Snapchat ဟာ မကြာသေးခင်ကပဲ ကြီးမားတဲ့ Update တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ Snapchat stories တွေမှာ ကြော်ငြာတွေ မိတ်ဆက်တာ၊ Snapchat Tinder ဖန်တီးတာတွေလည်း စာရင်းထဲမှာပါဝင်နေတာကို တွေ့ရပါတယ်။ နောက်ဆုံးထုတ်ဟာ လုံခြုံရေးပိုင်းဆိုင်ရာကို ပိုပြီး ဦးစားပေးထားတယ်ဆိုတာတော့ အသေအချာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက ကြေညာမှုအရ Snapchat ဟာ သူ့ရဲ့ပလက်ဖောင်းမှာ Live location sharing ပြုလုပ်နိုင်မှုကို ယူဆောင်လာပြီ ဖြစ်ပါတယ်။ ကိုယ့်ရဲ့တည်နေရာကို သူငယ်ချင်းဆီ တစ်ကြိမ်သုံးမျှဝေပေးတာဟာ တစ်ဦးနဲ့တစ်ဦး ရှာဖွေတွေ့ဆုံဖို့ ပိုပြီးတော့ လွယ်ကူသွားစေပါတယ်။

တစ်ဖက်ကပြန်ကြည့်ရင်တော့ တည်နေရာကို အချိန်နဲ့တပြေးညီ အဆက်မပြတ်မျှဝေနိုင်တယ်ဆိုတာဟာ လုံခြုံတဲ့နေရာနဲ့ ဝေးနေတဲ့အချိန်မျိုးမှာ တစ်စုံတစ်ယောက်က အဝေးကနေမျက်ခြေမပြတ်စောင့်ကြည့်ပေးနေနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်သလို၊ ကိုယ်ရှိနေတဲ့နေရာကို အမြဲတမ်းဖော်ပြနေနိုင်ခြင်းအားဖြင့် လုံခြုံမှုကိုသာမန်ထက်ပိုပြီး ရရှိနိုင်တယ်လို့ ဆိုရပါလိမ့်မယ်။

အကယ်၍ Snapchat မှာလည်း အသုံးပြုသူရဲ့ဖုန်းကို Locked လုပ်ထားတယ်ဆိုရင်တောင် Background မှာ အလားလူလုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် အသုံးပြုသူက သူ့ရဲ့ဖုန်းကို ဝင်ရောက်ခွင့်မပြုဘူးဆိုရင်တောင်မှ သဘောတူညီထားတဲ့အချိန်မှာ အိမ်မှာမရှိလည်း တစ်ယောက်ယောက်က Action ယူနိုင်ပါလိမ့်မယ်။

“Live Location” feature ကို Default မှာ ပိတ်ထားပေမဲ့လည်း သတ်မှတ်ချိန်အဖြစ် ၁၅ မိနစ်ကနေ နာရီပေါင်းများစွာအထိ ဖွင့်ထားနိုင်ပါတယ်။ အသုံးပြုသူတွေက သူတို့ရဲ့တည်နေရာကို သူတို့ရဲ့သူငယ်ချင်းတွေနဲ့ပဲ မျှဝေနိုင်မှာဖြစ်ပြီး နှစ်ဦးစလုံးကတော့ ဒီ Feature ကို သုံးစွဲနိုင်ဖို့ Live Location ကို ရွေးချယ်ထားရမှာ ဖြစ်ပါတယ်။

Snapchat ရဲ့ “Live location” update ကို “It’s On Us” လို့ခေါ်တွင်တဲ့ အကျိုးအမြတ်မယူတဲ့ လူငယ်ပရိုဂရမ်တစ်ခုနဲ့ပူးပေါင်းပြီး အမေရိကန်ရဲ့ကောလိပ်ကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို အဆုံးသတ်စေဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ ဒီ Feature ကို နောက်ပိုင်းမွမ်းမံမှုတွေမှာ မိတ်ဆက်သွားမယ်လို့သိရပါတယ်။

Ref: Phone Arena