[Zawgyi]

Samsung က Galaxy Fold ရဲ႕ Screen အားနည္းခ်က္ေတြကို ျပင္ဆင္ၿပီးၿပီ ျဖစ္ၿပီး မၾကာခင္မွာ ေရာင္းမယ္လို႔ ေျပာပါတယ္။ ကုမၸဏီက ၿပီးခဲ့တဲ့ ေလးလက သူ႔ကို ေရာင္းခ်ဖို႔ ရည္ရြယ္ခဲ့ေပမယ့္ Screen ျပႆနာေတြေၾကာင့္ ေရာင္းခ်မႈကို ေနာက္ဆုတ္ခဲ့တာပါ။ အခုေတာ့ စက္တင္ဘာလထဲမွာ ေရာင္းမယ္လို႔ ေျပာပါတယ္။ ေန႔ရက္ အတိအက်ကိုေတာ့ မသိရေသးပါဘူး။ ကုမၸဏီက အရင္ ေျပာထားသလို ၁၉၈၀ ေဒၚလာ ရွိမယ္လို႔ အတည္ျပဳလိုက္ပါတယ္။

စက္တင္ဘာလမွာ iPhone 11 ကို Apple က ေၾကညာႏုိင္ပါတယ္။ ဒါ့အျပင္ Galaxy Fold ရဲ႕ ၿပိဳင္ဖက္ ေခါက္ခ်ိဳး ဖုန္း ျဖစ္တဲ့ Mate X ကိုလည္း စက္တင္ဘာလမွာ ေရာင္းခ်မယ္လို႔ Huawei က အတည္ျပဳထားပါတယ္။ ပြဲက ၾကည့္လို႔ ေကာင္းေတာ့မွာပါ။ Huawei Mate X ကို တရုတ္မွာ အေစာဆံုး ေရာင္းခ်ဖို႔ စီစဥ္ထားပါတယ္။ ဘယ္ကုမၸဏီက ေခါက္ခ်ိဳး စမတ္ဖုန္း ေရာင္းခ်တဲ့ ကမာၻ႕ ပထမဆံုး ကုမၸဏီ ျဖစ္လာမလဲ ဆိုတာ စိတ္၀င္စားစရာ ေကာင္းေနပါၿပီ။

Samsung က Galaxy Fold ရဲ႕ ဟာ့ဒ္၀ဲ အားနည္းခ်က္ေတြကို ျပင္ဆင္ၿပီးၿပီ ျဖစ္ၿပီး ေနာက္ဆံုး အဆင့္ စမ္းသပ္ခ်က္ေတြကို ျပဳလုပ္ေနတယ္လို႔ ေျပာပါတယ္။ စီအီးအို Dj Koh က အဆင္သင့္ မျဖစ္ေသးခင္ Galaxy Fold ေရာင္းခ်ဖို႔ ႀကိဳးစားခဲ့တာလို႔ အရင္က ၀န္ခံထားပါတယ္။ အခုေတာ့ ကုမၸဏီက ဒီျပႆနာေတြကို ျပင္ဆင္ထားၿပီးေလာက္ပါၿပီ။

Samsung က အစိတ္အပိုင္း ၂၀ ေလာက္ရဲ႕ အားနည္းခ်က္ေတြကို ျပင္ဆင္ၿပီးၿပီလို႔ ေျပာပါတယ္။ ဒါ့အျပင္ ဖုန္းကို ေခါက္ခ်ိဳးတဲ့အခါ အဓိက က်တဲ့ အဆက္ကိုလည္း အားနည္းခ်က္ မရွိေအာင္ ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။ Review Units ေတြရဲ႕ အဆက္ေတြမွာ ဟာေပါက္ေတြ ရွိခဲ့တဲ့ အတြက္ ဖုန္ေတြ၀င္ၿပီး Screens ဟာ ကြဲအက္ျခင္းေတြ ျဖစ္ခဲ့တာပါ။

Ref  : theverge, techradar

[Unicode]

Samsung က စက်တင်ဘာလမှာ Galaxy Fold ကို ရောင်းမယ်လို့ အတည်ပြု

Samsung က Galaxy Fold ရဲ့ Screen အားနည်းချက်တွေကို ပြင်ဆင်ပြီးပြီ ဖြစ်ပြီး မကြာခင်မှာ ရောင်းမယ်လို့ ပြောပါတယ်။ ကုမ္ပဏီက ပြီးခဲ့တဲ့ လေးလက သူ့ကို ရောင်းချဖို့ ရည်ရွယ်ခဲ့ပေမယ့် Screen ပြဿနာတွေကြောင့် ရောင်းချမှုကို နောက်ဆုတ်ခဲ့တာပါ။ အခုတော့ စက်တင်ဘာလထဲမှာ ရောင်းမယ်လို့ ပြောပါတယ်။ နေ့ရက် အတိအကျကိုတော့ မသိရသေးပါဘူး။ ကုမ္ပဏီက အရင် ပြောထားသလို ၁၉၈၀ ဒေါ်လာ ရှိမယ်လို့ အတည်ပြုလိုက်ပါတယ်။

စက်တင်ဘာလမှာ iPhone 11 ကို Apple က ကြေညာနိုင်ပါတယ်။ ဒါ့အပြင် Galaxy Fold ရဲ့ ပြိုင်ဖက် ခေါက်ချိုး ဖုန်း ဖြစ်တဲ့ Mate X ကိုလည်း စက်တင်ဘာလမှာ ရောင်းချမယ်လို့ Huawei က အတည်ပြုထားပါတယ်။ ပွဲက ကြည့်လို့ ကောင်းတော့မှာပါ။ Huawei Mate X ကို တရုတ်မှာ အစောဆုံး ရောင်းချဖို့ စီစဉ်ထားပါတယ်။ ဘယ်ကုမ္ပဏီက ခေါက်ချိုး စမတ်ဖုန်း ရောင်းချတဲ့ ကမ္ဘာ့ ပထမဆုံး ကုမ္ပဏီ ဖြစ်လာမလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါပြီ။

Samsung က Galaxy Fold ရဲ့ ဟာ့ဒ်ဝဲ အားနည်းချက်တွေကို ပြင်ဆင်ပြီးပြီ ဖြစ်ပြီး နောက်ဆုံး အဆင့် စမ်းသပ်ချက်တွေကို ပြုလုပ်နေတယ်လို့ ပြောပါတယ်။ စီအီးအို Dj Koh က အဆင်သင့် မဖြစ်သေးခင် Galaxy Fold ရောင်းချဖို့ ကြိုးစားခဲ့တာလို့ အရင်က ဝန်ခံထားပါတယ်။ အခုတော့ ကုမ္ပဏီက ဒီပြဿနာတွေကို ပြင်ဆင်ထားပြီးလောက်ပါပြီ။

Samsung က အစိတ်အပိုင်း ၂၀ လောက်ရဲ့ အားနည်းချက်တွေကို ပြင်ဆင်ပြီးပြီလို့ ပြောပါတယ်။ ဒါ့အပြင် ဖုန်းကို ခေါက်ချိုးတဲ့အခါ အဓိက ကျတဲ့ အဆက်ကိုလည်း အားနည်းချက် မရှိအောင် ပြုလုပ်ထားတယ်လို့ သိရပါတယ်။ Review Units တွေရဲ့ အဆက်တွေမှာ ဟာပေါက်တွေ ရှိခဲ့တဲ့ အတွက် ဖုန်တွေဝင်ပြီး Screens ဟာ ကွဲအက်ခြင်းတွေ ဖြစ်ခဲ့တာပါ။

Ref : theverge, techradar