NFT လို့ ခေါ်ဆိုတဲ့ Non-fungible Token တွေဟာ အခုနောက်ပိုင်းမှာ နည်းပညာပိုင်းကုမ္ပဏီတွေတင်မဟုတ်ဘဲ တခြားသော Industry တွေကိုပါ ဝင်ရောက်နေပြီဖြစ်ပါတယ်။ အခုလည်း UK နိုင်ငံကပါ တရားဝင်အနေနဲ့ NFT တွေကို လက်ခံသွားတော့မှာဖြစ်ပါတယ်။

ဒါကိုတော့ UK ရဲ့ Chancellor of the Exchequer အဖြစ်တာဝန်ယူထားတဲ့ Rishi Sunak ကနေ တရားဝင်ပြောကြားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ပြောကြားချက်အရ UK နိုင်ငံရဲ့ Royal Mint ဟာ ယခုနှစ် နွေရာသီမှာ တရားဝင် NFT ကို မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ ဒါက UK နိုင်ငံအနေနဲ့ လက်ရှိခေတ်စားနေတဲ့ NFT အပြင် Cryptocurrency ပိုင်းကိုပါ ဦးဆောင်ပါဝင်သွားမယ်ဆိုတဲ့အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

UK အစိုးရဟာ အခုလိုမျိုး နည်းပညာတွေကို ကြိုဆိုတဲ့ Dynamic Regulatory Landscape တစ်ခုကို ဖန်တီးဖို့စီစဥ်နေတာဖြစ်ပါတယ်။ ဒါကြောင့်နောက်ပိုင်းမှာ Stablecoin တွေကို နိုင်ငံရဲ့ Payment Infrastructure တစ်ခုအနေနဲ့ လက်ခံသွားဖို့အထိ စီစဥ်နေပြီဖြစ်သလို နောက်ပိုင်းမှာ Decentralized Autonomous Organization (DAOs) တွေကိုပါ ဥပဒေနည်းလမ်းအရ ထိန်းသိမ်းဖို့ ရည်ရွယ်ထားတယ်လို့ သိပါတယ်။

ဘာပဲဖြစ်ဖြစ် UK အစိုးရက ပြုလုပ်တဲ့ Royal Mint NFT ဟာ ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကိုတော့ အတိအကျမသိရသေးဘဲ လက်ရှိ NFT တွေနဲ့ ပတ်သက်ပြီး ကြုံတွေ့နေရတဲ့ Scam ပြုလုပ်မှုတွေ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ စတဲ့ပြဿနာတွေကို ဘယ်လိုမျိုးဖြေရှင်းမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – Engadget