ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံနေတဲ့ ယူကရိန်းဟာ Crypto ကုမ္ပဏီတွေ ဖြစ်တဲ့ FTX နဲ့ Everstake တို့နဲ့ပူးပေါင်းကာ Cryptocurrency အလှူခံမယ့် ဝက်ဘ်ဆိုက် ၁ ခုကို ပြီးခဲ့တဲ့ တနင်္လာနေ့က တည်ထောင်လိုက်ပါတယ်။ “Aid for Ukraine” ဝက်ဘ်ဆိုက်မှာ Bitcoin , Ether, Tether နဲ့ Dogecoin အပါအဝင် Cryptocurrency ၁၀ မျိုးကို လှူဒါန်းနိုင်ပါတယ်။

Crypto Going Global Bitcoin Legalized In Ukraine

ယူကရိန်းရဲ့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး ဝန်ကြီး Oleksandre Borniakov က “ Cryptocurrency ဟာ ယူကရိန်းရဲ့ ကာကွယ်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ယူကရိန်း ပြည်သူတွေနဲ့ စစ်သားတွေကို ကူညီထောက်ပံ့ပေးဖို့ Cryptocurrency ဟာ အရမ်းကို တန်ဖိုးကြီးမားပါတယ်။ “ လို့ ပြောပါတယ်။

Breaking: Major Crypto Exchanges Respond To Ukraine's Call To Ban Crypto For Russians

ယူကရိန်းရဲ့ အကြီးမားဆုံး Crypto ကုမ္ပဏီတွေထဲက ၁ ခု ဖြစ်တဲ့ Everstake ဟာ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာတွေ အပြင် တခြား Cryptocurrency တွေကိုပါ အလှူငွေ အဖြစ် လက်ခံမှာပါ။ အနာဂတ်မှာ Non-fungible Token (NFT) တွေကိုပါ လက်ခံဖို့ စီစဉ်ထားပါတယ်။

အမေရိကန် ဘီလီယမ်နာ Sam Bankman-Fried တည်ထောင်ထားတဲ့ ဘဟားမား အခြေစိုက် FTX ဟာ ရရှိလာတဲ့ အလှူငွေတွေကို ဒေါ်လာ အဖြစ် ပြောင်းကာ ယူကရိန်း ဘဏ်ကို လွှဲပြောင်းပေးမှာပါ။

“Aid for Ukraine” ဝက်ဘ်ဆိုက်က Tracker အရ အင်္ဂါနေ့ နံနက် ၉ နာရီခွဲ အချိန်အထိ အလှူငွေ ဒေါ်လာ ၄၉ သန်းနီးပါး ရရှိနေပြီ ဖြစ်ပြီး ရည်မှန်းချက် အဖြစ် ဒေါ်လာ သန်း ၂၀၀ သတ်မှတ်ထားပါတယ်။ အဲဒီ အလှူငွေတွေကို အကူအညီလိုအပ်နေတဲ့ ပြည်သူတွေနဲ့ ယူကရိန်း စစ်တပ်အတွက် အသုံးပြုမှာပါ။

Ref : bangkokpost