လျှပ်စစ်ကားတွေကို လူကြိုက်ပိုများလာကြပြီး ဈေးနှုန်းလည်း ချိုသာလာပါပြီ။ ကမ္ဘာကြီးဟာ လျှပ်စစ်ကားတွေကို ပြောင်းလဲ အသုံးပြုမှုဟာ ထင်ထားတာထက် ပိုများလာပါတယ်။ ၂၀၂၃ ခုနှစ်မှာ Tesla ဟာ ပြိုင်ဖက် ကားကုမ္ပဏီ ၁၈ ခုပေါင်းထက် လျှပ်စစ်ကား ရောင်းအားပိုကောင်းပါတယ်။

Tesla ဟာ အမေရိကန် လျှပ်စစ်ကား ဈေးကွက်မှာ ဘုရင်ဖြစ်နေတုန်းပါပဲ။ ၂၀၂၃ ခုနှစ် ကွာတား ၁ ဖြစ်တဲ့ ပထမ ၃ လမှာ Tesla ဟာ Hyundai , Audi, BMW, Volvo နဲ့ Nissan တို့လို ပြိုင်ဖက် ကား ကုမ္ပဏီ ၁၈ ခုပေါင်းထက် လျှပ်စစ်ကား ရောင်းအား ပိုများပါတယ်။

Tesla ရဲ့ ရောင်းအားဟာ အရင်နှစ်ကထက် ၇၉ ရာခိုင်နှုန်း ပိုများလာပြီး ကားအစီးရေ ၁၈၄,၈၀၀ ရောင်းချနိုင်ခဲ့ပါတယ်။ လျှပ်စစ်ကား ဈေးကွက်က ၇၄ ရာခိုင်နှုန်း မြင့်မားခဲ့ပါတယ်။ အမေရိကန်မှာ ကွာတား ၁ အတွင်း ရောင်းအား အကောင်းဆုံး လျှပ်စစ်ကားက Model Y ဖြစ်ပြီး Model 3 က ဒုတိယ ရောင်းအား အကောင်းဆုံး ဖြစ်ပါတယ်။ အဲဒီ ကား မော်ဒယ် ၂ ခုဟာ Tesla ရောင်းအားရဲ့ ထက်ဝက်ကျော် ရှိပါတယ်။

Tesla electric car sales in Q1 beat 18 competitors Gizchina.com

အမေရိကန် လျှပ်စစ်ကားဈေးကွက် ကြီးထွားလာတာဟာ အစိုးရရဲ့ မက်လုံးပေးမှု၊ ဝယ်လိုအားများမှုနဲ့ လျှပ်စစ်ကား မော်ဒယ်တွေ များပြားလာမှု အပါအဝင် အကြောင်းအရင်းများစွာကြောင့် ဖြစ်ပါတယ်။ အမေရိကန် အစိုးရဟာ လျှပ်စစ်ကား ဝယ်ရင် ဒေါ်လာ ၇,၅၀၀ အထိ အခွန်လျှော့ချပေးထားပြီး ပြည်နယ်များစွာမှာလည်း တခြား မက်လုံးပေးထားတာတွေ ရှိပါတယ်။

လျှပ်စစ်ကားတွေဟာ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု မရှိတဲ့အတွက် လေထုညစ်ညမ်းမှုနဲ့ ဖန်လုံအိမ်အာနိသင် ဓါတ်ငွေ့ကို လျှော့ချပေးပါတယ်။ Tesla ဟာ အမေရိကန်မှာ ရောင်းအား အကောင်းဆုံး ဖြစ်နေပေမယ့် တစ်ကမ္ဘာလုံးမှာတော့ တရုတ်က BYD က ရောင်းအား အကောင်းဆုံး ဖြစ်နေပါတယ်။

Ref : gizmochina