Xiaomi ဟာ စျေးသက်သာတဲ့ Redmi ဖုန်းအသစ်ကို မကြာခင်မှာ မိတ်ဆက်ဖို့ စီစဥ်နေပြီဖြစ်ပါတယ်။ အဆိုပါ Redmi ဖုန်းအသစ်ကတော့ Redmi A1 လို့ သိရပြီး A Series အသစ်ဖြစ်လာမှာပါ။

အခုအချိန်မှာတော့ အဆိုပါ Redmi A1 ဖုန်းရဲ့ Official Teaser ဓါတ်ပုံတွေအပြင် Specification တွေပါ ပေါက်ကြားလာပြီဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ဓါတ်ပုံတွေအရ Redmi A1 ဖုန်းဟာ Dual Camera Setup ကို အသုံးပြုထားမှာဖြစ်ပြီး Display ကလည်း Waterdrop Notch ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ အရောင်ကလည်း Pastel Color ပုံစံမျိုးကို အဓိကအသုံးပြုလာမှာဖြစ်ပြီး လောလောဆယ်မှာ အစိမ်းနုရောင် နဲ့ အပြာနုရောင်ဆိုပြီး ၂ မျိုးထွက်ရှိလာခဲ့ပါတယ်။

Specification တွေအနေနဲ့ကတော့ Redmi A1 ဟာ 6.52″ HD+ Display ကို အသုံးပြုထားမှာဖြစ်ပြီး Performance ပိုင်းအနေနဲ့ကတော့ MediaTek Helio A22 Chipset ကို အသုံးပြုထားပါတယ်။ RAM အနေနဲ့ကတော့ LPDDR4X RAM ပါဝင်မှာဖြစ်ပြီး eMMC 5.1 Storage လည်းပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အတိအကျ RAM နဲ့ Storage ကိုတော့ မသိရှိရသေးပါဘူး။

Battery ပိုင်းမှာတော့ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 10W Charging ကို ထောက်ပံ့ထားမှာဖြစ်ပါတယ်။ Camera အနေနဲ့ 8MP Primary Sensor နဲ့ Depth Sensor ပါဝင်တဲ့ Dual Back Camera Setup ပါဝင်မှာဖြစ်ပြီး Front Selfie Camera အနေနဲ့ကတော့ 5MP Sensor ပါဝင်မှာပါ။ Software ပိုင်းမှာတော့ Android 12 OS ကို အသုံးပြုထားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Redmi A1 စမတ်ဖုန်းဟာ Redmi Series ဖုန်းတွေထဲမှာ စျေးနှုန်းအသက်သာဆုံးဖုန်းတစ်လုံးဖြစ်လာနိုင်ပြီး တရုတ်နိုင်ငံစျေးကွက်တင်မဟုတ်ဘဲ တခြားသော နိုင်ငံတွေမှာပါ ရောင်းချသွားမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena