Twitter ဟာ Facebook လိုမျိုးပဲ လူသုံးများတဲ့ Social Media Platform တစ်ခုဖြစ်ပြီး အခုအချိန်မှာလည်း iOS မှာတခြားသော App တွေမှာ ရရှိခြင်းမရှိသေးတဲ့ Feature တစ်ခုကို Update ပြုလုပ်ပေးတော့မှာဖြစ်ပါတယ်။ ဒါကတော့ iOS Home Screen ပေါ်မှာ Twitter App Icon ကို ကိုယ့်စိတ်ကြိုက်ပြောင်းလဲနိုင်ဖို့အတွက် Option ပေးသွားမှာပဲဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Twitter ကနေ Default Icon အပြင်စုစုပေါင်း Icon ၄ ခုအထိ စမ်းသပ်နေတယ်လို့ သိရပါတယ်။ အဆိုပါ Icon Design အသစ်တွေနဲ့ ပတ်သက်ပြီးတော့ အသုံးပြုသူတွေကို စစ်တမ်းကောက်နေတယ်လို့ သိရပါတယ်။

 

iOS အပြင် iPad OS မှာ App Icon တွေကိုပုံစံတစ်ခုထဲအစား Collection တစ်ခုအနေနဲ့ ရွေးချယ်နိုင်ခွင့်ပေးထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း Twitter အနေနဲ့ အသုံးပြုသူတွေစိတ်ကြိုက် App Icon ကို ရွေးချယ်ခွင့်ပေးဖို့ စမ်းသပ်နေတာဖြစ်နိုင်ပြီးတော့ Android OS မှာပါ ရရှိဖို့ကတော့ ခက်ခဲဦးမှာပါ။

ဒါတင်မဟုတ်သေးဘဲ Twitter ကနေ Application ထဲကို ဝင်ရောက်လိုက်တာနဲ့ မြင်ရတဲ့ Splash Screen ကိုပါ စိတ်ကြိုက်ပြင်ဆင်နိုင်ခွင့်ပေးသွားဦးမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်မှာ Twitter အနေနဲ့ Security ပိုင်းတိုက်ခိုက်ခံရမှုတွေခံနေရတဲ့အတွက် ဘယ်အချိန်မှအဆိုပါ Feature အသစ်တွေကို တရားဝင်အသုံးပြုနိုင်မလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Ref – 9to5Mac