ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ Cryptocurrency ကို အနာဂတ်မှာ တရားဝင် လက်ခံမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလက ပြောကြားခဲ့ပါတယ်။ အခုတော့ ရုရှား ခေါင်းဆောင်က သူ့ စကားအတိုင်း အကောင်အထည် ဖော်ပေးလိုက်ပြီ ဖြစ်ပြီး ရုရှား အစိုးရက Cryptocurrency ကို ဥပဒေနဲ့ အညီလက်ခံပေးဖို့ ဗဟိုဘဏ်နဲ့ သဘောတူညီမှုရခဲ့ပြီလို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။ ရုရှား အစိုးရနဲ့ ဗဟိုဘဏ်ဟာ ဥပဒေ မူကြမ်းကို ပြင်ဆင်နေပြီး ဒီလ ၁၈ ရက်နေ့မှာ တရားဝင် ပြဌာန်းတော့မှာပါ။

Russia to introduce strategies for crypto regulation by February 11 | Finbold

လက်ရှိ ရုရှားမှာ ဥပဒေအရ လည်ပတ်ဖို့အတွက် Cryptocurrency ကို ဘဏ်စနစ် သို့မဟုတ် လိုင်စင်ရထားတဲ့ အဖွဲ့အစည်းတွေကနေ အစစ်ဆေးခံကြရပါတယ်။ Bitcoin ပေးချေမှုကို ရုရှားမှာ မပိတ်ပင်ထားပေမယ့် လိုင်စင် ရထားတဲ့ ဘဏ်ကနေတစ်ဆင့် ပြုလုပ်ကြရတာပါ။

Russia to View Bitcoin as a Foreign Currency

ဥပဒေ အသစ်အရ ရူဘယ် ၆၀၀,၀၀၀ ကျော်တဲ့ Cryptocurrency လွှဲပြောင်းမှုကို Federal Taxation Service ထံ အသိပေးကြေညာရမှာ ဖြစ်ပါတယ်။ အရင်က ရုရှားဟာ တရားမဝင် Cryptocurrency Mining လုပ်တာတွေကို စုံစမ်းထောက်လှမ်းခဲ့ပြီး ဗဟိုဘဏ်က Cryptocurrency Mining လုပ်တာနဲ့ လွှဲပြောင်းတာကို ဥပဒေနဲ့ ပိတ်ပင်ဖို့ အဆိုပြုခဲ့ပါသေးတယ်။

ရုရှား သတင်းစာ Kommersant က ဥပဒေ အသစ်အရ Cryptocurrency ကို နိုင်ငံခြားငွေကြေးလို ဥပဒေ ပြဌာန်းပေးမှာ ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက် သို့မဟုတ် ၂၀၂၃ ခုနှစ် အစောပိုင်းမှာ အသက်ဝင်လာမယ်လို့ ပြောပါတယ်။

Ref : interestingengineering