Tecno ဟာ Phantom V Flip ကို ဖန်တီးနေပြီး ကုမ္ပဏီရဲ့  Foldable မျက်နှာပြင်ပါတဲ့ ပထမဆုံး Clamshell ဖုန်း ဖြစ်လာမှာပါ။ မကြာခင်က အဲဒီဖုန်းကို Google Play Console မှာ တွေ့ခဲ့ရပြီး တရားဝင် ကြေညာဖို့ နီးကပ်နေပါပြီ။ အခုတော့ Tipster Paras Guglani က အဲဒီဖုန်းရဲ့ ဓါတ်ပုံ ၁ ပုံကို မျှဝေလိုက်ပါတယ်။

Tecno Phantom V Flip leaked poster

ဓါတ်ပုံအရ စက်ဝိုင်းပုံ ကင်မရာ Module ပါလာပြီး ကင်မရာ ၂ လုံးနဲ့ LED Flash ၁ လုံး တပ်ဆင်ထားပါတယ်။ ကင်မရာ Ring ထဲမှာ စက်ဝိုင်းပုံ ကာဗာ မျက်နှာပြင် ထည့်ထားပါတယ်။ ဖုန်း အနောက်ဘက်မှာ Texture ‌တွေကို မြင်ရပါတယ်။

ပေါက်ကြားသတင်းတွေအရ Tecno Phantom V Flip မှာ 6.75” Foldable AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး FHD+ Resolution ရှိပါတယ်။ 144Hz Refresh Rate ထောက်ပံ့ထားမှာပါ။ ကာဗာမျက်နှာပြင်ဟာ 466x466p Resolution ရှိမှာပါ။ လုံခြုံရေးအတွက် ဘေးဘက်လက်ဗွေရာ ကိရိယာ ပါလာမှာပါ။

Tecno Phantom V Flip specs appear on Google Play Console

အရှေ့ဘက်မှာ 32MP ကင်မရာနဲ့ အနောက်ဘက်မှာ 64MP Main , 13MP Ultrawide ကင်မရာတွေ တပ်ဆင်ထားမှာပါ။ Android 13 အခြေပြု HiOS 13 ထည့်ထားမှာပါ။

Dimensity 8050 Chip မောင်းနှင်ထားပြီး 8GB RAM နဲ့ 256GB Storage ပါလာမှာပါ။ 4,000mAh Battery နဲ့ 66W Fast Charging ထည့်သွင်းထားမှာပါ။

Ref : gizmochina