Tecno က Tecno Spark 10C, Spark 10 5G နဲ့ Spark 10 Pro တို့ကို ကြေညာပြီးနောက်မှာ Tecno Spark 10 4G ကို မိတ်ဆက်လိုက်ပါတယ်။ Tecno Spark 10 4G မှာ 6.6 Inch IPS LCD HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အရှေ့ဘက်မှာ 8MP ကင်မရာနဲ့ LED Flash တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP Main , 50MP AI Lens ကင်မရာတွေနဲ့ LED Flash ထည့်သွင်းထားပါတယ်။

Tecno Spark 10 4G

MediaTek Helio G37 Chipset မောင်းနှင်ထားပြီး 4GB / 8GB RAM ပါပါတယ်။ 18W Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပြီး Android 13 အခြေပြု HiOS 12 မောင်းနှင်ထားပါတယ်။

Tecno Mobile Logo PNG vector in SVG, PDF, AI, CDR format

128GB Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။ လုံခြုံရေးအတွက် AI Face Unlock နဲ့ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။ Dual SIM , 4G VoLTE, WiFi 802.11ac, Bluetooth 5.0 နဲ့ နားကြပ်ပေါက် ထည့်သွင်းထားပါတယ်။

Tecno Spark 10 4G ကို ဖိလစ်ပိုင်မှာ ဒေါ်လာ ၉၀ ဝန်းကျင်နဲ့ ရောင်းချမှာ ဖြစ်ပြီး တခြား အာရှ နိုင်ငံတွေနဲ့ အာဖရိကမှာလည်း ရောင်းချနိုင်ပါတယ်။ Meta Black , Meta Blue နဲ့ Meta Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina