Samsung ကနေ လာမယ့်ရက်ပိုင်းမှာ မိတ်ဆက်တော့မယ့် Galaxy Z Flip Foldable Phone စမတ်ဖုန်းဟာ မနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Galaxy Fold နဲ့ Design မတူညီတဲ့အပြင် စျေးနှုန်းအရလည်းပိုပြီး သက်သာမှာဖြစ်ပါတယ်။

ဒီလိုမျိုး မိတ်ဆက်ရက် နီးကပ်နေပြီဖြစ်တဲ့ Galaxy Z Flip ရဲ့ Specs တွေအပြင် Render ဓါတ်ပုံ၊ Hands-on Video လည်း ပြီးခဲ့တဲ့ တပတ်တုန်းက ထွက်ရှိထားပြီး ဖြစ်ပါတယ်။

 

အဆိုပါအချိန်တုန်းက Galaxy Z Flip ကို Purple Color နဲ့ပဲ Hands-on Video မြင်တွေ့ခဲ့ရပေမယ့် အခုနောက်ထပ် Galaxy Z Flip Black Color နဲ့ Hands-on Video တစ်ခုထပ်ပြီးထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါ Video အရ Galaxy Z Flip ဟာ Ultra-thin Glass ကို အသုံးပြုထားတယ်ဆိုပေမယ့်လည်း Screen ခေါက်ချိုးနေတဲ့နေရာမှာ Crease ကိုတော့ မြင်တွေ့ရတုန်းပဲဖြစ်ပါတယ်။

 

Samsung Galaxy Z Flip စမတ်ဖုန်းဟာ Qualcomm Snapdragon 855+ Processor ၊ RAM 8GB နဲ့ Dual 12MP Camera တွေပါဝင်မှာဖြစ်ပြီး Display အရှေ့ဘက်မှာ Selfie Camera အတွက် Infinity-O Punch-hole Design ပြုလုပ်ထားတာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့တော့ ဒေါ်လာ ၁,၄၀၀ ဝန်းကျင်နဲ့ ရောင်းချသွားမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China