ပြီးခဲ့တဲ့နှစ်တုန်းက Samsung Display ဟာ ယခုနှစ်အတွက်လည်း Apple အတွက် တစ်ဦးတည်းသော OLED Display တွေထောက်ပံ့ပေးတဲ့သူဖြစ်လာမယ်ဆိုပြီး သတင်းတွေထွက်ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ တရားဝင် Report တွေထွက်ရှိလာပြီဖြစ်ပါတယ်။

ယခုသတင်းအရ Samsung ဟာ ယခုနှစ်မှာ မိတ်ဆက်လာမယ့် iPhone 12 Series ဖုန်းတွေရဲ့ ၈၀ ရာခိုင်နှုန်းကိုပဲ OLED Display တွေထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကျန်တဲ့ OLED Display ၂၀ ရာခိုင်နှုန်းကိုတော့ BOE နဲ့ LG ကုမ္ပဏီတို့က အသီးသီးထောက်ပံပေးသွားမယ်လို့ သိရပါတယ်။

Apple ဟာ ယခုနှစ်မှာ iPhone 12 Series ဖုန်းတွေကို အမျိုးအစား ၄ မျိုးအထိ မိတ်ဆက်သွားမှာဖြစ်ပြီး အဆိုပါ iPhone 12 Series ဖုန်းတွေအကုန်လုံးမှာ OLED Display တွေကို အသုံးပြုသွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Supplier တစ်ဦးထဲကနေ OLED Display တွေအကုန်လုံးကို ထောက်ပံ့ပေးသွားဖို့က မလွယ်ကူတဲ့ပုံစံပါပဲ။

ဘာပဲဖြစ်ဖြစ် Samsung ကနေ ဒီလိုမျိုး 5G အပြင် စျေးနှုန်းအရလည်း ပိုသက်သာလာမယ့် iPhone 12 Series ဖုန်းတွေရဲ့ ၈၀ ရာခိုင်နှုန်းအထိ OLED Display ထောက်ပံ့ပေးရမယ်ဆိုတော့ ဝင်ငွေအများအပြားရနေဦးမှာ အသေအချာပါပဲ။

Ref – GSM Arena