[Zawgyi]

Samsung ရဲ႕ Galaxy S11 မိတ္ဆက္ဖို႔ဆိုတာ အေဝးႀကီးလိုပါေသးတယ္။ ဒါေပမယ့္လည္း စမတ္ဖုန္းေလာကမွာေတာ့ S11 အေၾကာင္း သတင္းေတြစုံစမ္း၊ ႀကိဳတင္ေဖာ္ျပၾကနဲ႔ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ျဖစ္ေနပါတယ္။ အထူးသျဖင့္ အတြင္းအစိတ္အပိုင္းေတြအေၾကာင္းနဲ႔ ကင္မရာေတြအေၾကာင္းက စိတ္ဝင္စားမႈအမ်ားဆုံးျဖစ္ပါတယ္။

အခုထိထြက္ထားတဲ့သတင္းေတြအကုန္လံုးမွာေတာ့ Galaxy S11 ဟာ Exynos 9830 ဒါမွမဟုတ္ Snapdragon 865 သုံးထားမယ္လို႔ သတင္းထြက္ထားတာပါ။ ကင္မရာပိုင္းဆိုရင္လည္း 108MP ကင္မရာ နဲ႔ 5x Optical Zoom ေတြတပ္ဆင္ထားမယ္လို႔ သတင္းထြက္ထားပါတယ္။ ေနာက္ဆုံးသတင္းမွာဆိုရင္ေတာ့ S11 မွာသုံးမယ့္ 108MP sensor ဟာ မ်ိဳးဆက္သစ္ ျဖစ္မယ္ဆိုတာပါပဲ။

Hardware ပိုင္းေတြအတြက္ သတင္းထြက္လာသလိုပဲ ေတာင္ကိုရီးယားနည္းပညာကုမၸဏီႀကီးဟာ Galaxy S11 အတြက္ Software ပိုင္းကိုလည္း စတင္လုပ္ေဆာင္ေနၿပီလို႔ သတင္းထြက္လာပါတယ္။ Galaxy S11 ဖုန္း ဗားရွင္းသုံးမ်ိဳးထဲကမွ U.S ဗားရွင္းအတြက္ Software ပိုင္း စတင္ေနၿပီလို႔ ဆိုပါတယ္။ ဒါ့အျပင္ ေမာ္ဒယ္သုံးမ်ိဳးစလုံးကလည္း 5G ကြန္ရက္ကို ခ်ိတ္ဆက္ႏိုင္မယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ Galaxy S11 သုံးမ်ိဳးစလုံးဟာ mmWave နဲ႔ sub-6GHz 5G ကြန္ရက္ ႏွစ္ခုလုံးမွာ အလုပ္လုပ္ႏိုင္ဖို႔အတြက္ Modem လိုမွာျဖစ္ၿပီး Snapdragon X55 ကိုသုံးထားတာလည္း ျဖစ္ႏိုင္ပါတယ္။ ဒါဟာ လာမယ့္ ၂၀၂၀ iPhone ေတြမွာ Apple က အသုံးျပဳလာႏိုင္တဲ့ 5G modem chip လည္း ျဖစ္လာႏိုင္ပါတယ္။ အခုထိေတာ့ ေပါက္ၾကားသတင္းအဆင့္ပဲရွိေနေသးတာေၾကာင့္ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။

Ref: Phone Arena

[Unicode]

Samsung Galaxy S11 အတွက် Software ပိုင်းစတင်လုပ်ဆောင်နေပြီး အမျိုးအစားသုံးမျိုးလုံးဟာ 5G ချိတ်ဆက်နိုင်မယ်လို့ သတင်းထွက်လာ

Samsung ရဲ့ Galaxy S11 မိတ်ဆက်ဖို့ဆိုတာ အဝေးကြီးလိုပါသေးတယ်။ ဒါပေမယ့်လည်း စမတ်ဖုန်းလောကမှာတော့ S11 အကြောင်း သတင်းတွေစုံစမ်း၊ ကြိုတင်ဖော်ပြကြနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်နေပါတယ်။ အထူးသဖြင့် အတွင်းအစိတ်အပိုင်းတွေအကြောင်းနဲ့ ကင်မရာတွေအကြောင်းက စိတ်ဝင်စားမှုအများဆုံးဖြစ်ပါတယ်။

အခုထိထွက်ထားတဲ့သတင်းတွေအကုန်လုံးမှာတော့ Galaxy S11 ဟာ Exynos 9830 ဒါမှမဟုတ် Snapdragon 865 သုံးထားမယ်လို့ သတင်းထွက်ထားတာပါ။ ကင်မရာပိုင်းဆိုရင်လည်း 108MP ကင်မရာ နဲ့ 5x Optical Zoom တွေတပ်ဆင်ထားမယ်လို့ သတင်းထွက်ထားပါတယ်။ နောက်ဆုံးသတင်းမှာဆိုရင်တော့ S11 မှာသုံးမယ့် 108MP sensor ဟာ မျိုးဆက်သစ် ဖြစ်မယ်ဆိုတာပါပဲ။

Hardware ပိုင်းတွေအတွက် သတင်းထွက်လာသလိုပဲ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးဟာ Galaxy S11 အတွက် Software ပိုင်းကိုလည်း စတင်လုပ်ဆောင်နေပြီလို့ သတင်းထွက်လာပါတယ်။ Galaxy S11 ဖုန်း ဗားရှင်းသုံးမျိုးထဲကမှ U.S ဗားရှင်းအတွက် Software ပိုင်း စတင်နေပြီလို့ ဆိုပါတယ်။ ဒါ့အပြင် မော်ဒယ်သုံးမျိုးစလုံးကလည်း 5G ကွန်ရက်ကို ချိတ်ဆက်နိုင်မယ်လို့ သိရပါတယ်။

ဒါကြောင့် Galaxy S11 သုံးမျိုးစလုံးဟာ mmWave နဲ့ sub-6GHz 5G ကွန်ရက် နှစ်ခုလုံးမှာ အလုပ်လုပ်နိုင်ဖို့အတွက် Modem လိုမှာဖြစ်ပြီး Snapdragon X55 ကိုသုံးထားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ လာမယ့် ၂၀၂၀ iPhone တွေမှာ Apple က အသုံးပြုလာနိုင်တဲ့ 5G modem chip လည်း ဖြစ်လာနိုင်ပါတယ်။ အခုထိတော့ ပေါက်ကြားသတင်းအဆင့်ပဲရှိနေသေးတာကြောင့် ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref: Phone Arena