၂၀၂၃ ခုနှစ် ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေဇွန်လအတွင်း ရောင်းအား အကောင်းဆုံး လျှပ်စစ်ကား ကုမ္ပဏီက Tesla ဖြစ်ပြီး BYD က နံပါတ် ၂ နေရာက လိုက်နေပါတယ်။ အဲဒီကွာတားမှာ လျှပ်စစ်ကား ၂.၁၅ သန်းကျော်ရောင်းချနိုင်ခဲ့ပြီး အရင်နှစ်ကထက် ၄၀ ရာခိုင်နှုန်းနီးပါး ပိုများလာပါတယ်။

BYD-North-America-EV

Tesla က ကွာတား ၂ မှာ လျှပ်စစ်ကား အစီးရေ ၄၆၆,၀၀၀ ရောင်းချနိုင်ခဲ့ပြီး လျှပ်စစ်ကား ဈေးကွက်မှာ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဈေးကွက်ဝေစု ၂၁.၇ ရာခိုင်နှုန်းရခဲ့ပါတယ်။ တရုတ် လျှပ်စစ်ကား ကုမ္ပဏီ BYD က လျှပ်စစ်ကား အစီးရေ ၃၅၂,၀၀၀ ရောင်းချနိုင်ခဲ့ပြီး အရင်နှစ်ကထက် ၉၅ ရာခိုင်နှုန်းတိုးတက်လာပါတယ်။ ဈေးကွက်ဝေစု ၁၆.၂ ရာခိုင်နှုန်းကို BYD က သိမ်းပိုက်ခဲ့ပါတယ်။

နံပါတ် ၃ နေရာကို GAC Aion က ရထားပြီး ဈေးကွက်ဝေစု ၆ ရာခိုင်နှုန်း ရခဲ့ပါတယ်။ တရုတ်ရဲ့ Guangzhou Automobile Corporation (GAC) ရဲ့ လျှပ်စစ်ကား Sub-brand အဖြစ် Aion ကို ၂၀၁၈ ခုနှစ်က မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Aion ဟာ တန်ဖိုးနည်းပြီး အရည်အသွေးမြင့်တဲ့ လျှပ်စစ်ကားတွေကို ရောင်းချခြင်းဖြင့် တရုတ်မှာ အောင်မြင်လာတာပါ။

Volkswagen က နံပါတ် ၄ နေရာကို ရထားပြီး ဈေးကွက်ဝေစု ၄.၇ ရာခိုင်နှုန်း ရခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်ရဲ့ ရောင်းအား အကောင်းဆုံး လျှပ်စစ်ကား ကုမ္ပဏီတွေနဲ့ ဈေးကွက်ဝေစုတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

Ref : electrek