Tecno က နည်းပညာမြင့် နောက်ဆုံးထုတ်ကုန်ကို ပြသလိုက်ပြီး အဲဒါက စက္ကူလို ခေါက်လိပ်နိုင်တဲ့ မျက်နှာပြင်ပါတဲ့ Phantom Ultimate အမည်ရ Rollable စမတ်ဖုန်း Concept ဖြစ်ပါတယ်။ ဖုန်း မျက်နှာပြင်ဟာ ဘေးနှစ်ဖက်ကို ဆန့်ထုတ်နိုင်ပြီး မျက်နှာပြင်ဟာ 6.55” ကနေ 7.11” ကို ၁.၂-၁.၃ စက္ကန့်အတွင်း ပြောင်းလဲပေးနိုင်ပါတယ်။

Tecno announces Phantom Ultimate rollable smartphone concept - GSMArena.com  news

Phantom Ultimate မှာ ညာဘက်အထက်က ခလုတ်ကို ၁ ချက်နှိပ်လိုက်တာနဲ့ မျက်နှာပြင်ကို ဆန့်ထုတ်ပေးတဲ့ Single-drive Motor စနစ်ပါပါတယ်။ ဖုန်းကို ခေါက်လိပ်ထားရင် 6.55” စမတ်ဖုန်းလို သုံးနိုင်မှာဖြစ်ပြီး အပို မျက်နှာပြင်ဟာ အနောက်ဘက်မှာ တည်ရှိနေမှာ ဖြစ်ကာ Always-on Display လို သုံးနိုင်ပါတယ်။

Specs အကြောင်းပြောရရင် 7.11” On-cell LTPO AMOLED 2296x1596p မျက်နှာပြင်ပါလာပြီး 388 PPI ဖြစ်ပါတယ်။ 100% DCI-P3 Color Gamut Coverage ထောက်ပံ့ထားပါတယ်။

အထူက ၉.၉၃ မီလီမီတာ ရှိပြီး Tecno က လက်တစ်ဖက်ထဲနဲ့ လွယ်ကူစွာ ကိုင်နိုင်တယ်လို့ ပြောပါတယ်။ ဖုန်းမှာ Sliding Area အတွက် ကာကွယ်ပေးတဲ့ ဖန်မျက်နှာပြင် ပါလာပြီး ကိုင်တွယ်ရတာ မြဲမြံစေဖို့ အနောက်ဘက်မှာ Texture ထည့်ထားပါတယ်။

Phantom Ultimate ဟာ Concept အဆင့်ပဲ ရှိသေးတဲ့အတွက် မကြာခင် ရောင်းချမှာ မဟုတ်သေးပါဘူး။ Rollable ဖုန်းတွေ ထွက်လာဖို့အတွက် နည်းပညာ အတားအဆီး တချို့ ရှိဦးမယ်လို့ ထင်ပါတယ်။

Ref : gsmarena