Tecno က Pova 5 Series ရဲ့ ပထမဆုံး ဖုန်း ဖြစ်တဲ့ Pova 5 ကို ကြေညာလိုက်ပြီး Tecno က Turbo Mecha လို့ ခေါ်တဲ့ ခေတ်ရှေ့ပြေး ဒီဇိုင်း ပါလာပါတယ်။ အနောက်ဘက်က မျဉ်းကြောင်းတွေက ရုပ်ရှင်တွေထဲက အရွယ်ကြီး စက်ရုပ်ပုံသဏ္ဍာန်နဲ့ ဆင်တူပါတယ်။

Tecno announces Pova 5 with 6,000mAh battery, Free Fire special edition tags along

Tecno Pova 5 မှာ 45W Charging ထောက်ပံ့တဲ့ 6,000mAh Battery တပ်ဆင်ထားပြီး ၂၁ မိနစ်မှာ ၅၀ ရာခိုင်နှုန်းနဲ့ ၆၀ မိနစ်မှာ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ ဒါ့အပြင် 10W နှုန်းနဲ့ တခြား ဖုန်းတွေကို အားသွင်းပေးနိုင်ပါတယ်။ ဘက်ထရီ သက်တမ်း ကောင်းစေဖို့နဲ့ ဘက်ထရီ ဘေးကင်းစေဖို့ Battery Lab 3.0 Software နဲ့ STS Secure Battery Technology ပါပါတယ်။

Tecno announces Pova 5 with 6,000mAh battery, Free Fire special edition tags along

MediaTek 6nm Helio G99 မောင်းနှင်ထားပြီး 8GB RAM ထည့်ထားပါတယ်။ အပူစုပ်ယူပေးတဲ့ Vapor Chamber နဲ့ Graphene Heat Sink ပါပါတယ်။

Tecno Pova 5 မှာ 6.78” 1080x2446p IPS LCD မျက်နှာပြင်တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။

အနောက်ဘက်မှာ 50MP နဲ့ Depth Sensor တွဲဖက်ထားပြီး အရှေ့ဘက်မှာ 8MP ကင်မရာ ပါပါတယ်။

Tecno က Pova 5 ကို အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းနဲ့ လက်တင် အမေရိကမှာ Hurricane Blue, Amber Gold နဲ့ Mecha Black အရောင်တွေ ရောင်းချမှာပါ။ နိုင်ငံအလိုက် ဈေးနှုန်းကို မကြာခင် ကြေညာမှာပါ။

Ref : gsmarena