[Zawgyi]

Samsung Galaxy Fold ကို ႏုိင္ငံတခ်ိဳ႕မွာ ေရာင္းခ်ေပးေနပါၿပီ။ ေတာင္ကိုရီးယားနဲ႔ အေမရိကန္မွာ ၀ယ္ယူႏုိင္ၿပီ ျဖစ္ၿပီး မၾကာခင္မွာ အိႏၵိယမွာ ေရာင္းခ်ေပးေတာ့မွာပါ။ ပထမမ်ိဳးဆက္ ေခါက္ခ်ိဳး မ်က္ႏွာျပင္နည္းပညာပါတဲ့ စမတ္ဖုန္း ျဖစ္တဲ့ အတြက္ ေစ်းက မေသးပါဘူး။ ေဒၚလာ ၂,၀၀၀ နီးပါးရွိၿပီး ျမန္မာေငြ သိန္း ၃၀ ေလာက္တန္ပါတယ္။ အခုေတာ့ အဲဒီထက္ ေစ်းသက္သာတဲ့ Galaxy Fold ကို ကိုင္ခ်င္သူေတြအတြက္ သတင္းေကာင္းထြက္လာပါတယ္။

SamMobile က Samsung ဟာ Galaxy Fold ရဲ႕ ေစ်းသက္သာတဲ့ ေမာ္ဒယ္ကို ဖန္တီးေနတယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ အဲဒီ ေမာ္ဒယ္ကို ကမာၻအ၀န္းမွာ ေရာင္းခ်မယ္လို႔ သိရပါတယ္။ Samsung က အဲဒီ ေမာ္ဒယ္မွာ ေစ်းသက္သာေအာင္ 512GB အစား 256GB Storage သာ ထည့္ေပးထားမယ္လို႔လည္း ဆိုပါတယ္။ ေမာ္ဒယ္နံပါတ္က SM-F700F ျဖစ္ပါတယ္။

ေစ်းသက္သာတဲ့ ေခါက္ခ်ိဳး စမတ္ဖုန္းကို ထုတ္မယ္ဆိုတာ ေကာင္းပါတယ္။ Samsung က ေခါက္ခ်ိဳး စမတ္ဖုန္း ဒီဇိုင္းကို လူေတြ လက္ခံမလားဆိုတာကို လက္ရွိ Galaxy Fold နဲ႔ စမ္းသပ္ေနတာ ျဖစ္ႏုိင္ပါတယ္။ အစပိုင္းမွာ ျပႆနာေတြ ရွိခဲ့ေပမယ့္ အဲဒီ ဖုန္းဟာ ေတာင္ကိုရီးယားနဲ႔ အေမရိကန္မွာ ေရာင္းအားေကာင္းမယ့္ပံုေပၚပါတယ္။ ေစ်းသက္သာတဲ့ ေမာ္ဒယ္ကို ကမာၻအ၀န္းမွာ ေရာင္းခ်ျခင္းေၾကာင့္ Samsung ရဲ႕ ေခါက္ခ်ိဳး စမတ္ဖုန္း ဒီဇိုင္းကို လူမ်ားမ်ား ကိုင္ႏုိင္ေတာ့မွာ ျဖစ္ပါတယ္။

တန္ဖိုးနည္း ေမာ္ဒယ္မွာ RAM ကို ေလွ်ာ့ခ်ျခင္းလို ေစ်းသက္သာေစမယ့္ အစိတ္အပိုင္းေတြကို ထည့္သြင္းထားႏုိင္ပါတယ္။ ေနာက္ပိုင္းမွာ ေခါက္ခ်ိဳး မ်က္ႏွာျပင္ နည္းပညာ ျမင့္မားလာတာနဲ႔အမွ် ေခါက္ခ်ိဳး စမတ္ဖုန္းေတြရဲ႕ ေစ်းဟာ သက္သာလာမွာပါ။

Ref: gizmochina

[Unicode]

Samsung က ဈေးသိပ်မကြီးတဲ့ Galaxy Fold ထုတ်လုပ်နိုင်

Samsung Galaxy Fold ကို နိုင်ငံတချို့မှာ ရောင်းချပေးနေပါပြီ။ တောင်ကိုရီးယားနဲ့ အမေရိကန်မှာ ဝယ်ယူနိုင်ပြီ ဖြစ်ၿပီး မကြာခင်မှာ အိန္ဒိယမှာ ရောင်းချပေးတော့မှာပါ။ ပထမမျိုးဆက် ခေါက်ချိုး မျက်နှာပြင်နည်းပညာပါတဲ့ စမတ်ဖုန်း ဖြစ်တဲ့ အတွက် ဈေးက မသေးပါဘူး။ ဒေါ်လာ ၂,၀၀၀ နီးပါးရှိပြီး မြန်မာငွေ သိန်း ၃၀ လောက်တန်ပါတယ်။ အခုတော့ အဲဒီထက် ဈေးသက်သာတဲ့ Galaxy Fold ကို ကိုင်ချင်သူတွေအတွက် သတင်းကောင်းထွက်လာပါတယ်။

SamMobile က Samsung ဟာ Galaxy Fold ရဲ့ ဈေးသက်သာတဲ့ မော်ဒယ်ကို ဖန်တီးနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အဲဒီ မော်ဒယ်ကို ကမ္ဘာအဝန်းမှာ ရောင်းချမယ်လို့ သိရပါတယ်။ Samsung က အဲဒီ မော်ဒယ်မှာ ဈေးသက်သာအောင် 512GB အစား 256GB Storage သာ ထည့်ပေးထားမယ်လို့လည်း ဆိုပါတယ်။ မော်ဒယ်နံပါတ်က SM-F700F ဖြစ်ပါတယ်။

ဈေးသက်သာတဲ့ ခေါက်ချိုး စမတ်ဖုန်းကို ထုတ်မယ်ဆိုတာ ကောင်းပါတယ်။ Samsung က ခေါက်ချိုး စမတ်ဖုန်း ဒီဇိုင်းကို လူတွေ လက်ခံမလားဆိုတာကို လက်ရှိ Galaxy Fold နဲ့ စမ်းသပ်နေတာ ဖြစ်နိုင်ပါတယ်။ အစပိုင်းမှာ ပြဿနာတွေ ရှိခဲ့ပေမယ့် အဲဒီ ဖုန်းဟာ တောင်ကိုရီးယားနဲ့ အမေရိကန်မှာ ရောင်းအားကောင်းမယ့်ပုံပေါ်ပါတယ်။ ဈေးသက်သာတဲ့ မော်ဒယ်ကို ကမ္ဘာအဝန်းမှာ ရောင်းချခြင်းကြောင့် Samsung ရဲ့ ခေါက်ချိုး စမတ်ဖုန်း ဒီဇိုင်းကို လူများများ ကိုင်နိုင်တော့မှာ ဖြစ်ပါတယ်။

တန်ဖိုးနည်း မော်ဒယ်မှာ RAM ကို လျှော့ချခြင်းလို ဈေးသက်သာစေမယ့် အစိတ်အပိုင်းတွေကို ထည့်သွင်းထားနိုင်ပါတယ်။ နောက်ပိုင်းမှာ ခေါက်ချိုး မျက်နှာပြင် နည်းပညာ မြင့်မားလာတာနဲ့အမျှ ခေါက်ချိုး စမတ်ဖုန်းတွေရဲ့ ဈေးဟာ သက်သာလာမှာပါ။

Ref: gizmochina