Wikipedia ကို တည်ထောင်ထားတဲ့ Wikimedia Foundation (WMF) က Cryptocurrency နဲ့ အလှူငွေလက်ခံတာကို ရပ်နားလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ WMF က “ Cryptocurrency နဲ့ အလှူငွေ လက်မခံတော့ပါဘူး။ Bitpay အကောင့်ကိုလည်း ပိတ်မှာ ဖြစ်ပြီး အနာဂတ်မှာ Crypto နဲ့ လှူဒါန်းလို့ မရတော့ပါဘူး။ “ လို့ ပြောပါတယ်။

အဖွဲ့ဝင် ၄၀၀ နီးပါးရှိတဲ့ WMF Community ဟာ ကာလရှည်ကြာ ဆွေးနွေးမှုပြုလုပ်ပြီးနောက်မှာ အများစုက Crypto နဲ့ အလှူငွေလက်မခံဖို့ မဲပေးခဲ့ကြပါတယ်။ Bitcoin ကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်ဆီးမှာကို စိုးရိမ်တာက အဓိက အကြောင်းပြချက် ဖြစ်ပြီး လိမ်လည်မှုတွေကိုလည်း ကြောက်ကြတဲ့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် WMF ဟာ တခြား အလှူငွေ ရရှိတဲ့ နည်းလမ်းတွေနဲ့ ယှဉ်ရင် Crypto နဲ့ ရရှိတဲ့ ပမာဏဟာ အလွန်ကို နည်းပါးလို့ ဖြစ်ပါတယ်။ WMF က ၂၀၂၁ ခုနှစ်မှာ Crypto နဲ့ အလှူငွေ ရရှိတာဟာ ဒေါ်လာ ၁၃၀,၁၀၀.၉၄ ဒေါ်လာဖိုးပဲရှိပြီး စုစုပေါင်း အလှူငွေရဲ့ ၀.၀၈ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ပြောပါတယ်။ Community ရဲ့ မဲပေးမှုပြီးနောက်မှာ WMF ဟာ ဆွေးနွေးမှု ပြုလုပ်ပြီး Cryptocurrency နဲ့ အလှူငွေ လက်ခံတာကို ရပ်နားဖို့ ဆုံးဖြတ်လိုက်တာပါ။

The Wikimedia Foundation has stopped accepting cryptocurrency donations - The Verge

WMF ဟာ ၂၀၁၄ ခုနှစ်မှာ Bitcoin , Bitcoin Cash , Ether နဲ့ အလှူငွေ လက်ခံမှု စတင်ခဲ့ပေမယ့် ပြဿနာ အနည်းငယ်ကြောင့် အဲဒီ မူဝါဒကို ပြန်လည်သုံးသပ်ဖို့ လိုအပ်လာခဲ့ပါတယ်။ ကာလရှည်ကြာ Wikipedia အယ်ဒီတာနဲ့ Web3 is Going Just Great ဖန်တီးသူ Molly White က Cryptocurrency နဲ့ အလှူငွေလက်ခံတာကို ရပ်နားဖို့ WMF ကို ဇန်နဝါရီလက အဆိုတင်သွင်းခဲ့ပါတယ်။ သူက သဘာဝ ပတ်ဝန်းကျင်ကို မပျက်ဆီးစေချင်တဲ့ အဖွဲ့အစည်းရဲ့ မူဝါဒနဲ့ မကိုက်ညီဘူးလို့ အကြောင်းပြပါတယ်။

White က Crypto နယ်ပယ်ကနေ နောက်ဆုတ်သွားတဲ့ Mozilla ရဲ့ မူဝါဒ ပြောင်းလဲမှုကို ဥပမာပေးပါတယ်။ Mozilla ဟာ User, Developer နဲ့ တည်ထောင်သူ ၁ ယောက် ဖြစ်တဲ့ Jamie Zawinski တို့ရဲ့ ဝေဖန်ကန့်ကွက်မှုတွေကြောင့် ဧပြီလမှာ Crypto နဲ့ အလှူငွေ လက်ခံတာကို ရပ်နားခဲ့ပါတယ်။

Ref : theverge