[Zawgyi]

Galaxy Fold Smartphone ရဲ႕ ျပႆနာသတင္းေတြ သတင္းေခါင္းစီးေတြမွာ မၾကာခဏ ပါလာတာကို Samsung မတားဆီးႏုိင္ေသးတဲ့ပံုေပၚပါတယ္။ ႏွစ္ေပါင္းမ်ားစြာ သတင္းေတြထြက္လာၿပီးေနာက္မွာ Galaxy Fold ကို ဧၿပီလမွာ ေရာင္းခ်ဖို႔ စီစဥ္ခဲ့ပါတယ္။ ဒါေပမယ့္ Reviewer ေတြကို စမ္းသပ္ဖို႔ ေပးထားတဲ့ အလံုးေတြမွာ မ်က္ႏွာျပင္ ျပႆနာေတြ တက္ခဲ့ပါတယ္။ ကုမၸဏီက အဲဒီ အလံုးေတြကို ျပန္သိမ္းၿပီး ျပႆနာကို အေျဖရွာခဲ့ရပါတယ္။ ေရာင္းခ်မယ့္ အခ်ိန္ကိုလည္း ေနာက္ဆုတ္ခဲ့ရပါတယ္။

Samsung က ျပႆနာေတြကို ေျဖရွင္းၿပီး အခုေတာ့ တခ်ိဳ႕ႏုိင္ငံေတြမွာ ေရာင္းခ်ေပးလိုက္ပါၿပီ။ ဒီလ အေစာပိုင္းမွာ ေတာင္ကိုရီးယားနဲ႔ ၿဗိတိန္မွာ ေရာင္းခ်ေပးခဲ့ပါတယ္။ ၂၇ ရက္ေန႔မွာ အေမရိကန္မွာ ေရာင္းခ်ေပးလိုက္ပါတယ္။ ၁,၉၈၀ ေဒၚလာသတ္မွတ္ထားၿပီး ျမန္မာေငြ သိန္း ၃၀ ေက်ာ္ရွိပါတယ္။ 5G Model က ေဒၚလာ ရာဂဏန္းေလာက္ပိုေပးရမွာပါ။

အခုလည္း Galaxy Fold ရဲ႕ မ်က္ႏွာျပင္ဟာ ျပႆနာ ထပ္တက္သြားျပန္ပါတယ္။ Reviewer ၁ ေယာက္ရဲ႕ အလံုးမွာျဖစ္ပါတယ္။ TechCrunch ရဲ႕ Hardware Editor ျဖစ္သူ Brian Heater ဧၿပီလမွာ စမ္းသပ္ခဲ့တဲ့ Galaxy Fold မွာ ျပႆနာ မတက္ခဲ့ေပမယ့္ အခုအလံုးမွာေတာ့ ၁ ရက္သံုးၿပီးေနာက္မွာ ျပႆနာ တက္သြားပါတယ္။

Heater မွ်ေ၀ထားတဲ့ အထက္ပါ ဓါတ္ပံုအရ မ်က္ႏွာျပင္ရဲ႕ ေခါက္ခ်ိဳးလိုင္း အလယ္မွာ ကြဲအက္ေနတာကို ျမင္ရပါတယ္။  Samsung က အဲဒီ အလံုးကို ျပန္သိမ္းၿပီး စံုစမ္းစစ္ေဆးေနပါတယ္။ ဒီျပႆနာဟာ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္တာ မဟုတ္ပါေစနဲ႔လို႔ပဲ Samsung အတြက္ ဆုေတာင္းေပးလိုက္ပါတယ္။

Ref : androidpolice

[Unicode]

၁ ရက်သုံးပြီးနောက်မှာ ပြဿနာတက်သွားပြန်တဲ့ Galaxy Fold

Galaxy Fold Smartphone ရဲ့ ပြဿနာသတင်းတွေ သတင်းခေါင်းစီးတွေမှာ မကြာခဏ ပါလာတာကို Samsung မတားဆီးနိုင်သေးတဲ့ပုံပေါ်ပါတယ်။ နှစ်ပေါင်းများစွာ သတင်းတွေထွက်လာပြီးနောက်မှာ Galaxy Fold ကို ဧပြီလမှာ ရောင်းချဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် Reviewer တွေကို စမ်းသပ်ဖို့ ပေးထားတဲ့ အလုံးတွေမှာ မျက်နှာပြင် ပြဿနာတွေ တက်ခဲ့ပါတယ်။ ကုမ္ပဏီက အဲဒီ အလုံးတွေကို ပြန်သိမ်းပြီး ပြဿနာကို အဖြေရှာခဲ့ရပါတယ်။ ရောင်းချမယ့် အချိန်ကိုလည်း နောက်ဆုတ်ခဲ့ရပါတယ်။

Samsung က ပြဿနာတွေကို ဖြေရှင်းပြီး အခုတော့ တချို့နိုင်ငံတွေမှာ ရောင်းချပေးလိုက်ပါပြီ။ ဒီလ အစောပိုင်းမှာ တောင်ကိုရီးယားနဲ့ ဗြိတိန်မှာ ရောင်းချပေးခဲ့ပါတယ်။ ၂၇ ရက်နေ့မှာ အမေရိကန်မှာ ရောင်းချပေးလိုက်ပါတယ်။ ၁,၉၈၀ ဒေါ်လာသတ်မှတ်ထားပြီး မြန်မာငွေ သိန်း ၃၀ ကျော်ရှိပါတယ်။ 5G Model က ဒေါ်လာ ရာဂဏန်းလောက်ပိုပေးရမှာပါ။

အခုလည်း Galaxy Fold ရဲ့ မျက်နှာပြင်ဟာ ပြဿနာ ထပ်တက်သွားပြန်ပါတယ်။ Reviewer ၁ ယောက်ရဲ့ အလုံးမှာဖြစ်ပါတယ်။ TechCrunch ရဲ့ Hardware Editor ဖြစ်သူ Brian Heater ဧပြီလမှာ စမ်းသပ်ခဲ့တဲ့ Galaxy Fold မှာ ပြဿနာ မတက်ခဲ့ပေမယ့် အခုအလုံးမှာတော့ ၁ ရက်သုံးပြီးနောက်မှာ ပြဿနာ တက်သွားပါတယ်။

Heater မျှဝေထားတဲ့ အထက်ပါ ဓါတ်ပုံအရ မျက်နှာပြင်ရဲ့ ခေါက်ချိုးလိုင်း အလယ်မှာ ကွဲအက်နေတာကို မြင်ရပါတယ်။ Samsung က အဲဒီ အလုံးကို ပြန်သိမ်းပြီး စုံစမ်းစစ်ဆေးနေပါတယ်။ ဒီပြဿနာဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်တာ မဟုတ်ပါစေနဲ့လို့ပဲ Samsung အတွက် ဆုတောင်းပေးလိုက်ပါတယ်။

Ref : androidpolice