaxy Tab S9 FE တက်ဘလက်တွေနဲ့ Galaxy Buds FE တို့ ပါပါတယ်။

Samsung Galaxy Tab S9 FE and Buds FE announced

Galaxy Tab S9 FE Series မှာ 10.9” Tab S9 FE နဲ့ 12.4” Tab S9 FE+ တို့ ပါလာပြီး WiFi Only နဲ့ 5G Version တွေ ထုတ်လုပ်ထားပါတယ်။ တက်ဘလက်တွေမှာ IPS LCD FHD+ မျက်နှာပြင်နဲ့ 90Hz Refresh Rate ထည့်ထားပါတယ်။

နေအိမ်ပြင်ပမှာ ကြည့်လို့ကောင်းတဲ့ Samsung Vision Booster ပါလာပြီး Dolby Atmos ထောက်ပံ့တဲ့ စပီကာ ၂ လုံး တပ်ဆင်ထားပါတယ်။ တက်ဘလက် ၂ လုံးစလုံးမှာ IP68 ရေစိုခံစံနှုန်းနဲ့ ရေစိုခံတဲ့ S Pen Stylus ပါပါတယ်။

Samsung က တက်ဘလက် ၂ လုံးစလုံးမှာ Exynos 1380 Chipset သုံးထားပြီး Tab S9 FE မှာ 6/8GB RAM နဲ့ FE+ မှာ 8/12GB RAM ထည့်ထားပါတယ်။ တက်ဘလက် ၂ လုံးစလုံးမှာ 128GB /256GB Storage ပါလာပြီး microSD Card စိုက်နိုင်ပါတယ်။

Samsung Galaxy Tab S9 FE and Buds FE announced

ကင်မရာအကြောင်းပြောရရင် တက်ဘလက် ၂ လုံးစလုံးမှာ 12MP Ultrawide အရှေ့ ကင်မရာနဲ့ 8MP အနောက်ကင်မရာ တပ်ထားပါတယ်။ Tab S9 FE+ ရဲ့ အနောက်မှာ 8MP Ultrawide ကင်မရာ ၁ လုံး အပိုပါပါတယ်။ Tab S9 FE မှာ 8,000mAh Battery နဲ့ Plus မှာ 10,000mAh Battery ထည့်ထားပါတယ်။ တက်ဘလက် ၂ လုံးစလုံးမှာ 45W Fast Charging ထောက်ပံ့ထားပါတယ်။

Galaxy Tab S9 FE Series အတွက် Mint, Silver, Gray နဲ့ Lavender အရောင်တွေ ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး အနေနဲ့ Tab S9 FE ကို ၅၂၉ ယူရိုနဲ့ Plus ကို ၆၉၉ ယူရို သတ်မှတ်ထားပြီး 5G မော်ဒယ်တွေက ယူရို ၁၀၀ ပိုများပါတယ်။

Ref : gsmarena