Tecno က ဂိမ်း အသားပေး Pova 5 Pro ကို အင်ဒိုနီးရှားမှာ ကြေညာလိုက်ပြီး ထူးခြားတာက အနောက်ဘက်မှာ RGB LED Strip ထည့်သွင်းထားတာပါ။

Tecno Pova 5 Pro

6.78” FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ပါတဲ့အတွက် ဂိမ်းကစားရင် ချောမွတ်မြန်ဆန်ပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP Main နဲ့ AI Lens ထည့်ထားပါတယ်။

Tecno Pova 5 Pro

Dimensity 6080 Chipset မောင်းနှင်ထားပြီး 8GB RAM အပြင် 8GB Virtual RAM ပါပါတယ်။ 256GB Storage ထည့်ထားပြီး 68W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။ Android 13 အခြေပြု HiOS 13 မောင်းနှင်ထားပါတယ်။ အပူချိန်လျှော့ချပေးဖို့ 12,979mm² Heat Dissipation Area ပါတဲ့ 2,820mm² Vapor Chamber ထည့်ထားပါတယ်။

ထူးခြားတာက အနောက်ဘက်မှာ RGB LED Strip ပါလာပြီး ဂိမ်းကစားနေချိန်၊ အားသွင်းနေချိန်နဲ့ Notification ဝင်လာချိန်မှာ မတူညီတဲ့ အရောင်တွေ ပြသပေးနိုင်ပါတယ်။ စတီရီယို စပီကာ ၂ လုံးနဲ့ Tactile Feedback ပိုကောင်းစေတဲ့ Z-axis Linear Motor ထည့်ထားပါတယ်။

Tecno Pova 5 Pro ကို အင်ဒိုနီးရှားမှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ၁၉၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Dark Illusion နဲ့ Silver Fantasy အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina