Tesla က Supplier တွေကို ပေးပို့တဲ့ သတင်းအချက်အလက်တွေအရ ၁ နှစ်ကို Cybertruck အစီးရေ ၃၇၅,၀၀၀ ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ Cybertruck ဟာ လူပြောအများဆုံး လျှပ်စစ် ထရပ်ကား ဖြစ်နေပါတယ်။ ကြိုတင်မှာယူထားသူ ၁.၅ သန်းလောက် ရှိပြီး လူတွေက ရောင်းချမယ့် အချိန်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

Tesla Cybertruck pilot production line

Tesla ရဲ့ တရားဝင် ပြောကြားချက်တွေအရ ကွာတား ၃ အကုန်လောက်မှာ ရောင်းချနိုင်ပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်မှာ ဖြစ်နိုင်ပါတယ်။

မကြာခင်က CEO Elon Musk ဟာ နှစ်စဉ် ရှယ်ယာရှင် အစည်းအဝေးမှာ Cybertruck ထုတ်လုပ်မယ့် ပမာဏကို ပြောခဲ့ပါတယ်။ သူက ၁ နှစ်ကို အစီးရေ ၂၅၀,၀၀၀ လောက် ထုတ်မယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူက ၁ နှစ်ကို ၂၅၀,၀၀၀ ကနေ ၅၀၀,၀၀၀ အကြား ဖြစ်နိုင်တယ်လို့ ထပ်လောင်းပြောပါတယ်။

Explainer: Tesla's legal troubles: what's next after $3 million race bias  verdict? | Reuters

အခုတော့ Tesla က Supplier တွေထံ ပေးပို့တဲ့ သတင်းစကားတွေ ပေါက်ကြားလာပြီး Tesla ဟာ ၁ နှစ်ကို အစီးရေ ၃၇၅,၀၀၀ ထုတ်လုပ်ဖို့ Supplier တွေကို ညွှန်ကြားထားပါတယ်။ ဒါဟာ ရှယ်ယာရှင် အစည်းအဝေးမှာ Musk ပြောခဲ့တဲ့ ပမာဏထက် ပိုမိုများပြားနေပါတယ်။ Tesla က Cybertruck စီမံကိန်းကို “Project Everest” လို့ အမည်ပေးထားတဲ့ အကြောင်း ကုမ္ပဏီတွင်းနဲ့ Supplier တွေကို အသိပေးထားပါတယ်။

Ref : electrek