[Zawgyi]

BlackBerry ရဲ႕ မိခင္ႀကီးျဖစ္တဲ့ TCL ဟာ ၂၀၁၉ ရဲ႕ Foldable ဖုန္းၿပိဳင္ပြဲထဲကို ဝင္ေရာက္လာၿပီး သူတို႔အေနနဲ႔ ဒီဖုန္းကို ၂၀၂၀ ျပည့္ႏွစ္မွာ ျဖန႔္ခ်ိမယ္လို႔ အတည္ျပဳေပးသြားခဲ့ပါတယ္။ ဘာစီလိုနာမွာက်င္းပတဲ့ MWC ပြဲအတြင္း ျပသသြားခဲ့တာကေတာ့ Concept ဖုန္းအဆင့္ပဲ ရွိေသးတာေၾကာင့္ မ်က္ႏွာျပင္ရဲ႕ အေနာက္မွာ ဘာေတြရွိတယ္ဆိုတာကိုေတာ့ သိခြင့္ မရခဲ့ပါဘူး။

TCL ရဲ႕ ေျပာဆိုခ်က္အရ ဒီ Foldable ဖုန္းဟာ အျခားဖုန္းေတြနဲ႔မတူဘဲ ခ်ိဳသာတဲ့ေဈးႏႈန္းနဲ႔ ေရာင္းခ်မယ္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာ Foldable ဖုန္းတစ္လုံးရဲ႕ တန္ဖိုးဟာ $2,000 ဝန္းက်င္ႏႈန္းေလာက္ျဖစ္တယ္ဆိုတာ လူတိုင္းလည္း သိၾကပါလိမ့္မယ္။ ဒါေၾကာင့္ TCL ကေျပာတဲ့ “ခ်ိဳသာတဲ့ေဈးႏႈန္း” ဆိုတာ ဘယ္ေလာက္ျဖစ္မလဲက စိတ္ဝင္စားစရာပါ။

“ပထမဦးဆုံးျဖစ္ဖို႔ အေရးမႀကီးပါဘူး။ ကြၽန္ေတာ္တို႔အေနနဲ႔ အေစာဆုံးျဖန႔္ခ်ိႏိုင္ဖို႔ အေလာသုံးဆယ္ လုပ္ေဆာင္မွာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ျဖစ္ေစခ်င္တာက သုံးစြဲသူအတြက္ သုံးစြဲလို႔လြယ္ၿပီး၊ အသုံးလည္းဝင္တဲ့ ပုံစံမ်ိဳးနဲ႔ ေဈးကြက္ထဲမွာ ရွိေနေစခ်င္တာပါ” လို႔ TCL ရဲ႕ ေျပာခြင့္ရ ပုဂၢိဳလ္က ဆိုပါတယ္။

ဒါေၾကာင့္ TCL အေနနဲ႔ပဲျဖစ္ျဖစ္၊ Alcatel ဒါမွမဟုတ္ BlackBerry အေနနဲ႔ပဲျဖစ္ျဖစ္ Foldable ဖုန္းကို ၂၀၁၉ ခုႏွစ္အတြင္းမွာ ေတြ႕ျမင္ရမွာမဟုတ္ဘဲ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္မွာမွ ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ကေတာ့ Foldable ေတြအတြက္ ၿပိဳင္ဆိုင္မႈ ျပင္းထန္လာမယ့္ ႏွစ္တစ္ႏွစ္အျဖစ္လည္း ျမင္ေတြ႕ရဖြယ္ ရွိေနပါတယ္။

TCL ဟာ Flexible Display ကို ကိုယ္တိုင္ထုတ္လုပ္တာပါ။ (CSOT က လုပ္ငန္းစုႀကီးရဲ႕ေအာက္မွာ အတူတူပဲ ျဖစ္ပါတယ္) ဒီအခ်က္က ထုတ္လုပ္မႈစရိတ္ကို ေလ်ာ့က်ေစတဲ့ အဓိကအခ်က္ျဖစ္ပါတယ္။ ဒါေပမယ့္ ေဈးႏႈန္းေၾကာင့္ အရည္အေသြးေလ်ာ့က်မႈ ရွိလာႏိုင္လားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာပါ။

ေနာက္တစ္ခ်က္က ေခါက္ခ်ိဳးျပဳလုပ္တဲ့ နည္းပညာမွာ TCL က မတူညီတဲ့ ရႈေထာင့္ကေန ခ်ဥ္းကပ္ထားၿပီး 180 degrees ေခါက္ႏိုင္တယ္လို႔ ဆိုပါတယ္။ က်န္တဲ့တစ္ခ်က္ကေတာ့ Software Solution ျဖစ္ပါတယ္။ TCL ဟာ အျခား Foldable ဖုန္းေတြလိုပဲ Multi-Tasking, Gaming စတာေတြအတြက္ မ်က္ႏွာျပင္အေသးကေန၊ အႀကီး အျပန္အလွန္ ကူးေျပာင္းႏိုင္ဖို႔ ျပင္ဆင္ထားၿပီး ျဖစ္တယ္လို႔ ဆိုပါတယ္။

TCL က သူတို႔ရဲ႕ Foldable ဖုန္းကို TCL DragonHige လို႔အမည္ေပးထားတာ ေတြ႕ရပါတယ္။ အေတာ္ေလးကို ထူးေထြဆန္းျပားတဲ့ နာမည္မွည့္ထားတယ္လို႔ ဆိုရမွာပါ။ ဒါေပမယ့္ ေနာက္ပိုင္းမွာ အျခားနာမည္တစ္မ်ိဳးကို ေျပာင္းသုံးတာမ်ိဳးလည္း ျဖစ္လာႏိုင္ပါတယ္။

လက္ရွိအခ်ိန္မွာ သိရသေလာက္ကေတာ့ 7.2-inch QHD+ (2048 x 1536) AMOLED Display အျပင္ အေနာက္ကင္မရာ ၄ လုံးလည္း တပ္ဆင္ထားတယ္ဆိုတာေၾကာင့္ “ခ်ိဳသာတဲ့ေဈးႏႈန္း” ဆိုတာဟာ ထင္သေလာက္ေတာ့ ျဖစ္လာဖြယ္ မရွိဘူးလို႔ ယူဆရပါတယ္။

Ref: TechRadar

[Unicode]

၂၀၂၀ မှာ ဖြန့်ချိမယ်ဆိုတဲ့ TCL ရဲ့ ဈေးနှုန်းချိုသာမယ့် Foldable ဖုန်း

BlackBerry ရဲ့ မိခင်ကြီးဖြစ်တဲ့ TCL ဟာ ၂၀၁၉ ရဲ့ Foldable ဖုန်းပြိုင်ပွဲထဲကို ဝင်ရောက်လာပြီး သူတို့အနေနဲ့ ဒီဖုန်းကို ၂၀၂၀ ပြည့်နှစ်မှာ ဖြန့်ချိမယ်လို့ အတည်ပြုပေးသွားခဲ့ပါတယ်။ ဘာစီလိုနာမှာကျင်းပတဲ့ MWC ပွဲအတွင်း ပြသသွားခဲ့တာကတော့ Concept ဖုန်းအဆင့်ပဲ ရှိသေးတာကြောင့် မျက်နှာပြင်ရဲ့ အနောက်မှာ ဘာတွေရှိတယ်ဆိုတာကိုတော့ သိခွင့် မရခဲ့ပါဘူး။

TCL ရဲ့ ပြောဆိုချက်အရ ဒီ Foldable ဖုန်းဟာ အခြားဖုန်းတွေနဲ့မတူဘဲ ချိုသာတဲ့ဈေးနှုန်းနဲ့ ရောင်းချမယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ Foldable ဖုန်းတစ်လုံးရဲ့ တန်ဖိုးဟာ $2,000 ဝန်းကျင်နှုန်းလောက်ဖြစ်တယ်ဆိုတာ လူတိုင်းလည်း သိကြပါလိမ့်မယ်။ ဒါကြောင့် TCL ကပြောတဲ့ “ချိုသာတဲ့ဈေးနှုန်း” ဆိုတာ ဘယ်လောက်ဖြစ်မလဲက စိတ်ဝင်စားစရာပါ။

“ပထမဦးဆုံးဖြစ်ဖို့ အရေးမကြီးပါဘူး။ ကျွန်တော်တို့အနေနဲ့ အစောဆုံးဖြန့်ချိနိုင်ဖို့ အလောသုံးဆယ် လုပ်ဆောင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဖြစ်စေချင်တာက သုံးစွဲသူအတွက် သုံးစွဲလို့လွယ်ပြီး၊ အသုံးလည်းဝင်တဲ့ ပုံစံမျိုးနဲ့ ဈေးကွက်ထဲမှာ ရှိနေစေချင်တာပါ” လို့ TCL ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

ဒါကြောင့် TCL အနေနဲ့ပဲဖြစ်ဖြစ်၊ Alcatel ဒါမှမဟုတ် BlackBerry အနေနဲ့ပဲဖြစ်ဖြစ် Foldable ဖုန်းကို ၂၀၁၉ ခုနှစ်အတွင်းမှာ တွေ့မြင်ရမှာမဟုတ်ဘဲ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာမှ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၀ ပြည့်နှစ်ကတော့ Foldable တွေအတွက် ပြိုင်ဆိုင်မှု ပြင်းထန်လာမယ့် နှစ်တစ်နှစ်အဖြစ်လည်း မြင်တွေ့ရဖွယ် ရှိနေပါတယ်။

TCL ဟာ Flexible display ကို ကိုယ်တိုင်ထုတ်လုပ်တာပါ။ (CSOT က လုပ်ငန်းစုကြီးရဲ့အောက်မှာ အတူတူပဲ ဖြစ်ပါတယ်) ဒီအချက်က ထုတ်လုပ်မှုစရိတ်ကို လျော့ကျစေတဲ့ အဓိကအချက်ဖြစ်ပါတယ်။ ဒါပေမယ့် ဈေးနှုန်းကြောင့် အရည်အသွေးလျော့ကျမှု ရှိလာနိုင်လားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

နောက်တစ်ချက်က ခေါက်ချိုးပြုလုပ်တဲ့ နည်းပညာမှာ TCL က မတူညီတဲ့ ရှုထောင့်ကနေ ချဉ်းကပ်ထားပြီး 180 degrees ခေါက်နိုင်တယ်လို့ ဆိုပါတယ်။ ကျန်တဲ့တစ်ချက်ကတော့ Software solution ဖြစ်ပါတယ်။ TCL ဟာ အခြား Foldable ဖုန်းတွေလိုပဲ Multi-tasking, gaming စတာတွေအတွက် မျက်နှာပြင်အသေးကနေ၊ အကြီး အပြန်အလှန် ကူးပြောင်းနိုင်ဖို့ ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

TCL က သူတို့ရဲ့ Foldable ဖုန်းကို TCL DragonHige လို့အမည်ပေးထားတာ တွေ့ရပါတယ်။ အတော်လေးကို ထူးထွေဆန်းပြားတဲ့ နာမည်မှည့်ထားတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ အခြားနာမည်တစ်မျိုးကို ပြောင်းသုံးတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

လက်ရှိအချိန်မှာ သိရသလောက်ကတော့ 7.2-inch QHD+ (2048 x 1536) AMOLED display အပြင် အနောက်ကင်မရာ ၄ လုံးလည်း တပ်ဆင်ထားတယ်ဆိုတာကြောင့် “ချိုသာတဲ့ဈေးနှုန်း” ဆိုတာဟာ ထင်သလောက်တော့ ဖြစ်လာဖွယ် မရှိဘူးလို့ ယူဆရပါတယ်။

Ref: TechRadar