Elon Musk ရဲ့ Tesla ဟာ Megapack လို့ ခေါ်တဲ့ အရွယ်ကြီး ဘက်ထရီ ၄ လုံးကို တက္ကဆပ်ရှိ Bitcoin Mining စက်ရုံကို ပေးပို့လိုက်ပါတယ်။ Tesla ဟာ Blockstream , တွစ်တာတည်ထောင်သူ Jack Dorsey ရဲ့ Blocks တို့နဲ့ ပူးပေါင်းကာ အခု စီမံကိန်းကို ပြုလုပ်နေတာ ဖြစ်ပါတယ်။

Bitcoin လို Cryptocurrency တွေဟာ Transaction အားလုံးရဲ့ မှတ်တမ်းတွေကို သိမ်းဆည်းဖို့ Public Ledger ကို မှီခိုနေရပါတယ်။ Ledger မှာ Transaction ၁ ခုကို အတည်ပြုဖို့အတွက် Hash လို့ခေါ်တဲ့ Key ၁ ခုလိုအပ်ပါတယ်။ အဲဒီ Key ကို ထုတ်လုပ်ဖို့အတွက် ရှုပ်ထွေးတဲ့ သင်္ချာ ပြဿနာတွေကို ဖြေရှင်းရပါတယ်။

Tesla's advanced batteries to power its first Bitcoin mining facility

Transaction ကို အတည်ပြုပေးတာကို Mining လို့ ခေါ်ပြီး အဲဒီလိုလုပ်ပေးတဲ့ လူတွေကို လုပ်အားခ အဖြစ် System က Bitcoin တွေ ပေးပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း Bitcoin Transaction တွေဟာ အရမ်းများပြားခဲ့တဲ့အတွက် Mining လုပ်ရတာ ပိုမို ရှုပ်ထွေးလာသလို ကွန်ပြူတာ စွမ်းအင်များစွာ လိုအပ်လာပါတယ်။

Bitcoin ဈေးနှုန်းတွေဟာ အရမ်းကို မြင့်မားလာတဲ့အတွက် Mining လုပ်တာဟာ အရမ်းကို အကျိုးအမြတ်များလာပြီး Mining လုပ်တဲ့ လူများစွာကို စွဲဆောင်လာကြပါတယ်။ ဒါပေမယ့် Bitcoin တူးရာမှာ သုံးရတဲ့ လျှပ်စစ် စွမ်းအင် အများစုကို လောင်စာဆီကနေ ထုတ်လုပ်ကြရတဲ့အတွက် Mining လုပ်တာဟာ သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေတဲ့ စိုးရမ်မှုတွေလည်း ရှိနေပါတယ်။

Ref : interestingengineering