Tecno က အနောက်ဘက်မှာ သားရေနဲ့ Ceramic ထည့်သွင်းထားပြီး ပရီမီယမ် ဒီဇိုင်း ပါတဲ့ Camon 20 Premier 5G ကို ကြေညာလိုက်ပါတယ်။ Tecno က တည်ဆောက်မှု အရည်အသွေးက ပရီမီယမ် ဖြစ်ပြီး ဖုန်း ၁ လုံးချင်းစီကို အချောသတ်ဖို့ ၅၆ နာရီနဲ့ တည်ဆောက်ဖို့ ၅၇၆ နာရီ အချိန်ယူရတယ်လို့ ပြောပါတယ်။

Tecno Camon 20 Premier 5GTecno Camon 20 Premier 5G

အနောက်ဘက် Panel ကို သားရေနဲ့ ဖုံးအုပ်ထားပြီး ကင်မရာ Module ကို Ceramic နဲ့ တည်ဆောက်ထားပါတယ်။ Serenity Blue နဲ့ Dark Welkin (Black) ၂ ရောင်ထုတ်လုပ်ထားပါတယ်။

Camon 20 Premier 5G မှာ စိတ်ဝင်စားစရာကောင်းတဲ့ ကင်မရာတွေ တပ်ဆင်ထားပါတယ်။ 50MP Main (Sensor-shift OIS) , 108MP Ultrawide (autofocus နဲ့ macro စွမ်းရည်ပါ), 2MP Depth ကင်မရာနဲ့ Laser AF Sensor တွေ ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှာ 32MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။

Tecno Camon 20 Premier 5G is official with Dimensity 8050

MediaTek Dimensity 8050 Chip မောင်းနှင်ထားပြီး Cortex-A78 Core ၄ လုံးနဲ့ Cortex-A55 Core ၄ လုံး တပ်ဆင်ထားပါတယ်။ 8GB RAM နဲ့ 512GB Storage ထည့်သွင်းထားပါတယ်။

မျက်နှာပြင်အကြောင်း ပြောရရင် 6.67” 2400x1080p AMOLED တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါပါတယ်။

45W Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပြီး ဒေါ်လာ ၄၅၀ နဲ့ နိုင်ဂျီးရီးယားမှာ ရောင်းချပေးလိုက်ပါပြီ။

Tecno က Camon 20 Series ကို အာဖရိက၊ လက်တင် အမေရိက၊ အရှေ့ အလယ်ပိုင်း၊ အရှေ့တောင်အာရှနဲ့ တောင်အာရှမှာ ရောင်းချမယ်လို့ ပြောပါတယ်။

Ref : gsmarena