iPhone 12 Series ရဲ့ Pro မော်ဒယ်တွေမှာ ProRAW နဲ့ LiDAR Sensor အပါအဝင် ကင်မရာ အပိုင်းမှာ တိုးတက်မှုများစွာ ပါလာပါတယ်။ ဒါပေမယ့် အားလုံးခြုံကြည့်ရင် ဓါတ်ပုံ အရည်အသွေးအပိုင်းဟာ iPhone 11 က iPhone Xs ထက် အများကြီးသာလွန်သလိုမျိုး iPhone 12 မှာ တိုးတက်လာတာမဟုတ်ပါဘူး။

iPhone 13 Release Date, Price, Design & Specs Rumours

ဒီနှစ်မှာတော့ Apple ဟာ ကင်မရာတွေကို အများကြီးတိုးတက်အောင် ပြုလုပ်လာနိုင်ပြီး Ultrawide-Angel Sensor မှာ Autofocus ကို မိတ်ဆက်တော့မယ်လို့ သတင်းထွက်လာပါတယ်။ Apple အရေး လေ့လာဆန်းစစ်သူ Ming-Chi Kuo က Apple ဟာ ဒီနှစ်ထုတ်မယ့် Pro မော်ဒယ်တွေမှာ ဒီနည်းပညာကို ထည့်သွင်းထားမှာဖြစ်သလို ၂၀၂၂ မှာတော့ Pro မဟုတ်တဲ့ မော်ဒယ်တွေမှာပါ ရလာကြမှာပါလို့ ပြောပါတယ်။

New Apple Leak Reveals iPhone 13 Design Shock

လက်ရှိ Pro မော်ဒယ်တွေရဲ့ Wide-angle Lens နဲ့ Telephoto Lens တွေမှာ Autofocus လုပ်ဆောင်ချက် ထည့်ထားတဲ့အတွက် Single Object တွေကို အဓိကထားရိုက်ရင် မိုက်ပါတယ်။ အခုတော့ Ultrawide Lens မှာပါ ပါလာတော့မယ့်အတွက် မြင်ကွင်းကျယ် ရှုခင်းပုံတွေရိုက်ရင် ပိုလန်းတော့မှာပါ။

Kuo က Ultrawide Lens မှာ ဟာ့ဒ်ဝဲကို အဆင့်မြှင့်ထားမှာ ဖြစ်ပြီး Five Element အစား Six Element ကို သုံးထားမယ်လို့ ပြောပါတယ်။ အဲဒီအတွက် Ultrawide Mode နဲ့ Low Light ဓါတ်ပုံတွေရိုက်ရင် ပိုမိုက်လာမှာပါ။

iPhone 13 Series တွေကို တရားဝင် ကြေညာဖို့ လများစွာ လိုသေးပေမယ့် ပေါက်ကြားသတင်းတွေ စတင်ထွက်ပေါ်နေပါပြီ။ iPhone 13 Series မှာ ဘက်ထရီတွေ အရွယ်ပိုကြီးလာပြီး 120Hz Refresh Rate မျက်နှာပြင်ပါလာမယ်လို့ သတင်းထွက်နေပါတယ်။

ref : tnw