[Zawgyi]

Samsung ရဲ႕ ပထမဦးဆုံး Foldable ဖုန္းျဖစ္တဲ့ Galaxy Fold ကေတာ့ စက္တင္ဘာလထဲမွာ ေဈးကြက္ထဲကို ေရာက္ရွိေတာ့မွာ ျဖစ္ပါတယ္။ Galaxy Fold ကို မျဖန႔္ခ်ိရခင္မွာ ကိုရီးယားကုမၸဏီႀကီးဟာ ေနာက္ထပ္ မတူညီတဲ့ဒီဇိုင္းနဲ႔ Foldable ဖုန္းေတြကို ထုတ္လုပ္ဖို႔ ျပင္ဆင္ေနတယ္ဆိုတဲ့သတင္းေတြလည္း ထြက္ေပၚလာပါတယ္။

Samsung ဟာ ခါးလယ္ကေန ေခါက္သိမ္းလို႔ရမယ့္ Foldable ဖုန္းဒီဇိုင္းကိုစီစဥ္ေနတယ္လို႔ မတ္လဆန္းကတည္းက သတင္းထြက္ခဲ့ၿပီး ဒီဖုန္းဟာ Motorola RAZR ရဲ႕ ဒီဇိုင္းနဲ႔ ဆင္တူတယ္လို႔ ဆိုခဲ့ၾကတာ ျဖစ္ပါတယ္။ မတ္လဒုတိယပတ္မွာေတြ႕ခဲ့ရတဲ့ မူပိုင္ခြင့္ပုံေတြအရလည္း ဒီ Foldable ဟာ Motorola RAZR နဲ႔ ဆင္တူတာကို အတည္ျပဳႏိုင္ခဲ့ၾကပါတယ္။

LETSGO Digital ကေန ေဖာ္ျပလိုက္တဲ့ Renders ပုံေတြမွာေတာ့ Samsung ရဲ႕ Foldable ဖုန္းသစ္ပုံစံကို ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ Galaxy Fold 2 လို႔ ေခၚဆိုေနၾကတဲ့ဒီဖုန္းဟာ သမား႐ိုးက်စမတ္ဖုန္းတစ္လုံးကို ပိုက္ဆံအိတ္ေခါက္သလို ခါးလယ္ကေနေခါက္ဖို႔အတြက္ ဒီဇိုင္းဆင္ထားတာ ျဖစ္ပါတယ္။

မူပိုင္ခြင့္တင္ထားတဲ့ ႐ုပ္ပုံေတြမွာေတာ့ ေက်ာဘက္မွာ ကင္မရာတစ္လုံးအတြက္ပဲေနရာလုပ္ထားသလို ေခါက္ခ်ိဳးတာက မ်က္ႏွာျပင္ကို အျပင္ဘက္ထားၿပီး ေခါက္ခ်ိဳးထားတဲ့ ပုံစံလည္း ေတြ႕ရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Samsung ဟာ အခုလိုမ်ိဳး ခါးလယ္ကေန ေခါက္ခ်ိဳးလိုက္ႏိုင္မယ့္ Foldable ဖုန္းကို ထုတ္လုပ္လာဖြယ္ရွိတာကေတာ့ အေတာ္ေလးကို ေသခ်ာသေလာက္ ရွိေနၿပီပဲ ျဖစ္ပါတယ္။

Ref: Phone Arena

[Unicode]

ခါးလယ္ကေန ခ်ိဳးေခါက္ႏိုင္တဲ့ Foldable ဖုန္းကို Samsung ထုတ္လာဖြယ္ရွိ

Samsung ရဲ့ ပထမဦးဆုံး Foldable ဖုန်းဖြစ်တဲ့ Galaxy Fold ကတော့ စက်တင်ဘာလထဲမှာ ဈေးကွက်ထဲကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ Galaxy Fold ကို မဖြန့်ချိရခင်မှာ ကိုရီးယားကုမ္ပဏီကြီးဟာ နောက်ထပ် မတူညီတဲ့ဒီဇိုင်းနဲ့ Foldable ဖုန်းတွေကို ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။

Samsung ဟာ ခါးလယ်ကနေ ခေါက်သိမ်းလို့ရမယ့် Foldable ဖုန်းဒီဇိုင်းကိုစီစဉ်နေတယ်လို့ မတ်လဆန်းကတည်းက သတင်းထွက်ခဲ့ပြီး ဒီဖုန်းဟာ Motorola RAZR ရဲ့ ဒီဇိုင်းနဲ့ ဆင်တူတယ်လို့ ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ မတ်လဒုတိယပတ်မှာတွေ့ခဲ့ရတဲ့ မူပိုင်ခွင့်ပုံတွေအရလည်း ဒီ Foldable ဟာ Motorola RAZR နဲ့ ဆင်တူတာကို အတည်ပြုနိုင်ခဲ့ကြပါတယ်။

LETSGO Digital ကနေ ဖော်ပြလိုက်တဲ့ Renders ပုံတွေမှာတော့ Samsung ရဲ့ Foldable ဖုန်းသစ်ပုံစံကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရမှာဖြစ်ပါတယ်။ Galaxy Fold 2 လို့ ခေါ်ဆိုနေကြတဲ့ဒီဖုန်းဟာ သမားရိုးကျစမတ်ဖုန်းတစ်လုံးကို ပိုက်ဆံအိတ်ခေါက်သလို ခါးလယ်ကနေခေါက်ဖို့အတွက် ဒီဇိုင်းဆင်ထားတာ ဖြစ်ပါတယ်။

မူပိုင်ခွင့်တင်ထားတဲ့ ရုပ်ပုံတွေမှာတော့ ကျောဘက်မှာ ကင်မရာတစ်လုံးအတွက်ပဲနေရာလုပ်ထားသလို ခေါက်ချိုးတာက မျက်နှာပြင်ကို အပြင်ဘက်ထားပြီး ခေါက်ချိုးထားတဲ့ ပုံစံလည်း တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Samsung ဟာ အခုလိုမျိုး ခါးလယ်ကနေ ခေါက်ချိုးလိုက်နိုင်မယ့် Foldable ဖုန်းကို ထုတ်လုပ်လာဖွယ်ရှိတာကတော့ အတော်လေးကို သေချာသလောက် ရှိနေပြီပဲ ဖြစ်ပါတယ်။

Ref: Phone Arena