ယခုနှစ်အစောပိုင်းတုန်းက Twitter ကနေ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ Private User Data တွေဟာ API ချို့ယွင်းမှုတစ်ခုကနေ ခိုးယူခံလိုက်ရတယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့ပါတယ်။ အခုလိုမျိုး ခိုးယူခံရမှုဟာ အသုံးပြုသူပေါင်း ၅.၄ သန်းကျော်အထိ သက်ရောက်ခဲ့ပေမယ့် Twitter ကုမ္ပဏီဘက်ကနေ ခိုးယူမှုအတွက် လုံလောက်တဲ့သက်သေမရှိဘူးဆိုပြီး ငြင်းဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ အဆိုပါ ခိုးယူခံလိုက်ရတဲ့ အသုံးပြုသူတွေရဲ့ အချက်အလက် Data တွေဟာ Hacker Form တစ်ခုမှာ ဖော်ပြခံရခဲ့တယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Twitter ကနေ Suspend ပြုလုပ်ထားတဲ့ Profile ပေါင်း ၁.၄ သန်းကျော်ကလည်း Data ပေါက်ကြားမှုတွေ၊ ခိုးယူခံရမှုတွေ ပြုလုပ်ခံခဲ့ရပါတယ်။

အခုသတင်းကို BleepingComputer ကနေ ဖော်ပြခဲ့တာဖြစ်ပြီး နောက်ထပ် အသုံးပြုသူ သန်းနဲ့ချီပြီး အလားတူ API ချို့ယွင်းမှုကနေ အချက်အလက်တွေခိုးယူခံရတာမျိုး ဖြစ်နိုင်တယ်လို့ သိရပါတယ်။ အခုလိုမျိုး ခိုးယူမှုတွေဟာ ပုံမှန် Public အနေနဲ့ဖော်ပြထားတဲ့ အချက်အလက်တွေအပြင် ဖုန်းနံပါတ်လိုမျိုး ကိုယ်ရေးအချက်အလက်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ BleedingComputer ရဲ့ ပြောကြားချက်အရတော့ Twitter ကနေတစ်ဆင့် သတင်းအချက်အလက်ပေါင်း ၁၇ သန်းကျော် ခိုးယူခံထားရဖွယ်ရှိနေပါတယ်။

လောလောဆယ်မှာတော့ Twitter အသုံးပြုသူတွေအပေါ်မှာ အခုသတင်းက ကြီးမားတဲ့သက်ရောက်မှုမရှိသေးပေမယ့် ကိုယ့် Account ရဲ့ အချက်အလက်တွေဟာ ခိုးယူခံရနိုင်တာကြောင့် ကိုယ်မသိတဲ့ Message တွေကို ဂရုစိုက်ဖို့၊​ 2-Factor Authentication အသုံးပြုဖို့ လိုအပ်ပါတယ်။

Ref – Engadget