OnePlus ဟာ အရင်က စွမ်းရည်မြင့် ဖုန်းတွေပဲ ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာတော့ တန်ဖိုးနည်း ဖုန်း နယ်ပယ်ထဲကို နယ်ချဲ့လာခဲ့ကာ OnePlus Nord 5G , N10 5G , N100 4G တို့ကို ကြေညာခဲ့ပါတယ်။ အခုတော့ ၂၀၂၁ ခုနှစ်မှာ ရောင်းမယ့် Nord Series ဖုန်း အသစ် ၁ လုံးရဲ့ သတင်းထွက်လာပါတယ်။ နာမည်ကျော် Tipster ၁ ယောက်ဖြစ်တဲ့ Max Jambor က အဲဒီဖုန်းဟာ Nord N10 5G ရဲ့မျိုးဆက်သစ် Nord N1 5G လို့ ပြောပါတယ်။

သူက OnePlus ဟာ ၂၀၂၁ ခုနှစ်မှာ Nord Series ဖုန်း အသစ် ၁ လုံးကို ကြေညာမယ်လို့ အရင်ကတည်းက သတင်းပေးထားခဲ့တာပါ။ မူလမျိုးဆက် Nord ကို ဥရောပ၊ အိန္ဒိယနဲ့ Nord N10 5G , N100 4G ကို ဥရောပ၊ မြောက်အမေရိကနဲ့ စင်ကာပူလို အာရှနိုင်ငံတွေမှာ ကြေညာခဲ့ပါတယ်။ N1 5G ကိုတော့ ဥရောပ၊ မြောက်အမေရိက၊ စင်ကာပူတို့မှာ ရောင်းနိုင်ပါတယ်။

With OnePlus Nord, OnePlus has successfully pulled an Apple; here's how -  The Financial Express

OnePlus ဟာ Nord Series စမတ်ဖုန်းတွေကို နိုင်ငံတချို့အတွက် ရည်ရွယ်ရောင်းချထားတာ ဖြစ်ပါတယ်။ တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ Nord Brand ကို ဖန်တီးထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ Nord N1 5G ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ N10 ကို ကြေညာထားတာ ၃ လလောက်ပဲရှိသေးတဲ့အတွက် လနည်းနည်းကြာပြီးမှ N1 5G ကို  ကြေညာနိုင်တယ်လို့ Max က သတင်းပေးထားပါတယ်။

OnePlus ဟာ စွမ်းရည်မြင့် 9 Series တွေကို မတ်လလယ်လောက်မှာ ကြေညာမယ်လို့ သတင်းထွက်နေပြီး ဒီနှစ်မှာ ထူးခြားတာက OnePlus 9 နဲ့ 9 Pro အပြင် 9 Lite ပါ ပါလာမှာပါ။

Ref : gizmochina