ဝေးလံခေါင်ဖျားတဲ့ ဒေသတွေအတွက် ဂြိုလ်တု အင်တာနက်ဟာ အရမ်းကို အသုံးဝင်ပါတယ်။ Speedtest.net ကို တည်ထောင်ထားတဲ့ Ookla က SpaceX ရဲ့ Starlink ဂြိုလ်တု အင်တာနက် Download အမြန်နှုန်းဟာ နိုင်ငံ ၁၅ ခုမှာ ပျမ်းမျှအားဖြင့် 100 Mbps ကျော်သွားပြီလို့ ပြောပါတယ်။

SpaceX ဟာ ဂြိုလ်တုပေါင်း ၂၀၀၀ ကျော်ကို ကမ္ဘာပတ်လမ်းကြောင်းထဲ ပို့ဆောင်ထားပြီး ဂြိုလ်တု အင်တာနက် ကုမ္ပဏီတွေထဲမှာ အများဆုံး ဖြစ်နေပါတယ်။ ပြန်လည် အသုံးပြုနိုင်တဲ့ ဒုံးပျံတွေနဲ့ ဂြိုလ်တု သောင်းဂဏန်းကို ထပ်မံ လွှတ်တင်ဖို့ စီစဉ်ထားပါတယ်။ Starlink ရဲ့ ဂြိုလ်တု အင်တာနက်ဟာ ပြိုင်ဖက် ကုမ္ပဏီတွေထက် အမြန်နှုန်း ပိုကောင်းပြီး Latency နည်းပါးပါတယ်။

Starlink - Wikipedia

Ookla က Starlink ကို HughesNet , Viasat တို့နဲ့ နှိုင်းယှဉ်ပြသခဲ့ပါတယ်။ အဲဒီ ကုမ္ပဏီ ၂ ခုဟာ 20 Mbps Download နဲ့ 2-3 Mbps Upload အမြန်နှုန်းရှိပြီး Starlink က 104.97 Mbps Download နဲ့ 12 Mbps Upload အမြန်နှုန်း ရှိပါတယ်။ ဩစတြေးလျလို နိုင်ငံမျိုးမှာ 141.55 Mbps Download  အမြန်နှုန်းတောင်ရနေပါတယ်။ Latency အကြောင်းပြောရရင် Viasat ဟာ 627 ms နဲ့ HughesNet ဟာ 725 ms ရှိပြီး Starlink က 40 ms ပဲရှိပါတယ်။

Starlink ရဲ့ အမြန်နှုန်းဟာ ပြီးခဲ့တဲ့ နှစ် ကွာတား ၃ ကနေ ကွာတား ၄ မှာ အများကြီး တိုးတက်လာခဲ့ပါတယ်။ နောက်ထပ် ဂြိုလ်တုများစွာကို ထပ်မံ လွှတ်တင်ဖို့ စီစဉ်ထားတဲ့အတွက် အမြန်နှုန်းဟာ အနာဂတ်မှာ ပိုတိုးတက်လာမှာ သေချာပါတယ်။

Ref : androidpolice